၂၇ မေ ၂၀၁၂ - ၁၉:၃၀

မရ်ဟွမ် ဆရာဦးဖိုးလေး - တောင်ကြီး - ရေးသား သီးကုံး ထားသည့် ဒိုအာယေ နာဒေအလီ ၏ အစွမ်းသတ္တိ မှ စာဖတ် ချစ်ပရိသတ်များ အတွက် အသုံးဝင် တန်ဖိုးရှိမည်ဟု ကျွန်တော်များ အဗ်နာ မှ မျှော်လင့်ပြီး အပိုင်း (၁) အဖြင့် တင်ပြအပ်ပါသည်။

ဘိစ်မိလ္လာ ဟေရ်ရဟ်မာ နေရ်ရဟီးမ်၁။     အင်းနလ္လါးဟါ၊ ဝမလါအေကတဟူး၊ ယိုစွလ်လူးန၊ အလန်းနဘီ၊        ယါအိုင်းယိုဟလ်းလဇီးန၊အာမနူး၊ စွလ်လူးအလိုင်းဟေ၊ ဝစလ်လေမူးတါစ်လီးမါ။အလ္လါဟွမ်းမာစွလ်လေလါ၊ မိုဟမ္မဒင်း၊ ဝဇူးရီးယတေဟီး၊ ဝအလါ၊ အဟ်လေ၊ ဘိုင်းတေဟီး။ အထက်ပါ ဒရူးဒ်ရှရီဖ်ကို ဖွဂျရ်နမါဇ် နှင့် မဂရိဘ်နမါဇ် အပြီး ငြိမ်သက်စွာ ဂျာနမါဇ်ပေါ်တွင် အကြိမ်အနည်းငယ်ဖတ်ပါ၊ လိုရင်းဆန္ဒရှိရာဒိုအာပြုပါ။ ဘိစ်မိလ္လာ ဟေရ်ရဟ်မာ နေရ်ရဟီမ်း။နာဒေအလီယံမဇ်ဟရလ်အဂျာအိဘ်၊ တဂျေဒဟူးအောင်းနန်းလကဖှင်းနဝါအိဘ်၊ ကွလ်လိုဟမ်းမင်းန်၊ ဝဂမ်းမင်းန်၊ စေယန်းဂျလီ၊ ဘေဝေလါယ၊ တေကါ၊ ယါအလီ ယါအလီ ယါအလီ ။ ။အါစ်၊ ရာ၊ ရေ၊ မတ်၊ ကနူနာ အမလ် ဒိုအာစာအုပ်မှကျင့်စဉ်ပေါင်း (လေးဆယ်) ။ ။ ။၁။    ရန်သူများအလယ်၌ ပိတ်မိနေလျှင်၊ ကျော်လွှားနိုင်ရန် မိမိရှိနေသော နေရာမှ မြေတဆုပ်ကို ယူ၍၊ (၇) ကြိမ်ဖတ်ပြီးရန်သူဘက်ပစ်လိုက်ပါ။ ၂။    ရန်အပေါင်းကိုကျော်လွှားနိုင်ရန် နေ့စဉ် (၂၇) ကြိမ် ဖတ်ပါ။ ၃။    ပြုစားထားသောလူမမာအတွက်ရေတွင်းရေကို (၇) ကြိမ် ဖတ်မှုတ်၍ရေချိုးပေးပါ။ ၄။    အဆိပ်သင့်သူအတွက်ကြွေပန်းကန်တချပ်တွင်ဇါဖွရန် အမွှေးအကြိုင်နှင့် ရေး၍ ဒိုအာကို (၂၁)    ကြိမ်ဖတ်မှုတ်၍ ရေကျင်း၍တိုက်ပေးပါ။ ၅။    အပြင်းအထန်မကျန်းမာသူအား ကုသရန် ရေတခွက်ကို (၁၈) ကြိမ်ဒိုအာဖတ်မှုတ်၍ တိုက်ကျွေးပါ။ ၆။    မိမိအိမ်တွင်၊ အကြပ်အတည်း၊ ကြုံကြိုက်နေပါက အကြိမ်ပေါင်း (၁၀၀၀) ဒိုအာဖတ်ပါ၊ ပြီးပြည့်စုံပါမည်။ ၇။    တစ်ဦးဦးက မိမိအား မနာလို၊ ဒေါသဖြစ်နေလျှင် ဒိုအာကို (၇၁) ကြိမ်ဖတ်ပါ။ ၎င်းရှေ့မှောက်သို့သွားသည့်အခါ (၃)ကြိမ်ဖြေးဖြေးဖတ်၍ မိမိကိုယ်ကို မှုတ်ပေးပါ။ အင်ရှာအလ္လာ အေးချမ်းသွားပါမည်။ ၈။    ကိစ္စတစ်ခုခုကို တစ်ဦးတစ်ယောက်အား လွှဲအပ်တာဝန်ပေးရန် ပေါ်ပေါက်လာပါက ၎င်းရှေ့မှောက်တွင် (၃) ကြိမ်ဖတ်ပါ။ ၉။    သောကြာနေ့ နေတက်ချိန်ကါလ၌ (၁၂) ကြိမ်ဒိုအာဖတ်ပါ၊ တွေ့ရှိသူတိုင်း၊ ကြိုဆို ဂုဏ်ပြုလိမ့်မည်။ ၁ဝ။    အများတကာ ဝိုင်းပါယ်ခြင်းခံနေရပါက၊ နံနက်ဖွဂျရ်အချိန် (၄၁) ကြိမ် မိမိကိုယ်ကို ဖတ်မှုတ်ပေးပါ။ ၁၁။    အိပ်မပျော်ခြင်း၊ အိပ်မက်ဆိုးများမက်ခြင်း ပျောက်ကင်းရန်၊ သောကြာဂျွမ်မာနမါဇ် မတိုင်မီ (၂၅) ကြိမ်ဒိုအာဖတ်ပါ။ ၁၂။    စီးပွားရေး နှင့် လုပ်ငန်းများတိုးတက်နိုင်ရန်အတွက်နေ့စဉ် ဖွဂျရ်အချိန်၊ (၁၂) ကြိမ်ဒိုအာဖတ်ပါ။ တွေ့ရှိသူတိုင်း၊ ကြိုဆိုဂုဏ်ပြုလိမ့်မည်။ ၁၃။    ဂုဏ်သိက္ခာ၊ မညိုးနွမ်းရန် အတွက်နေ့စဉ် (၃၁) ကြိမ် ဒိုအာကိုအမြဲမပြတ်ဖတ်ပါ။ ၁၄။    ရန်သူများအပေါ်အောင်နိုင်ရန်အတွက် နေ့စဉ် (၁၇) ကြိမ် ပုံမှန်ဖတ်ပါ။ ရန်အပေါင်းကို ကျော်လွှားမည်။