အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ အလ်အဟ်ရမ် အင်တာနက် ဆိုင်ရာ သတင်းဌာ မှ တဆင့် အီးက်နာ အပြည်ပြည် ဆိုင်ရာကျမ်းတော် မြတ် ကုရ်အာန် သတင်း ဌာန - အီရန် - မှ တင်ပြသည်မှာ -ဤညီလာခံ အား ဆူဒန် နိုင်ငံ သမ္မတ ၏ အတွင်းရေမှူး အွစ်မန် မိုဟမ္မဒ် ဆွာဟာ၏ ဦး ဆောင်မှု ဖြင့် ((သာသနာရည်ရွယ်ချက်များ နှင့်တမန်တော်မြတ်ကြီး(ဆွ)၏အချစ်ကိုလက်တွေ့အကောင်အထည်ဖော်ထုတ်ခြင်း )) ဆိုသည့် ကြွေးကြော် သံဖြင့် ကျင်းပမည် ဖြစ်ပါသည်။ဆူတန် နိုင်ငံ ၏ သာသနာပိုင်မြေများ အဆောက်အဦးများ ထိန်းသိမ်းရေးဝန်ကြီးဌာန မှလည်း ဤညီလာခံ ကျင်းပရေး အတွက် ကူညီမည် ဖြစ်ပါသည်။ ဤ ညီလာခံ တွင် ပြည်တွင်း ၊ပြည်ပ မှ သုတေသီများ ၊ အိုလမာ များ အမြောက်အများ တက်ရောက် နေရာ ယူရမည် ဖြစ်ပါသည်။ဤ ညီလာခံ ကျင်းပရခြင်း ၏ ရည်ရွယ်ချက်မှာ တမန်တော်မြတ်ကြီး (ဆွ) ၏ ဘဝ သမိုင်း အား မဇ်ဟဗ် ပေါင်းစုံ မှအိုလမာ အနေဖြင့် ရှူထောင့် အစုံမှ မီးမောင်းထိုး ပြရမည် ဖြစ်ပါ သည်။တမန်တော်မြတ်ကြီး (ဆွ) ၏ ဘဝ သမိုင်း အား ရှူထောင့်အသစ် ဖြင့်နားလည်သဘော ပေါက်စေရန်၊ပြီးနောက် လက်ရှိ ခေတ်ကာလ ရှိ မွတ်စလင်များ၏ အသိုင်းအဝိုင်း ကို မီးမောင်းထိုးပြရန် ဖြစ်ပေသည်။
တမန်တော်မြတ်ကြီး (ဆွ) ၏ ဘဝ သမိုင်း အမည်ဖြင့် ပထမဆုံး အကြိမ် အပြည်ပြည် ဆိုင်ရာ ညီလာခံ ဆူဒန် နိုင်ငံ တွင် ကျင်းပ မည်
၁၄ ဇန်နဝါရီ ၂၀၁၃ - ၂၀:၃၀
News ID: 381684
ဇန်နဝါရီ လ ၁၁ ရက်နေ့ တွင် တမန်တော်မြတ်ကြီး (ဆွ) ၏ ဘဝ သမိုင်း အမည်ဖြင့် ပထမဆုံး အကြိမ် အပြည်ပြည် ဆိုင်ရာ ညီလာခံ အား ဆူဒန် နိုင်ငံ ၏ မြို့တော် ခေရ်သူမ် မြို့ ရှိ အပြည်ပြည်ဆိုင်ရာ အာဖရိက တက္ကသိုလ် တွင် ကျင်းပ မည်ဖြစ်ပါသည်။