မမေ့နိုင်ဖွယ်ရာ အေမာမ် ဂျဝါဒ် (အ.စ) ၏ သြဝါဒတော်များ
အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊အဗ်နာအနေဖြင့် ကမ္ဘာ့ ရှီအာများ၏ (၉)ပါးမြောက် အေမာမ် ဟဇရတ်အေမာမ် မိုဟမ္မဒ်သကီ(အ.စ) (ခ) အေမာမ် ဂျဝါဒ် (အ.စ) ၏ရှဟာဒတ်သ် အချိန်အခါတွင် သခင်ကြီး၏ မမေ့နိုင်ဖွယ်သြဝါဒတော်များမှတချို့ ကို တင်ပြလိုက်ပါသည်။
သခင်ကြီးသည် ဟီဂျရီသက္ကရာဇ် ၂၂၀ ၏ဇေဟ်ကိုင်ဒါလ၏ နောက်ဆုံးရက်တွင် မွတ်စလင် အမည်ခံ မင်းဆိုးမင်းညစ် မိုအ်သစင်မ်(လ.န)၏ အဆိပ်ခတ်ပြီး လုပ်ကြံမှုကြောင့် ရှဟီးဒ်ဖြစ်တော်မူခဲ့လေသည်။
သခင်ကြီးပေါ် သရူးဒ် ၊စလာမ် အကြိမ်ကြိမ်အခါခါပို့သပြီး ၊အဟ်လေ့ဘိုက် (အ.စ)၏ရန်သူများ အပေါ် လအ်နတ် အကြိမ်ကြိမ်အခါခါ ရွတ်ဆိုပါ၏။
သခင်ကြီး(အ.စ) ၏ မမေ့နိုင်ဖွယ်သြဝါဒတော်များမှတချို့
၁။ အကြင်မည်သူမဆို အလ္လာဟ်ဟို အရှင်မြတ်သခင်အပေါ် အားကိုးအားထား ၊ထားမည် ဆိုလျှင် လူထုသည်၎င်းထံမှမိမိတို့လိုအင်ဆန္ဒများကိုတောင်းဆိုကြပေမည်။အကြင်မည်သူမဆို အလ္လာဟ်ဟိုအရှင်မြတ်သခင်အားကြောက်ရွံ့မည်ဆိုလျှင်လူထုသည်၎င်းနှင့်အချစ်မေတ္တာထားပေသည်။
နူးရ်ရွလ်အဗ်ဆွာကျမ်း စာမျက်နှာ ၁၈၀
၂။ လူသားအနေဖြင့် မိမိမနှစ်မြို့၊မကြိုက်နှစ်သကဲ့သို့မည်သူကိုမျှ လုံးဝမဆက်ဆံမိဖို့လို ပေသည်။
အလ်ဖူဆူလိုမိုဟ်မာကျမ်း စာမျက်နှာ ၂၉၂
၃ ။ အကြင်မည်သူမဆို မကောင်းသည့်လုပ်ရပ်အား ကောင်းသည့်အလုပ်ဟု သတ်မှတ်မည်ဆို လျှင်ဤမကောင်းမှုတွင်ပါဝင်နေသူဖြစ်ပေသည်။
နူးရ်ရွလ်အဗ်ဆွာကျမ်း စာမျက်နှာ ၁၈၀
၎။ နှိပ်စက်ညှဉ်းပန်းသူ ၊ နှိပ်စက်ညှဉ်းပန်းမှုကို ကူညီသူ ၊နှိပ်စက်ညှဉ်းပန်းမှုကိုသဘောတူသူ၊ အားလုံးသည် နှိပ်စက်ညှဉ်းပန်းမှုတွင် အတူတူပါဝင်ကြပေသည်။
အလ်ဖူဆူလိုမိုဟ်မာကျမ်း စာမျက်နှာ ၂၉၁
၅။ အကြင်မည်သူမဆို သူတပါး (မိုမင်) အား တိတ်တဆိတ် ဆိုဆုံးမမည်ဆိုလျှင် ၎င်းအား ကျက်သရေမင်္ဂလာရှိအောင် ဆင်ပေးခြင်းဖြစ်ပါသည်။အကယ်၍ လူပုံအလယ်တွင် ဆိုဆုံးမ မည်ဆိုလျှင် ၎င်းအားပတ်ဝန်းကျင်တွင် အရှက်ကွဲ၊သိက္ခာချခြင်း ဖြစ်ပေသည်။
နူးရ်ရွလ်အဗ်ဆွာကျမ်း စာမျက်နှာ ၁၈၀
၆။နှလုံးသားဖြင့်အလ္လာဟ်ဟိုအရှင်မြတ်ထံအာရုံပြုခြင်းသည်ကိုယ်ခန္ဓာဖြင့်အာမါလ်ပြုခြင်းထက်ပိုမို ထိရောက်မှုရှိပေသည်။
အလ်ဖူဆူလိုမိုဟ်မာကျမ်း စာမျက်နှာ ၂၈၉
၇။တရားမျှတစွာဖြေရှင်းပေးမည့်နေ့(ကေယာမတ်)တွင်နှိပ်စက်ညှဉ်းပန်းသူအတွက်နှိပ်စက် ညှဉ်းပန်းမှုခံခဲ့ရသူအပေါ် နှိပ်စက်ညှဉ်းပန်းခဲ့သည်ထက် ပိုမိုပြီး ခက်ခဲ ပေးမည်။
အလ်ဖူဆူလိုမိုဟ်မာကျမ်း စာမျက်နှာ ၂၉၁
၈ ။သုံးခုသောအရာသည် လူသားအားအလ္လာဟ်ဟိုအရှင်မြတ်၏နှစ်မြို့ကိုဖြစ်ပေါ်စေပါသည်။
(၁) အမြောက်အများ အေစ်သေခ်ဖွာ ဖတ်ရွတ်ခြင်း (၂) လူထုနှင့်ပျော့ပျောင်းစွာဆက်ဆံခြင်း (၃) မြောက်များစွာ ဆဒ်ကာပေးကမ်းခြင်း
အကြင်မည်သူမဆို (အောက်ဖော်ပြပါ) သုံးခုသော ဝိသေသန လက္ခဏာ ရှိနေသမျှ သိက္ခာကျ အရှက်ကွဲမည် မဟုတ်ချေ။
(၁)အလျင်စလိုမလုပ်ခြင်း(၂)အလုပ်များကိုတိုင်ပင်ညှိနှိုင်းဆောက်ရွက်ခြင်း(၃)(တိုင်ပင်ညှိနှိုင်း ပြီးနောက်)မည်သည့်အလုပ်ကိုမဆိုလုပ်မည်ဆိုလျှင်အလ္လာဟ်ဟိုအရှင်မြတ်အပေါ်အားကိုး အားထားပြီး ပြုလုပ်ခြင်း
အလ်ဖူဆူလိုမိုဟ်မာကျမ်း စာမျက်နှာ ၂၉၁
၉ ။ ဒုက္ခပေါ် သည်းခံခြင်းသည် ရန်သူအတွက် ဒုက္ခတစခ်ုပင် ဖြစ်စေပါသည်။
အလ်ဖူဆူလိုမိုဟ်မာကျမ်း စာမျက်နှာ ၂၈၉