၂၈ မေ ၂၀၁၂ - ၁၉:၃၀

အစ္စလာမ်မစ် အီရန်စစ်သင်္ဘော မြေထဲပင်လယ်ကို ဖြတ်ဝင်သဖြင့် အစ္စလာမ်ရန်သူအနောက်နိုင်ငံများမှ စိုးရိမ်ကြောက်လန့် မှု နှင့် ပတ်သက်ပြီး အဗ်နာ သတင်းဌာန မှ တင်ပြသည်မှာ - ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ၁၀ နာရီခန့်တွင်အစ္စလာမ်မစ် အီရန်စစ်ရေယာဉ် ၂ စီးသည် စူးအက်တူးမြောင်းကို ဖြတ်ပြီး ထိုမှတစ်ဆင့် မြေထဲပင်လယ်ကို ကူးကာ ဆီးရီးယား ကမ်းခြေသို့ ခုတ်မောင်းလျက် ရှိသည်ဟု ဖေဖော်ဝါရီ ၁၉ ရက် စီအင်အင် သတင်းတစ်ရပ်တွင် ဖော်ပြသည်။

အစ္စလာမ်မစ် အီရန်စစ်သင်္ဘော မြေထဲပင်လယ်ကို ဖြတ်ဝင်သဖြင့် အစ္စလာမ်ရန်သူအနောက်နိုင်ငံများမှ စိုးရိမ်ကြောက်လန့် မှု နှင့်ပတ်သက်ပြီး အဗ်နာ သတင်းဌာန မှ တင်ပြသည်မှာ -ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ၁၀ နာရီခန့်တွင်အစ္စလာမ်မစ် အီရန်စစ်ရေယာဉ် ၂ စီးသည် စူးအက်တူးမြောင်းကို ဖြတ်ပြီး ထိုမှတစ်ဆင့် မြေထဲပင်လယ်ကို ကူးကာ ဆီးရီးယား ကမ်းခြေသို့ ခုတ်မောင်းလျက် ရှိသည်ဟု ဖေဖော်ဝါရီ ၁၉ ရက် စီအင်အင် သတင်းတစ်ရပ်တွင် ဖော်ပြသည်။  အစ္စလာမ်မစ် အီရန်သတင်း ဌာနတစ်ခုကလည်း အစ္စလာမ်မစ်အီရန်စစ်သင်္ဘောများ မြေထဲပင်လယ်သို့ ဝင်ရောက်နေကြောင်း သတင်းထုတ်ပြန်ကြေငြာထားပါသည်။စူးအက်တူးမြောင်းသည် ဥရောပနိုင်ငံများနှင့် အာရှတောင်ပိုင်း နိုင်ငံများအကြား တစ်ခုတည်းသော ထွက်ပေါက်ပမာ ဖြစ်သည်။ ဤတူးမြောင်းကြောင့် အာရှတောင်ပိုင်းနှင့် ဥရောပနိုင်ငံများအကြား ပင်လယ်ခရီး မိုင်ပေါင်း ၄၅၀၀ ကို ကျုံ့သွားစေခဲ့သည်။ ပင်လယ်ကွေ့မှ ဥရောပနိုင်ငံများသို့ တင်ပို့သော ရေနံသင်္ဘောများ စူးအက်တူးမြောင်းကို ဖြတ်ရသည်။ ကမ္ဘာ့အရှေ့၊ အနောက် ရေလမ်းကြောင်းကို စိုးမိုးနိုင်သည့် ပထဝီ အနေအထားရှိ၍ မဟာဗျူဟာ သော့ချက်နေရာ ဖြစ်သည်။ မြေထဲပင်လယ်နှင့် ပင်လယ်နီကို ဆက်ထားသည်။ စူးအက်တူးမြောင်းကို ဖြတ်၍ နေ့စဉ် ရေနံစည်ပေါင်း သန်းချီပြီး ဥရောပနှင့် မြောက်အမေရိကန် နိုင်ငံများကို ပို့ဆောင်ပေးနေရသည့် လမ်းကြောင်းလည်း ဖြစ်သည်။ ယခုကိစ္စကြောင့်အစ္စလာမ်မစ် အီရန်အပေါ်လူအခွင့်အရေး ၊ဒီမိုကရေစီအမည်ခံ အနောက်ဥရောပ နိုင်ငံများက စိတ်ဆိုးမာန်ဆိုး ဖြစ်နေကြပြီး အစ္စလာမ်အား အဓိကရန်သူ အဖြစ် ခံယူထားသည့် ကိုလိုနီအစ္စရေးကလည်း ဒေါသဖြစ်လျက် ရှိသဖြင့် ဒေသတွင်း တင်းမာမှု မြင့်မားလာပြီး ၎င်းတို့၏စိုးရိမ် ကြောက်ရွံ့မှုများ ပိုများလာချေသည်။ဤလုပ်ရပ်အပေါ် ကိုလိုနီအစ္စရေးက အမျက်ထွက်လျက် ရှိသော်လည်း လူအခွင့်အရေး ၊ဒီမိုကရေစီအမည်ခံ အမေရိကန်နှင့် ဗြိတိန်တို့က အစ္စလာမ်မစ် အီရန်အား ကိုလိုနီ အစ္စရေးက စစ်ရေးအရ အရေးယူမှု မပြု လုပ်ရန် တိုက်တွန်းထားသည်။ အမေရိကန် စစ်ဦးစီး အရာရှိချုပ်များ သဘာပတိ (ကြည်း၊ ရေ၊ လေ) ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး ဒင်ဆေးနှင့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလျံဟိဂ်တို့က ကိုလိုနီ အစ္စရေးတို့အား ပြောကြားသည်တွင် "တကယ်လို့ အစ္စရေးက အီရန်ကို စစ်ရေးအရ အရေးယူမည် ဆိုပါက စစ်မီးမှာ ဒေသကြီး တစ်ခုလုံးသို့ ကူးစက်သွားနိုင်တယ်" ဟု သတိပေး တားမြစ်ထားသည်။အမှတ်တကယ် မှာ အစ္စလာမ်မစ် အီရန်နိုင်ငံသည် အာဖဂန် နစ္စတန် နှင့် အီရတ် မဟုတ်သည့် အတွက်ကြောင့် ဖြစ်ချေသည်။