အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန- အဗ်နာ မှတင်ပြသည်မှာ -
ပြည်ထောင်စု အာဇရ်ဗိုင်ဂျန် ရှိ လက်ကရန်ဒေသရှိ မစ်ဂျစ်ဒ် အေမာမ်ဟိုစိုင်း(အ.စ)တွင် အီးဒ်မဗ်အဇ်ရစူလေဂေရမီးအစ္စလာမ် (ဆွ)အထိမ်းအမှတ်ဖြင့် ဇွန်လ ၁၆ ရက်နေ့တွင် ((ဂျရှ်(န)))ပွဲတော်အား ကျင်းပ ခဲ့ပါသည်။ ဆရက်အလ်မန် အာဂါယိုဖ်လက်ကရန်ဒေသ၏အရေးပါအရာရောက်သည်အာလင်အနေဖြင့် ဤ((ဂျရှ်(န))) ပွဲတော်နှင့်ပတ်သက်ပြီး ပြောကြားသည်မှာ - အိုလမာနှင့်အရေးပါအရာရောက်သည်သာသနာ့ပညာရှင်များအနေဖြင့်တမန်တော်မြတ်ကြီး(ဆွ)၏ ဘဝ၊မြင့်မြတ်သည်စာရိတ္တတော်များ၊မဗ်အဇ်ရစူလ်(ဆွ)စပ်လျဉ်းပြီးတရားရေအေးတိုက်ကျွေးခဲ့ပါ သည်။ ကဗျာသမားအနေဖြင့်လည်း တမန်တော်မြတ်ကြီး(ဆွ)ဆိုင်ရာ ကစီသာများကို ရွတ်ဆိုခဲ့ကြပါ သည်။ ထိုနောက်ဒိုအာနှင့်ဇေယာရတ် ရစူလ်လေခိုဒါ (ဆွ)လည်းဖတ်ရွက်ခဲ့ကြပါသည်။ ဆက်လက်၍ပြောကြားသည်ကား - မစ်ဂျစ်ဒ် အေမာမ်ဟိုစိုင်း(အ.စ)၏ဂေါပကများ ၊နမာဇီများမှ အီးဒ်မဗ်အဇ်ရစူလေဂေရမီးအစ္စလာမ် (ဆွ)အထိမ်းအမှတ် ((ဂျရှ်(န)))ပွဲတော် အပြီး ဤဒေသရှိ မရှိဆင်းရဲသားများကို ငွေလက်ခံပေးပြီး ကူညီခဲ့ကြပါသည်။