၁၂ ဇူလိုင် ၂၀၁၃ - ၁၉:၃၀
ဖုန်းအားသွင်းလို့ရမည် ဆိုလာအိင်္ကျီ အိန္ဒိယက ထုတ်မည်

 

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ

အိန္ဒိယနိုင်ငံအခြေဆိုက် သိပ္ပံပညာရှင်တို့ရဲ့  ထူးထူးခြားခြား တီထွင် ဖန်တီးမှုများထဲမှ တစ်ခုပါပဲ။ ဝတ်ထားတဲ့ အိင်္ကျီကနေ ဖုန်းအပြင် အခြားသော Gadget များကို အားသွင်းပေးနိုင်မှာ ဖြစ်ပါတယ်။

ပုံမှာ မြင်တွေ့ရတဲ့ အိင်္ကျီမျိုး ဖြစ်ပါတယ်။ ဝတ်လိုက်ရင် သာမန် အိင်္ကျီများရဲ့  အလေးချိန်နဲ့ မထူးမခြားနားပါပဲ။ သို့ပေမယ့် သူ့မှာ ဆိုလာပြားပါပါတယ်။ ဆိုလာပြားကနေ ဆုပ်ယူတဲ့ စွမ်းအင်ကို သိုလှောင်ပေးမယ့် ဘက်ထရီအပြားလေးလည်း ပါဝင်ပါသေးတယ်။ USB ပေါက်ကို အိပ်ကပ်နားလောက်မှာ တပ်ဆင်ထားပြီး ကိုယ်အားသွင်းချင်တဲ့ ပစ္စည်းနဲ့ တိုက်ရိုက် ချိတ်ဆက်ရုံပါပဲ။

ရေစိုခံဖို့လည်း တီထွင်သူတို့ကြိုးစားထားပါတယ်။ ဒါမှ လျှော်ဖွတ်လို့ အဆင်ပြေမှာမို့ ဖြစ်ပါတယ်။ လျှော်ဖွတ်ချိန်တော့ ဘက်ထရီပြားလေး ခဏထုတ်ရမယ့် အနေအထားမှာ ရှိပါတယ်။

ဈေးနှုန်းကတော့ အိန္ဒိယ ရူပီ ၁၀၀၀ ရှိတယ်လို့ဆိုပါတယ်။  ဒီတော့ မြန်မာငွေနဲ့ဆို (လက်ရှိကာလပေါက်ဈေးအရ) တစ်သောင်းခြောက်ထောင်ကျပ် (၁၆၀၀၀ကျပ်) ရှိမှာ ဖြစ်ကြောင်း သိရပါတယ်။