နမာဇ် နှစ်ခု ကို ပေါင်းပြီး ဖတ်တာ မှန်ရဲ့လား ?

MSM ပရိသတ်များ အနေဖြင့် သတိရှိမည် ဟု ယုံကြည်မိပါသည်။ ဆိုက်တွင်တလောက ဇန်နဝါရီလ ၂၈ ရက်နေ့ တွင်  sohail ali ဆိုသည့် ညီနောင်တစ် ဦးမှ ((ဘာကြောင့် ရှီအာများ နမားဇ်ကိုပေါင်းဖတ်ရတာလဲ?)) ပို့စ်အား တင်ခဲ့ပါသည်။ပြီးနောက် MSM ပရိသတ်များ အကြား တိတ်တခိုး အဟ်လေ့ဘိုက်(အ.စ) ၏ လမ်းစဉ် နှင့် စစ်မှန်သည့် ဟဒီးစ်တော်များကို လက်မခဲ့သူ ၊ရှီအာအေမာမ်မီယာ ဆန်ကျင့်ရေးသမား တချို့ ရှိနေသည်ဟု ယူဆမိပါသည်။ အကြောင်းမှာ ရှီအာ မဟုတ်သည့်ဆိုက်တစ်ခုတွင် (အာရှစ်က် အဟ်မဒ်ခန်း )ဆိုသူမှ ((နမာဇ် ပေါင်းဖတ်ခြင်း)) ဆိုသည့်ပို့စ် အား ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် တင်ခဲ့ရာ တာဝန်သိမိုမင်တစ်ဦး မှ ကျွန်တော်ထံ မေးလ် ဖြင့် ပို့ပေးပြီး အဖြေပေး၊ပေးပါရန် ဆန္ဒပြုလာပါသည်။ ဤ အတွက်ကြောင့် ကျွန်တော် အနေဖြင့်စာဖတ်သူ အား ရှင်းသထက်ရှင်းပြီး အမှန်တရားကို တွေ့ရှိနိုင်ရန် ကြိုးစား လိုက်ပါသည်။ ၎င်း ရှီအာမဟုတ်သည့် ညီနောင် အာရှစ်က် အဟ်မဒ်ခန်း ၏ ပို့ဟ်အား အနီရောင်များဖြင့် ရေးသားထားပါသည်။ ဟဇရာသ် အဗ္ဗားစ်(ရသွေ) ကဆင့်ပြန်ခဲ့သည်။ ရစူလွလ္လာ (စွ)ကမိန့်ကြားတော်မူသည်မှာ အကြင်သူသည် ခိုင်လုံသောကြောင်းပြချက်တစ်စုံတစ်ရာမရှိဘဲ နမာဇ်နှစ်ကြိမ်ကို တစ်ချိန်တည်း ပေါင်းဖတ်ခဲ့သော်၊ ထိုသူသည် ကဗီရာဟ်ကြီးလေးသော ဂိုနာဟ်တို့၏ တံခါးများအနက် တံခါးပေါက် တစ်ပေါက်သို့ ရောက်သွားလေပြီ။(ဟာကင်မ်၊ အဒ်ဒွရ်ရွလ်မန်စူရ်၊ သရ်မိဇီကျမ်း) ပို့စ်ရေးသားသူသည် ဟဇရတ် အဘာစ်(ရ.သွေ) မှ ဆင့်ပြန်ချက် ဟဒီးစ် တော် တစ်ခု ကို ဤနေရာတွင် ဖော်ပြထားပါသည်။ ကျမ်းကိုး အမည်သာဖော်ပြထားပါသည်။အတွဲ ၊ စာမျက်နှာ ကို မပြောထားချေ။

အဟ်လေစွန္နတ်၏ကျော်ကြားသောကျမ်းကိုး၊ကျမ်းကားများဖြစ်သည့်ဘုခါရီ၊စဟီးမွတ်စလင်၊စိုနန် နေသေရ်မေဇီး၊မောင်းသာအေမာလစ်(ခ)၊မွစ်နက်ဒေအဟ်မဒ်၊စူနန်နေစာအီး၊မွစ်စနှစ်ဖ်အဗ်ဒွလ်ရာ  ဇက်(က)စသည်ဖြင့်အနည်းဆုံးရီဝါယတ်တော်(၃၀)နမာဇ်နှစ်ခုအားခရီး၌မဟုတ်၊မိုးမရွာ၊အန္တရာယ်မရှိ ချိန်၌ပင်ဖတ်ခဲ့ကြောင်းလာရှိပေသည်။

ဤရီဝါယတ်တော်များသည်ကျော်ကြားသောသာဝကတော်ကြီး(၅)ပါးထံမှတစ်ဆင့်ပြန်ထားခြင်းဖြစ်ပါသည်။

၁။အဗ်နေအဘာစ်(ရ.သွ)

၂။ဂျဗေရ်အဗ်နေအဗ်ဒွလ္လာဟ်အန်ဆာရီ(ရ.သွ)

၃။အဗ်ဒွလ္လာဟ်အိုမာရ်(ရ.သွ)

၎။အဗူဟိုရိန်းရဟ် (ရ.သွ)

၅။အဗူအိုင်းယူးပ်အန်ဆာရီ(ရ.သွ)

 

ကျမ်းကိုး အမည် ၊ အတွဲ ၊စာမျက်နှာ ကို ဖော်ပြ နိုင်ပါသည်။ ဤနေရာတွင် ပန်ဂျသန်ငါးပါး နှင့်အညီူ ဟဒီးစ်တော် (၅) ခု သာလျှင် ဖော်ပြသွားပါမည်။

 

၁။ ။ အဗူဇိုဗိုင်းရ်စအီးဒ်ဗင်ဂျဘီးရ်သည်အဗ်နေအဘာစ်ထံမှတစ်ဆင့်တင်ပြ သည်မှာ-

(( တမန်တော်မြတ်ကြီး(ဆွ)သည်အန္တရာယ်မရှိချိန်၊ခရီးမဟုတ်ချိန်၌ ပင်ဇဟိုရ်နှင့်အစဲရ်နမာဇ်နှစ်ခုအားပေါင်းပြီးဖတ်တော်မူခဲ့၏။))

အဗူလ်ကဘီးရ်အနေဖြင့်တမန်တော်မြတ်ကြီး(ဆွ)သည်ဤကဲ့သို့အဘယ်ကြောင့်လုပ်ရပါသနည်းဟုစအီးဒ်ဗင်ဂျဘီးထံမေးမြန်းလေ၏။

စအီးဒ်ပြောကြားသည်မှာ-

ကျွန်တော်အနေဖြင့်လည်းအထက်ကမေးခွန်းကိုအဗ်နေအဘာစ်ထံမေး မြန်းခဲ့လေရာအဖြေပေးသည်မှာ-