အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊အဗ်နာ ။ ။ဤ ပထမဆုံးအကြိမ် နိုင်ငံတကာ ဆိုင်ရာ အစ္စလာမ်မီ စီးပွားရေး ညီလာခံ တွင် အစ္စလာမ် နိုင်ငံများမှ အိုလမာ ၊ စီးပွားရေ ပညာရှင်များ ၊ အရင်းအနှီး ပိုင်ရှင်များ ၊ အဓိက အခြေခံ အ ရးကြီး ပုဂ္ဂိုလ်များ စုစုပေါင်း ယေဘုယျ အား ဖြင့် ၅၀၀ ကျော် ပါဝင်တက်ရောက်ခဲ့ကြောင်းသတင်း ရခဲ့ပါသည်။ဤညီလာခံ တွင် အစ္စလာမ်မီ ဆိုင်ရာ အခွန်အကောက် ၊အမြတ်တော်ခွန် ၊ စီးပွားရေး ဆိုင် ရာ ဥပဒေသများ ၊ စသည်ဖြင့် ဆွေးနွေး တင်ပြခဲ့ကြကြောင်း လည်း သိရှိခဲ့ရပါသည်။တင်ပြရန် သင့်တင့်သည်ကား - ဤ ညီလာခံတွင် မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီ မိုဟမ္မဒ အနေဖြင့် သက်ဆိုင်ရာ ခေါင်းစဉ်နှင့် စပ်လျဉ်းပြီး မလေးရှား နိုင်ငံ၏ အောင်မြင်မှု ကို ဟော ပြောတင် ပြခဲ့ပါသည်။
၅ နိုဝင်ဘာ ၂၀၁၂ - ၂၀:၃၀
News ID: 362702
ယနေ့ နိုဝင်ဘာလ ၅ ရက်နေ့ တွင်မတ်စ်ကတ် ရှိ ဘူစတန်ဒေသ တွင် ကျင်းပနေသည့် ပထမဆုံးအကြိမ် နိုင်ငံတကာ ဆိုင်ရာ အစ္စလာမ်မီ စီးပွားရေး ညီလာခံ ၏ ပိတ်ပွဲ ကျင်းပမည် ဖြစ်ပါသည်။