ငါဘာလို့ ရှက်ရမှာလဲလူတစ်ယောက်သည် ဂျနာဗေ ရှအ်ဘီ မသိသည့် အကြောင်းအရာ နှင့်ပတ်သက်ပြီး မေးလေ၏။ဂျနာဗေ ရှအ်ဘီ အနေဖြင့် မိမိ မသိကြောင်း ရိုးသားစွာ အဖြေပေးလေ၏။၎င်းပုဂ္ဂိုလ်မှ ဂျနာဗေ ရှအ်ဘီ အား ဤကဲ့သို့ပြောကြားလေ၏ ။ခင်ဗျာ ၊အီရတ်နိုင်ငံ၏ ဓမ္မသတ် ပညာရှင် တစ်ဦး ဖြစ်ပြီး ၊ဒါလေးတောင် မသိဘူးလားဗျာ၊မရှက်ဘူးလား?ဂျနာဗေ ရှအ်ဘီမှလည်း ၎င်း ပုဂ္ဂိုလ်အားအဖြေပုံကငါဘာလို့ ရှက်ရမှာလဲ ကောင်းကင်တမန်ဖရေရှ်သာတွေ တောင် အလ္လာဟ်ဟို အရှင်မြတ်  မေးတာ ကိုအဖြေပေးရာ ၌ မရှက်ခဲ့တာ ။ကျမ်းမြတ်ကုရ်အာန်တွင် စူရဟ် ဗက်ရာ ၊အာယတ်တော် ၃၂ တွင်မိန့်တော်မူသည်မှာ((ကျွန်ုပ်တို့(ဖရေရှ်သာများ) အရှင်သင်ကြားပေးထားသလောက်သာ သိပါသည်။))ကောက်နှုတ် - ဟွဂ်ျဂျသွလ်အစ္စလာမ် ဆရက် သမီးဇွလ်ဟစန် ရေဇာဝီး ၊အအ်ဇမီး (အိန္ဒိယ)ရေးသားထားသည့် အူရ်သူ ဘာသာဖြင့် ((ကုရ်အာန်နီ လသီဖေ )) စာအုပ်မှသင်ခန်းစာ - မိမိ မသိသည့် အရာကို မသိကြောင်း ဝန်ခံရန် မရှက်ရပေ၊ တချို့သည် သိက္ခာ ကျမည့်စိုးရိမ်ပြီး တလွဲ ဖြေလေ့ ရှိသည်။ ဤကဲ့သို့ မလုပ်သင့်ချေ။ jamal (QOM)