တမန်တော်မြတ်ကြီးမိုဟမ္မဒ်(ဆွ) သခင်သည် မိမိ၏အပေါင်းအပါး သာဝကတော်တချို့ဖြင့် မစ်ဂျစ်ဒ် တွင်ထိုင်နေတော်မူ၏။ ပြီးနောက်စကား ဆိုနေလေသည်။ ကိုယ်တော်(ဆွ)၏ သာဝကတော်များမှ တစ်ပါးဖြစ်သည် ဟဇရတ် စလ်မန်းဖွာရစီ(ရ.ဟ) သည်မစ်ဂျစ်ဒ် တွင်း သို့ဝင်လာလေသည်။ တမန်တော်မြတ်ကြီးမိုဟမ္မဒ်(ဆွ) သခင်သည်ဝမ်းသာကြည်နူးစွာဆက်ဆံပြီး မိမိဘေး၌ထိုင်စေ လေ၏။ ဤတမန်တော်မြတ်ကြီးမိုဟမ္မဒ်(ဆွ)သခင်၏ဂရုဏာသက်သည်အပြုအမှုကြောင့်ကိုယ်တော် (ဆွ)၏ သာဝကတော်များမှ တစ်ပါးဖြစ်သည် စိတ်ဆိုးသွားကာပြောလေ၏။ ((စလ်မန်း (ရ.ဟ) သည်ဖွာရ်စ်(အီရန်)လူမျိုး မှဖြစ်ပါသည်၊ကျွန်ုပ်တို့သည် အာရပ် လူမျိုး ဖြစ်ပေသည်။ သူ(စလ်မန်း) သည် ကျွန်တော်တို့ အုပ်စုအတွင်း ကျွန်တော်တို့ထက် အမြင့် နေရာတွင် မထိုင်သင့်ချေ။ နှိမ့်သည်နေရာ၌ ထိုင်ကို ထိုင်သင့် ပေသည်။)) တမန်တော်မြတ်ကြီးမိုဟမ္မဒ်(ဆွ)သခင် သည် ၎င်း၏ စကားကြောင့် စိတ်အနှောင့်အယှက်ဖြစ် သွားလေသည်။ ထိုနောက်မိန့်ကြားတော်မူသည်မှာ - ((ဖွာရ်စ်(အီရန်)လူမျိုးဖြစ်ခြင်း၊အာရပ်လူမျိုးဖြစ်ခြင်းသည်၊ကြီးကျယ်မြင့်မြတ်မှုအတွက်အကြောင်း အရင်း မဟုတ်ချေ။ လူမျိုးနှင့်ဘာသာစကားသည် ကြီးကျယ်မြင့်မြတ်မှုအတွက်အခြေခံ မဟုတ် ချေ။ အလ္လာဟ်ဟိုအရှင် မြတ် ထံတော်၌ အကြီးကျယ်အမြင့်မြတ်ဆုံးအရာ သည် သက္က်ဝါ တရား ၊ အီမာန် ၊ ကောင်းမြတ်သည်အလုပ်သာလျှင် ဖြစ်ပေသည်။ အလ္လာဟ်ဟိုအရှင် မြတ် သခင် သည် မိမိကျမ်းတော်မြတ်ကုရ်အာန် တွင် မိန့်ကြားတော်မူသည်မှာ - အကြီး ကျယ်အမြင့်မြတ်ဆုံးသောသူ သည် အလ္လာဟ်ဟိုအရှင် မြတ် ထံတော်ဝယ် သက္က်ဝါ တရားအရှိဆုံး သူ ဖြစ်ပေသည်။ )) ဤအထက်ပါ အဖိုးတန် ကိုယ်တော်မြတ်ကြီး(ဆွ)သြဝါဒမွန် ကြောင့် ကျွန်တော်တို့ မွတ်စလင်များ အားလုံးသည် အတူတူဖြစ်ကြပြီး ၊ ညီအစ်ကို၊နောင်ရင်းများဖြစ်ကြပေသည်။ ကျွန်တော်တို့ အကြား၌ လူမျိုးနှင့်ဘာသာစကားများကို မခွဲခြားသင့်ချေ။ မှတ်ချက် - အီရန်နိုင်ငံသားများမဟုတ်သည့် ကျောင်းသား၊သူများ ၏ ဖွာရစီ (၄)တန်းဖတ်စာအုပ်မှ ကောက်နှုတ်တင်ဆက်လိုက်ရပါသတည်း။ ရှိက်ခ်ဂျမားလ်(ကွမ်း)
၂၇ ဇူလိုင် ၂၀၁၂ - ၁၉:၃၀
News ID: 332627
တမန်တော်မြတ်ကြီးမိုဟမ္မဒ်(ဆွ) သခင်သည် ၏ အမြင်တွက် ရှိသည့် မြင့်မြတ်မှု အစစ်အမှန် အား အောပ်ပါအတိုင်း ဖော်ပြ လိုက်ရပါသည်။