အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ ။ ။ ပုံမှန်ဆိုလျှင် ဖုန်းများက ရေအောက်မှာ သဘာဝအလှ ရှုခင်းများကို ဓာတ်ပုံရိုက်ကူးရန် မလွယ်ကူဟု ဆိုရမည်ဖြစ်သည်။ ယင်းပြဿနာများကို အဖြေရှာနိုင်ရန်အတွက် နောက်ဆုံးပေါ် iPhone case များက ရေစိမ်ခံဖုန်းအိတ်များလို iPhone များကို ရေဒဏ်၊ မိုးဒဏ်စသည့် သဘာဝဒဏ်များကို ခံနိုင်ရည်ရှိစေရန် စွမ်းဆောင်ပေးလိုက်ကြပြီ ဖြစ်သည်။
ယင်း iPhone case များကိုသာ သုံးစွဲသွားမည်ဆိုလျှင် ရေအောက်တွင် အနက် ၁၅ ပေအထိ ပုံများကို ကြည်လင်ပြတ်သားစွာ ရိုက်ကူးနိုင်သည်။ ယင်း iPhone case များ၏ စွမ်းပကားကြောင့် နောင်အနာဂတ်မှာ ဖုန်းများ၏ စွမ်းဆောင်ရည်မှာ မြေပြင်မှာ သာမက၊ ဝေဟင်နှင့် ရေပြင်မှာပါ အရေးပါလာတော့မည် ဖြစ်သည်။