၄ ဖေဖော်ဝါရီ ၂၀၁၃ - ၂၀:၃၀

ပြည်ထောင်စု အစ္စလာမ် မစ် အီရန်နိုင်ငံအားအလ္လာဟ်အရှင်မြတ်သခင်ပေးသနားတော်မူသည့်အောင်မြင်မှု နောက်တစ်ခုမှာ မိမိနိုင်ငံထွင်ကိုယ်ပျောက် လေယာဉ်သစ် ဖြစ်ပေသည်။

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ ပြည်ထောင်စု အစ္စလာမ် မစ် အီရန်နိုင်ငံက မိမိနိုင်ငံထွင် စစ်ဖက်သုံး တိုက်လေယာဉ်သစ်ကို ထုတ်ဖော်ပြသလိုက်ပြီး ဖြစ်ပါသည်။ အဆိုပါတိုက်လေယာဉ်မှာ ရေဒါကိုထိန်းကွပ် မှုအောက်တွင် မရှိနိုင်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူပုဂ္ဂိုလ်များက ပြောကြား ကြေငြာခဲ့ပါသည်။ လေယာဉ်မောင်းတစ်ယောက်သာ မောင်းနှင်နိုင်ပြီး Qaher F313 (Dominant F313) ဟု ခေါ်သည့် ထိုလေယာဉ်မှာ ၂၀၀၇ ခုနှစ်ကတည်းက အီရန်စစ်တပ်မှ ထုတ်လုပ်ခဲ့သည့် Azarakhsh (Lightning) ဂျက် တိုကါလေယာဉ်နောက်ပိုင်း အသစ်လွင်ဆုံး ဒီဇိုင်းဖြင့် ပြုလုပ်ထားခြင်းဖြစ်ပါသည်။

ပြည်ထောင်စု အစ္စလာမ် မစ်အီရန်သမ္မတ ဒေါက်တာ မဟ်မူဒ် အဟ်မဒ်ဒီနေဂျာဒ် ကမူ ကမ္ဘာ့ခေတ်အမီဆုံး ဂျက်တိုက်လေယာဉ်များ၏ အဆင့်မှီကြောင်း ၊ ဤ တိုက်လေယာဉ်အားတီထွင်ခြင်းမှာ ပြည်ထောင်စု အစ္စလာမ် မစ်အီရန်တပ်မတော်၏ စစ်အင်အားဖွံ့ဖြိုးတိုးတက်မှုကိုပြသရာရောက်ပြီး ၊ မိမိအမိမြေအား ကျူးကျော် လာမည့် ရန်သူ ဒဏ်များ ကို ဟန့်တားရေးနှင့် ကာကွယ်ရေးအတွက်သာ ဖြစ်သည်ဟု ဆိုခဲ့ပေ သည်။

စနေနေ့က ကျင်းပခဲ့သည့် တိုက်လေယာဉ်သစ်ပြသခြင်း အခမ်းအနားကိုပြည်ထောင်စု အစ္စလာမ် မစ် အီရန် နိုင်ငံပိုင်ရုပ်သံမှ ထုတ်လွှင့်တင်ဆက်ခဲ့သည်။ အခမ်းအနားတွင် ပြည်ထောင်စု အစ္စလာမ် မစ် အီရန်နိုင်ငံသမ္မတ ဒေါက်တာ မဟ်မူဒ် အဟ်မဒ်ဒီနေဂျာဒ်  က အဆိုပါတိုက် လေယာဉ်မှာ ကမ္ဘာ့ အဆန်းပြားဆုံး တိုက်လေယာဉ်များထဲမှ တစ်စီးအဖြစ် ပါဝင် ကြောင်း ထုတ်ဖော် ကြေငြာ ခဲ့ပါသည်။