အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ မန်း ၇၈ လမ်း နှင့် လမ်း ၄၀ ထိပ်ရှိ မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း ဆီဆိုင်တွင် မီးလောင်မှု ယနေ့ ညနေက ဖြစ်ပွားခဲ့ကြောင်း သိရသည်။ "ဆီဘောက်ဆာ ကားကနေ ဆီချနေတုန်း လောင်တာ။ ၀ိုင်းငြိမ်းကြလို့နဲ့ မီးသတ်လည်း ရောက်လာလို့ ခုငြိမ်းသွားပါပြီ"ဟု မန်းမြို့ခံတစ်ဦးကပြောသည်။
၇၈လမ်း၊ လမ်း၄၀ထောင့်ရှိ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း ဓာတ်ဆီဆိုင်တွင် ဆီဘောက်ဆာကားမှ ဆီချှစဉ် မီးလောင်မှု ဖြစ်ပွားခြင်းဖြစ် ဟု ခရိုင် မီးသတ် ဌာနမှ ဦလှမင်းက ပြောသည်။