၁၆ ဧပြီ ၂၀၁၃ - ၁၉:၃၀
ရှီအာ ဟာရန်သူ ဖြစ်တယ် … ၎င်းနှင့် ရှောင့်ပါ ၊ကျဉ်ပါ …. / အီဂျစ်နိုင်ငံ ဝဟာဘီအိုလမာ + ဓာတ်ပုံများ

အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ

အီဂျစ်နိုင်ငံရှိ ဝဟာဘီအိုလမာ ဖက်မှ ကန်သွာရဟ်မြို့နူးရွလ်အီမာန်မစ်ဂျစ်ဒ်တွင်( الشيعه هم العدو فاحذروهم) ခေါင်းစဉ်ဖြင့် အဓိပ္ပာယ်မှာ      ( ရှီအာ ဟာရန်သူ ဖြစ်တယ် … ၎င်းနှင့် ရှောင့်ပါ ၊ကျဉ်ပါ ) ဆိုပြီး ညီလာခံ တစ်ခု ကို ကျင်းပခဲ့ပါသည်။ ထိုညီလာခံတွင် မိုဟမ္မဒ်အီဗရာဟီးမ် မန်စူရ် ၊ ရှိက်ခ် ဟိုစိုင်း(န) အဗူ ခိုင်းရ် ၊ ရှိက်ခ် မိုဟမ္မဒ် ဖရီးဒ် ၊ ရှိက်ခ် စအ်ဒ် ဇလ်ဟဖ် တို့ ပါဝင်ပြီး သွေးဆောင်ဖျားယောင် ခဲ့ပါသည်။

 ဤညီလာခံအား ဧပြီလ ၁၄ ရက်နေ့ တနင်္ဂနွေနေ့ ကျင်းပခဲ့ပါသည်။ ထိုညီလာခံတွင် အီဂျစ်ပါလီမန် အဖွဲ့ဝင် ဟောင်း မိုဟမ္မဒ်အီဗရာဟီးမ် မန်စူရ် အနေဖြင့် ပြောခဲ့သည်မှာ - ရှီအာ ပထမအဆင့်တွင် အဟ်လေ့ဘိုက် (အ.စ) ၏ မဇ်လူးမီးယသ်(အနှိပ်စက် အညှဉ်းပန်း၊ အသတ်ဖြတ်ခံရမှု များ )နှင့် ၎င်းတို့အား အချစ်မတ္တော ထားရန် သဗ်လီးဂ်လုပ်ကြပေသည်။

ဒုတိယအဆင့်တွင်သံသယကို ပြန့်ပွား၊အောင်ပြုလေသည်။သံသယမှာ(အကြင်မည်သူ ဆို အဟ်လေ့ ဘိုက်(အ.စ) ကို အချစ်ထားမည်ဆိုလျှင် ဘာဘဲလုပ်လုပ် တိုက်ရိုက် ဂျန္နတ်သုခဘုံသို့ သွားရောက်ရမည် ၊ပြီးနောက် ဆန်ကျင့်ဖက် အကြင်မည်သူ မဆို အဟ်လေ့ ဘိုက်(အ.စ) ကို အချစ်မ ထားမည်ဆိုလျှင် ဘာဘဲလုပ်လုပ် တိုက်ရိုက် ဂျဟန္နမ် ငရဲ ဘုံသို့ သွားရောက်ရမည် …) ဟုဖြစ်လေသည်။ဤကဲ့သို့ပြော ပြောပြီး ရိုးရိုးမွတ်စလင်များကို သဗ်လီးဂ် ပြုနေကြပါသည်။

အဗ်နာ - ၎င်း၏ပြောကြားချက်များသည် လက်ရှိ အကျော်အမော် ရှီအာ အိုလမာတို့၏ ရေးသားထားသည့်စာအုပ်များ ၊ဟောကြား ပို့ချထားသည့် ဗီဒီယိများဖြင့် ထင်ထင်ရှားရှား ရှီအာ မုန်းတီးရေး သီးသန့် သာ ပြုနေကြောင်း တွေ့ရပေလိမ့်မည်။

ရှီအာ မုန်းတီးရေးဝါဒ ဖြန့်နေသူ မိုဟမ္မဒ်အီဗရာဟီးမ် မန်စူရ်

အေဗ်နေသိုင်မီယာ ကျောင်းမှ ကျောင်းဆရာ ရှိက်ခ် မိုဟမ္မဒ် ဖရီးဒ် အနေဖြင့် ဤညီလာခံ တွင် ပြောကြား သည် မှာ - ရှီအာ သည် အရမ်း အန္တရာယ် ရှိပါသည်။ အကြင်မည်သူ မဆို ရှီအာ အန္တ ရာယ် ရှိသည်နှင့် ပတ်သက်ပြီး လျော့ ထွက်မည်ဆိုလျှင် ၎င်း သည် ရှီအာ သမိုင်း ကို     မလေ့လာထားသူ ဖြစ်ရပေမည်ဟုအခြေအမြစ်မရှိတရားမဲ့စွာ ပြောဆိုခဲ့ လေသည်။ 

 ပြီးနောက် ရှိက်ခ် စအ်ဒ် ဇလ်ဟဖ် စွပ်စွဲ ဆွဲချက်တင်ပြောကြားလေသည်။ ရှီအာဆိုသည်မှာ အေမာမ် ဟိုစိုင်း(န) (အ.စ) အား သတ်ဖြတ်ခဲ့သူများဖြစ်ပြီး မွတ်စလင်များ အပေါ် အမြဲ အလွဲသုံးစားပြုခဲ့သူ ၊ သစ္စာမဲ့သူများ ဖြစ် ကြပေသည် ဟု လေ့လာမှု မဲ့စွာ ကလေးများပမာ  စွပ်စွဲ ခဲ့လေသည်။

နိဂုံးချုပ်တွင် ရှိက်ခ် ဟိုစိုင်း(န) အဗူ ခိုင်းရ် အနေဖြင့် ရှီအာ နှင့်ပတ်သက်သည့် ဗီဒီယိုကလစ် နှင့် ဓာတ်ပုံ တစ်ချို့ ကို ပြသပြီး ရှီအာ      အကာအေဒ် (ယုံကြည်ချက်များ) အပေါ် ဝေဖန် စောဒက တက်ပြီး တက်ရောက်လာသည့် လူထုအား ဖျားယောင်လေ သည်။ ပြီးနောက်         ရှီအာ တို့သည် ကျမ်းတော်မြတ် ကုရ်အာန်သည် တမန်တော်မြတ်ကြီး (ဆွ) အပေါ် မကျရောက်မည် အလျင် အေမာမ် အလီ (အ.စ) အပေါ် ကျရောက်ခဲ့ ကြောင်း ယုံကြည်ထား သည်ဟု ဗလိုင်းကြီး စွပ်စွဲ ထားလေသည်။

ထင်ရှားပြတ်သားနေသည့်အချက်မှာ -

အီဂျစ်နိုင်ငံ၏ လူအများစုပါဝင် သည့်(အေခ်ဝန်နိုမွတ်စလေမီ)အဖွဲ့ ၏ အယူမသီး သည့် အိုလမာ နှင့်လူထု သည်ပြည်ထောင်စု           အစ္စလာမ်မစ်အီရန်နိုင်ငံနှင့်ဆက်ဆံရေးကောင်းသထက်ကောင်းပြီးတိုးတက်သထက်တိုးတက်ရန်ကြိုးပမ်း နေချိန်တွင်ဆော်ဒီနှင့်    ကာတာ ကြေးစား ဝဟာဘီ (စလဖီများ) အနေဖြင့် အီဂျစ်နိုင်ငံ၏ မြို့များ တွင်(ရှီအာကိုသတိထား…)၊ (ရှီအာအနာဂတ်အတွက် အန္တရာယ်…၊(ရှီအာရန်သူ ဖြစ်တယ်…၎င်းနှင့် ရှောင့်ကျဉ်ပါလေ..) ခေါင်းစဉ်များဖြင့်ညီလာခံများ၊ပြုပြီးအီဂျစ်လူထုအား သွေးဆောင်ဖျား           ယောင်နေပါသည်။ အီဂျစ်နှင့် အီရန်နှစ်နိုင်ငံ ဆက် သွယ်ရေး ကောင်းမည်၊ ပြေလည်မည်ဆို လျှင် ရှီအာ အီဂျစ်တွင် ပြန့်ပွား တိုးတက်     လာမည် ကို ဝဟာဘီများ အထူး စိုးရိမ် ပူပင်နေကြ ပေသည်။