အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ ဟဇရတ် အာယာသွလ် လ္လာဟ် အလ်အွဇ်မာ ဆရက် အလီ ခါမေနာအီ (ရဟ်ဗဲရ် အင်ကေလာဗ်) မှ ယနေ့ ဇွန်လ ၂၆ ရက်နေ့ မနက် တွင် အဆင့်မြင့်ဗဟိုတရားရုံးချုပ်၏ တာဝန် ခံများ ၊ အဆင့်မြင့်တရားသူကြီးများ ၊ တာဝန်ခံများ ၊ အစိုးရအရာ ရှိများနှင့်တွေ့ဆုံ ချိန်တွင် ဇွန်လ ၁၄ ရက်နေ့ ကကျင်းပခဲ့သည့် ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ ၁၁ ကြိမ် မြောက် သမ္မတ သစ် ရွေးကောက်ပွဲ တွင် အမှန်တရား ကို သိမြင်ပြီး ၊ အသိ၊သတိ ရှိရှိဖြင့် ဝင်ရောက် မဲပေးခဲ့သည့် ပြည်သူ လူထုအား ကျေးဇူးတင်ရှိကြောင်း စသည်ဖြင့် ရဟ်ဗဲရ် အင်ကေလာဗ် မှ မိန့် ကြားခဲ့ပါသည်။ဤ တွေ့ဆုံမှု အစီအစဉ် သည် အီရန်လ လေးလပိုင်း (သီးရ်လ) ၇ ရက်နေ့ သက္ကရာဇ် ၁၃၆၀ ခုနှစ် ၃၂နှစ်အလျင် ဟဇရတ်အာယာသွလ် လ္လာဟ်ဆရက် ဗေဟေရှ်သီ (ရ.ဟ) အပါအဝင် အရေးပါ အရောရောက်သည် ပုဂ္ဂိုလ်ပေါင်း ၇၂ ဦး တစ်ချိန် တည်း ဗုံးကြောင့် ရှဟီးဒ် ဖြစ်ခဲ့ ရသည့် ဝမ်းနည်းမှု အထိမ်းအမှတ် အတွက် ကျင်းပ ခြင်း ဖြစ်ပါသည်။ရဟ်ဗဲရ် အင်ကေလာဗ် အနေဖြင့် ဟဇရတ်အာယာသွလ် လ္လာဟ်ဆရက် ဗေဟေရှ်သီ (ရ.ဟ) နှင့်ပတ်သက်ပြီး ကြီးမားသည့် အိုလမာ မှ တစ်ပါး ဖြစ်ကြောင်း ၊ တကယ်ကို သာသနာနှင့်လူမျိုး အတွက် အကျိုး ဆောင်ခဲ့သည့် ပုဂ္ဂိုလမြတ်ဖြစ်ကြောင်း စသည် ဖြင့် မိန့်ကြားခဲ့ပါသည်။ ပြီးနောက် ဟဇရတ်အာယာသွလ် လ္လာဟ်ဆရက် ဗေဟေရှ်သီ (ရ.ဟ) ၏ ရှဟီးဒ် အကြောင်းနှင့် ဤ ကဲ့သို့ ရှဟီးဒ် ဘွဲ့ ကို ၇၂ ဦးမှ ခံယူခံကြ ပြီး မိုနာဖေက် (အရေခြုံ) များ မကောင်းသည့် မသန့်ပြန့်သည် ရုပ်များ ပြည်သူ လူထုအတွက် ထင်ရှား သွား ပြီး မိုနာဖေက်များ အတွက် နိုင်ငံတော် အတွင်း အသက်ရှင် သန်မှု လမ်း အဆုံး သတ်သွားရကြောင်း ၊ ဤအဆုံးသတ် မှု သည် အီရန် အတွက် အကြီးမားဆုံးအောင်မြင်မှု ဖြစ်ကြောင်း စသည်ဖြင့် မိန့်တော်မူခဲ့လေသည်။ ရဟ်ဗဲရ် အင်ကေလာဗ် အနေဖြင့် အဆင့်မြင့် ဗဟိုတရားရုံးချုပ်၏ အကြီးဆုံး တာဝန်ခံ ဥက္ကဋ္ဌ ဟဇရတ် အာယာသွလ် လ္လာဟ် အာမိုလီ လာရီဂျာနီ ၏ အကျိုး ရှိ ၊ ဆင်ခြင်တုံးတရား ပါသည့် တင်ပြမှု အစီရင်ခံစာ နှင့် တရားရုံး ဆိုင် ရာ တာဝန်ခံများ အားလုံး ၏ ကြိုးပမ်းမှု များ အကျိုး ဆောင်ခဲ့မှု များ ၊လှုပ်ရှား မှုများ အတွက် ကျေးဇူးတင်ကြောင်း စသည်ဖြင့် မိန့်ကြားခဲ့လေသည်။အကျဉ်းချူပ်တင်ပြရလျှင် ရဟ်ဗဲရ် အင်ကေလာဗ် အနေဖြင့် ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ၏ ရွေးကောက်ပွဲတွင် ပြည်သူလူထု အနေဖြင့် မဲမပေးကြရန် ၊စသည်ဖြင့် အီရန် ရန်သူ အနောက်နိုင်ငံများ နှင့် မဟာမိတ်များ ၊ သစ္စာဖောက်များ မှ အစွမ်းကုန် ကြိုးပမ်း ခဲ့သော် လည်း မအောင်မြင်ခဲ့ကြောင်း စသည်ဖြင့် ဖြစ်ပေသည်။
၂၆ ဇွန် ၂၀၁၃ - ၁၉:၃၀
News ID: 434189
ရန်သူများ ၏ အဖက်ဖက်မှ အစီအစဉ်များ မအောင်မြင် မှုသည် အီရန်နိုင်ငံ ၏ အစ္စလာမ်မီ စံနစ် နှင့် ရွေးကော်ပွဲ ကြီးကြပ်ပေးခဲ့ကြသည့် တာဝန်ခံများ အပေါ် လူထုမှ ယုံကြည်စိတ်ချ မှု နှင့် အရွေးခံ သမ္မတလောင်းများ ၏ ဥပဒေစည်းမျဉ်း အပေါ် လိုက်နာမှု စသည်တို့ကြောင့် ဖြစ်ပေသည်။