၁ နိုဝင်ဘာ ၂၀၁၂ - ၂၀:၃၀

မဂ်ျမယေဂျဟာနီအဟ်လေ့ဘိုက်(အ.စ)၏(( ဟိုနာရ် အစ္စလာမ်မီ ))ဆိုဒ်အသစ်အား ယနေ့နိုဝင်ဘာလ၂ရက်နေ့တွင်တီဟီရန်နိုင်ငံရှိ(၁၉)ကြိမ်မြောက်နိုင်ငံတကာသတင်းဌာန များပြပွဲတွင်ကျင်းပခဲ့ပါသည်။

အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊အဗ်နာ  ။ ။ မဂ်ျမယေဂျဟာနီအဟ်လေ့ဘိုက်(အ.စ)၏(( ဟိုနာရ် အစ္စလာမ်မီ ))ဆိုဒ်အသစ်အားယနေ့ နိုဝင်ဘာလ ၂ ရက်နေ့တွင်တီဟီရန်နိုင်ငံရှိ(၁၉)ကြိမ်မြောက်နိုင်ငံတကာသတင်းဌာနများပြပွဲတွင်ကျင်းပခဲ့ပါသည်။မဂ်ျမယေဂျဟာနီ အဟ်လေ့ဘိုက်(အ.စ) ၏ အထွေထွေအတွင်းရေးမှူး ချုပ် ဟဇရတ် အာယာသွလ်လ္လာဟ်အခ်သာရီ နှင့်  စာပေနှင့်ယဉ်ကျေးမှုဝန်ကြီးဒေါက်တာဟိုစိုင်းနီနှင့်အခြားအရေးပါအရာရောက်ပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြပါသည်။ဖွင့်ပွဲအား အစ ပထမတွင် ကျမ်းတော်မြတ်ကုရ်အာန် ၏ အာယတ်တော်များဖြင့်စတင်ခဲ့ပြီး အခမ်းအနားမှူးအဖြင့် ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွတ်စလေမီဆရက် ဟိုစိုင်းနီ အာရေဖ် (အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊အဗ်နာ ဥက္ကဋ္ဌ ) မှ တာဝန် ယူဆောင်ရွက်ခဲ့ပါသည်။ပြီးနောက် စာပေနှင့်ယဉ်ကျေးမှုဝန်ကြီး ဒေါက်တာဟိုစိုင်းနီ မှ  (( ဟိုနာရ် အစ္စလာမ်မီ )) ၏အရေးပါ အရာရောက်မှု ၊အရေးကြီးမှု ကို ဟောပြောတင်ပြခဲ့ပါသည်။ဆက်လက်ပြီးနောက် မဂ်ျမယေဂျဟာနီ အဟ်လေ့ဘိုက်(အ.စ)၏အထွေထွေအတွင်းရေးမှူးချုပ်ဟဇရတ်အာယာသွလ်လ္လာဟ် အခ်သာရီ မှ ဟောကြား ပြီး မီးမောင်း ထိုးပြခဲ့ပါသည်။၎င်းနောက် စာပေနှင့်ယဉ်ကျေးမှုဝန်ကြီး ဒေါက်တာဟိုစိုင်းနီ မှ  (( ဟိုနာရ် အစ္စလာမ်မီ )) ဆိုဒ်အား ကလစ် နှိပ်ပြီး ဖွင့်လှစ်ပေးခဲ့ကြောင်း တင်ပြလိုက်ရပါသည်။