၁၀ ဧပြီ ၂၀၁၃ - ၁၉:၃၀
ပိုးသားခြုံသော ကြက် - Silkie

အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန၊အဗ်နာ Silkie အမည်ရ ကြက်များကို အရှေ့ တောင် အာရှနိုင်ငံများ မှာ တွေ့နိုင်တယ် လို့ ဆိုပါတယ်။

သာမန် ကြက်များနဲ့ မတူပဲ ပိုးသားလို နူးညံ့သော အမွေးများ ပိုင်ဆိုင်ထားပါ တယ်။ အနက်ရောင်၊ အညိုရောင်၊ အဖြူရောင် အစရှိသဖြင့် ရောင်စုံ ရှိတတ်ပါတယ်။ သာမန် ကြက်တစ်ကောင် အရွယ်အစား အတိုင်း ၄ ပေါင်နှင့် ၃ ပေါင်အရွယ်များ ဖြစ်ပါတယ်။ သို့ပေမယ့် သာမန်ကြက်များထက် ယဉ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အိမ်မွေး တိရစ္ဆာန်အဖြစ် သတ်မှတ်ပြီး မွေးမြူတတ်ကြပါတယ်။ တရုတ်ပြည်မှာ ပိုအတွေ့များတယ်လို့ ဆိုပါတယ်။

ပိုးသားလို နူးညံ့သော အမွေးများပိုင်ဆိုင်ထားပြီး လှပတဲ့အတွက် အနောက်တိုင်းကလည်း အမြတ်တနိုးထား မွေးမြူတတ်ကြပါတယ်။ Silkie အမည်ရ ပိုးသားကြက်များဟာ ရှားပါး ကြက်မျိုးစိတ် စာရင်းထဲ ပါဝင်လာ တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။