အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ တရုတ်နိုင်ငံ ဗဟိုအစိုးရအား တိုင် ကြားစာပို့ရန် ရည်ရွယ်ခဲ့သော တရုတ် နိုင်ငံသား များအား တရားမဝင်ထောင်ချခဲ့ သည့် ကြားခံနှိမ်နင်းရေးသမားများအား တရုတ်နိုင်ငံ တရားရုံးမှ ထောင်ဒဏ်အသီး သီး ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။

ဒေသခံ အစိုးရ၏ ဥပဒေပြင်ပ ကျူးလွန်နေမှုများအား တိုင်ကြားရန် ဘေဂျင်းမြို့သို့ ခရီးရှည်နှင်ခဲ့ကြသည့် အလယ် ပိုင်းဟီနန်ပြည် နယ်မှ ဒေသခံ ပြည်သူ များအား တရားမဝင် ဖမ်းဆီးထိန်း သိမ်းခဲ့ကြသည့် ကြားခံနှိမ်နင်းရေးသမား ဆယ်ဦးအား တရုတ်တရားရုံးတစ်ရုံးမှ ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံ၏ ဥပဒေအရ တရုတ်နိုင်ငံ မြို့အသီးသီးရှိ တိုင်ကြားနိုင်သည့် ရုံးများတွင် ဒေသဆိုင်ရာအရာရှိများ ဥပဒေပြင်ပကျူးလွန်နေသည်များကို ဗဟိုအစိုးရမှ စုံစမ်းစစ်ဆေးပေးရန် ပြည် သူများမှ တောင်းဆိုခွင့်ရှိသည်။တရုတ် နိုင်ငံရှိ ဒေသဆိုင်ရာအရာရှိများသည် မိမိတို့၏ ဂုဏ်သိက္ခာအား ကာကွယ်ရန် အခြားသော အဂတိမှုများအား ရှောင် လွှဲရန် ကြားဖြတ်နှိပ်ကွပ်သူများအား ငှားရမ်းကာ ဗဟိုအစိုးရဆီသို့ တိုင်ကြား သူများအား တရားမဝင်ဖမ်းဆီး ကာနေ ခြင်းပင်ဖြစ်သည်။