အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အီစ္စမာအီ ဗကာအီ က အိုမန်နိုင်ငံခြားရေးဝန်ကြီး ဆယက်ဒ် ဗဒ်ရိုလ် ဘူစအီဒီ သည် ဩဂုတ်လ ၂၅ ရက်၊ အင်္ဂါနေ့တွင် တီဟီရန်သို့ လာရောက်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
၎င်းက အိုမန်နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်အတွင်း အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ နှင့် တွေ့ဆုံပြီး နှစ်နိုင်ငံဆိုင်ရာကိစ္စရပ်များအပြင် ဒေသတွင်း အခြေ အနေများ ကိုလည်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ၏ အဆိုအရ အိုမန်နိုင်ငံခြားရေးဝန်ကြီး၏ တီဟီရန်ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေး နှင့် ဟော်မုဇ်ရေလက်ကြား၏ ကမ်းရိုးတန်း နိုင်ငံ နှစ်နိုင်ငံ အနေဖြင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ပိုမိုခိုင်မာစေရေး နည်းလမ်းများ ကိုလည်း ဆွေးနွေး သုံးသပ်သွားမည် ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment