အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ
ဆီးရီးယား တပ်မတော်အနေဖြင့် မိမိတို့နိုင်ငံ၏ တောင်ပိုင်း တွင် ဂျစ်ဗ်ဟသွန် နိုဆွရာဟ် (အစွန်းရောက် အဖျက်သမား အဖွဲ့) အဖွဲ့ဝင် များကို တိုက်ခိုက်ချေမှုန်း ခဲ့ရာ အဖျက်သမား၊သူပုန် ၄၀အား အောင်မြင်စွာ သုတ်သင် နိုင်ခဲ့ကြောင်း ပြောကြားခဲ့ ပါသည်။
ဂျစ်ဗ်ဟသွန် နိုဆွရာဟ် အဖွဲ့သည် အစွန်းရောက် ကမ္ဘာ့ သောင်းကြမ်းသူ အဖျက်သမား အဖွဲ့ ၊အစ္စလာမ် အမည်ခံ အလ် ကိုင်ဒါ ၏ အဖွဲ့ ခွဲ တစ်ခု ဖြစ်ပြီး ဆီးရီးယား နိုင်ငံ တွင်လက်နက်ကိုင်၍ တရားဝင် အစိုးရ အား ပုန်ကန် တိုက်ခိုက် နေသည့် အဖွဲ့ ၊ အပြစ်မဲ့ ပြည်သူပေါင်း ထောင်၊သောင်းများစွာ ကို လူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့၊သတ်ဖြတ်နေသည့် တရားခံ သူပုန် အဖွဲ့ ပင်တည်း ။