အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊အဗ်နာ။ ။ ဗြိတိန်နိုင်ငံ၏ ပထမဆုံးသော မီတာ ၁ သောင်း အိုလံပစ်ချန်ပီယံအဖြစ် မွတ်စလင်မ်အမျိုးသား မုဟမ္မဒ် ဖာရာဟ်ကအသက် ၂၉ နှစ်ရှိပြီဖြစ်သော ဖာရာအနေဖြင့် အိုလံပစ်၊ အမျိုးသားမီတာ ၁ သောင်း တာဝေးအပြေးပြိုင်ပွဲ၌ မိမိမြေတွင်ပင်ပထမဆုံးဗိုလ်စွဲနိုင်သော အားကစားသမားဖြစ်လာပြီး စံချိန်မှာ ၂၇ မိနစ် ၃၀.၄၂ စက္ကန့်ဖြစ်သည်။ ဒုတိယ ငွေတံဆိပ်ရရှိခဲ့သော အမေရိကန်နိုင်ငံသား ဂလန် ရက်ပ်နှင့် စက္ကန့်ဝက် အသာရဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။
အီသီယိုပီးယားနိုင်ငံသား အိုလံပစ် ရွှေတံဆိပ်လေးဆုရှင် နာမည်ကြီးအပြေးသမား ဘီကီလီက တတိယကြေးတံဆိပ်သာ ရရှိသည်။
အပြေးပြိုင်ပွဲမှာ အလွန်အကြိတ်အနယ်ရှိခဲ့သလို နောက်ဆုံးတပတ်အထိ စိတ်လှုပ်ရှားမှုများစွာ ပေးနိုင်ခဲ့သည်။ ထိုနောက်ဆုံးတပတ်တွင်မှ ဖာရာက ခွန်အားကို အကောင်းဆုံးအသုံးချကာ မိမိရှေ့မှ အပြေးသမားများကို ကျော်ဖြတ်ပြီး ပထမနေရာကို ပွတ်ကာသီကာဖြင့် ပန်းဝင်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။
ပန်းဝင်ပြီးလျှင်ပြီးခြင်း မျက်ရည်များဖြင့် ရစ်ဝဲလျက် ပျပ်ဝပ်ဦးချကာ အောင်ပွဲခံအပြီးမှ မိမိ၏သမီးငယ်နှင့် ကိုယ်ဝန်ဆောင်ဇနီးသည်တို့နှင့်အတူ ဘ၀တသက်တွင် မေ့ဖျောက်မရနိုင်တော့မည့် သမိုင်းဝင်မှတ်တမ်းအတွက် ပွေ့ဖက်အောင်ပွဲခံခဲ့ကြသည်။
ငွေတံဆိပ်ရ ဖာရာ၏ လေ့ကျင့်ဖော် ရက်ပ်ကမူ ၁၉၆၄ နောက်ပိုင်း အမေရိကန်နိုင်ငံသားတစ်ယောက်အနေဖြင့် ထို မီတာ ၁ သောင်းပြေးပွဲတွင် ဆုတံဆိပ်ရခဲ့ခြင်းဖစ်သည်။