အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန။။အဗ်နာ230258 511751852188996 1035575217 nဂျပန်နိုင်ငံ၊ အိုစကာမြို့ မှာ တည်ရှိတဲ့ ၁၆ ထပ်တိုက်ဖြစ်ပြီး Gate Tower Building လို့ အမည်ပေးထားပါတယ်။၁၉၉၂ ခုနှစ်က ဆောက်လုပ်ပြီးစီးခဲ့တာ ဖြစ်ပြီး ၅ထပ်၊ ၆ထပ်၊ ၇ထပ် စတဲ့ အထပ်သုံးထပ်ကို ဟိုင်းဝေးကားလမ်းဖောက်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဓာတ်လှေကားစီးရင် ယင်းအထပ်တွေကိုအလိုအလျောက်ကျော်သွားပါတယ်။ခေါင်မိုးမှာရဟတ်ယာဉ် ကွင်းလည်း ထားရှိထားပါတယ်။ဟိုင်းဝေးလမ်း ကြောင့် တိုက်တုန်ခါမှု၊ အသံဆူညံမှု မဖြစ်အောင် အထပ်ပေါင်း များစွာခံထားပါတယ်။ ပြီးတော့ တိုက်တစ်ခုလုံးကိုလည်း double core -နှစ်ထပ် ပြုလုပ် တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အစ ကတည်းက ယင်းနေရာမှာ ဟိုင်းဝေးလမ်း ဖြစ်ပြီး Suezawa Sangyo Co. Ltd မှ အစိုးရထံ ခွင့်ပြုချက်တောင်းလို့ ကြိုးစားတည်ဆောက်ခဲ့တာဖြစ်ပါတယ်။တည်ဆောက်ပေးတဲ့ကုမ္မဏီကတော့ Sato Kogyo Co. Ltd.ဖြစ် ပါတယ်။ယခုချိန်မှာတော့ Gate Tower မှာ ပုဂ္ဂလိက ရုံးနဲ့ ကုမ္မဏီအချို့ အခြေဆိုက်ပြီး ဂျပန်နိုင်ငံရဲ့  ပထမဆုံး ဟိုင်းဝေးလမ်းဖောက် တာဝါအဖြစ် မှတ်တမ်းတင်ခဲ့ကြောင်းသိရပါတယ်။---Ref: wiki