အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန ၊ အဗ်နာ ။ ။တာလီဘန်ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးနှင့် ပတ်သက်၍ သတင်းပေးနိုင်သူ မည်သူ့ကို မဆို ရူပီး၂၀ဝသန်း(ဒေါ်လာ ၂.၁ သန်း) ဆုတော်ငွေ ချီးမြှင့် သွားမည်ဟု ပါကစ္စတန်ပြည်ထဲရေး ဝန်ကြီး ရာမန်မာလစ်က နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ကမ်းလှမ်းခဲ့ကြောင်း ဒေသတွင်း မီဒီယာက ထုတ်ပြန်ခဲ့ သည်။Tehrik-i-Taliban Pakistan (TTP)ပြောခွင့်ရပုဂ္ဂိုလ် အက်ရှ်ဆန်နူလာဟာဆန်သည် တိုက်ခိုက်မှုများအတွက် တာဝန် ရှိသူဖြစ်ကြောင်း သတင်းများက ဖော်ပြထားသည်။ Geo ရုပ်သံတွင် talk show အစီအစဉ်များဖြင့် နာမည်ကြီးနေသည့် Hamie Mir ကိုကားဗုံးခွဲလုပ်ကြံခဲ့ရာတွင်တာဝန် ရှိကြောင်း အဆိုပါTTP ပြောခွင့်ရ ပုဂ္ဂိုလ်က ကြေညာခဲ့သည်။အက်ရှ်ဆန်ကို TTP ပြောခွင့်ရပုဂ္ဂိုလ်အဖြစ် မိမိ မသတ် မှတ်ကြောင်း၊ သူ၏ ထုတ်ပြန်ကြေညာ ချက်များကိုလည်း ဂရုမစိုက်ကြောင်း ပြည်ထဲရေး ဝန်ကြီးက အစ္စလာမ္မာ ဘတ်မြို့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။၎င်းပြင် ဝန်ကြီး က ပါကစ္စတန်မတည်မငြိမ်ဖြစ်စေရန် ကြိုးပမ်းနေသည့်အက်ရှ်ဆန်အကြောင်း ကို မကြာမီတိကျမှန်ကန်စွာ ဖော် ထုတ်နိုင်မည်ဖြစ်ကြောင်း ကတိပြုခဲ့ သည်။အက်ရှ်ဆန်သည် မီဒီယာကို ခြိမ်းခြောက်နေသူတစ်ဦးလည်းဖြစ်ပြီး ဥပဒေရေးဆွဲရေးအေဂျင်စီ (LEAs) အနေဖြင့် သူ့ကို မကြာမီဖမ်းဆီးနိုင် မည်ဟု မာလစ်က ပြောကြားခဲ့သည်။ အစောပိုင်းတွင် အက်ရှ်ဆန်နှင့် ပတ်သက်၍ သတင်းပေးနိုင်သူကို ရူပီး ၅၀ သန်းချီးမြှင့်မည်ဟု ဝန်ကြီးက ထုတ်ပြန်ခဲ့သေးသည်။