၁၇ စက်တင်ဘာ ၂၀၁၂ - ၁၉:၃၀

ဂျမေအာသွလ်မွစ်သဖွာ(ဆွ)အလ်အာလေမီးယေ ကျောင်းအုပ် ကြီး ဟဇရတ်အာယာသွလ်လ္လာဟ် အလီရေဇာ အအ်ရာဖီ အနေဖြင့် တမန်တော်မြတ်ကြီး (ဆွ) အား ပုတ်ခတ် စော်ကားသည့် ရုပ်ရှင် ကို ပြသခြင်းနှင့်စပ်လျဉ်းပြီး မိမိ၏ ကန့်ကွက် ရှုံ့ချမှု ကိုပြသပြီး ဤ ရုပ်ရှင် ကို ပြသခြင်း ၏ရည်ရွယ် ချက်မှာ အစ္စလာမ်မီ ဗိုင်ဂမ် (အစ္စလာမ် ပို့ချမှု များ) ကို တားမြစ်ရန် ဖြစ်ပေသည် ဟု ပြောကြားခဲ့ပါသည်။

အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ။ ။ ဟဇရတ်အာယာသွလ်လ္လာဟ် အလီရေဇာ အအ်ရာဖီ ၊ ဂျမေအာသွလ်မွစ်သဖွာ(ဆွ)အလ် အာလေမီးယေ ကျောင်းအုပ် ကြီး အနေဖြင့်အီးက်နာ အပြည်ပြည် ဆိုင်ရာ ကျမ်းတော်မြတ်ကုရ်အာန် သတင်း ဌာနအီရန် ၏အထူးအမေးအဖြေ ကဏ္ဍတွင် ဆိုက်ယူနစ် ဝါဒီ အင်းအားများ အနေဖြင့် အချစ် မေတ္တာအပြည့် ရှိသည့် အစ္စလာမ်သာသနာတော် ၏ မျက်နှာတော် အား အစွန်းအပြစ်ထင်အောင် လုပ်နေသည်ဟုပြောကြားခဲ့ပါသည်။ဆက်လက်ပြီး အစ္စလာမ်ရန်သူ အနေဖြင့် ဤလှုပ်ရှားမှု ဖြင့် မွတ်စလင်များအကြား မညီညွတ်မှု ၊သွေးမစည်းမှု ၊ပြဿနာ တက်မှု ကို ပြုလုပ်နေကြောင်း ၊ သို့သော် ၎င်းတို့သည် မိမိတို့၏ (မကောင်းသည့် ) ရည်ရွယ်ချက် အတွက် အောင်မြင်မှု ကို ဆွတ်ခူး နိုင်မည်မဟုတ် ကြောင်း ၊ တမန်တော်မြတ်ကြီး (ဆွ) အားစော်ကားထားသည့် ရှိုင်တွာန်နီ အာယတ်စာအုပ် ၊ ကာတွန်း များ ၊ကျမ်းတော်မြတ် ကုရ်အာန်အား မီးရှို့စော်ကားမှု များသည် အချိတ်အဆက် တစ်ခုတည်း မှ ဖြစ်ကြောင်း ပြော ကြားခဲ့ပါသည်။