အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ ။ ။ မွတ်စလင် တွေကို ကြောက်စရာ ရွံ့စရာလို သဘောထား ထင်မြင်ချက်တွေ ကမ္ဘာ တဝှမ်း ကူးစက် ပျံ့နှံ နေတာကို လက်မခံနိုင်ဘူးလို့ အီဂျစ် သမ္မတသစ် မုဟမ္မဒ်မိုရ်စီ က ပြောကြား လိုက်ပါတယ်။ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အီဂျစ်ပြည်ရဲ့ ပထမဆုံး ဒီမိုကရေစီ နည်းကျ ရွေးကောက်ခံ ရတဲ့ သမ္မတ အဖြစ် ပွဲဦးထွက် မိန့်ခွန်း ပေးရာမှာ မုဟမ္မဒ်မိုရ်စီ က စံချိန် ၂ မျိုးနဲ့ ဆက်ဆံတာတွေ အဆုံးသတ်ဖို့ တိုက်တွန်း ခဲ့ပါတယ်။ဘာသာတိုင်း ယဉ်ကျေးမှု တိုင်းကို လေးစားရမယ်လို့လဲ သူက ဆိုပါတယ်။သမ္မတ မိုရ်စီ က အီဂျစ်နိုင်ငံက လွတ်လပ်စွာ ပြောဆိုခွင့်ကို ထောက်ခံ ပေမယ့် ဘာသာရေး အမုန်းပွားစေမယ့် ကိစ္စ မျိုးကိုတော့ လက်မခံ ကြောင်း၊ အစွန်းရောက် ဝါဒနဲ့ ဆူပူမှု တွေကို ကိုင်တွယ် ဖြေရှင်းနိုင်တဲ့ လွတ်လပ်စွာ ပြောဆိုခွင့် သာ ဖြစ်သင့်ပြီး မသိ နားမလည်မှု၊ သူတပါးကို မလေးမစား လုပ်တာတွေ အားပေးတဲ့ ပြောဆိုခွင့်မျိုး မဟုတ်သင့် ကြောင်း၊ ဒီလို စော်ကား ပုတ်ခတ် တာတွေကို ဆူပူ မှုနဲ့ ဖြေရှင်း တာကိုတော့ ပြင်းထန်စွာ ဆန့်ကျင်ကြောင်း မွတ်ဆလင် တွေကို ဒေါသ ထွက်စေတဲ့ အစ္စလာမ် ဆန့်ကျင်ရေး ဗီဒီယို ကို ရည်ညွှန်း ပြောကြား ခဲ့ပါတယ်။အစ္စလာမ် ဘာသာ ကြောက်ရွံ့မုန်းတီးမှုတွေကို ကုလ သမဂ္ဂ က ထုတ်ပြောရမယ် လို့ ၎င်း မှ ဆိုပါတယ်။