အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ ရခိုင်ပြည်နယ်ပဋိပက္ခ အထူးသတင်း
သံတွဲ မွတ်စ်လင်မ်များအား အကြမ်းဖက်မှုအတွက် အဓိက တရားခံများအဖြစ် ဖမ်းဆီး ခံထားရသည့် ရခိုင် အကြမ်းဖက် အဖွဲ့ ခေါင်းဆောင်များအား ပြန်လွတ်မပေးပါက ပြင်းထန်စွာ တုန့်ပြန်မည်ဖြစ်ကြောင်း ဦးခိုင်ပြည်စိုး၏ ခြိမ်းခြောက်မှု မီဒီယာများတွင် ထွက်ပေါ်လာခဲ့ပြီးနောက် အောက်တိုဘာ ၃ ရက်ည ၁၁ နာရီအချိန်တွင် ကျောက်ဆိပ်ကျေးရွာရှိ အစ္စလာမ် ဘာသာဝင်ပိုင် အိမ်များကို ရခိုင် အကြမ်းဖက်များက မီးရှို့ ဖျက်ဆီးလိုက်ကြောင်း ဒေသခံများက မြန်မာမွတ်စ်လင်မ် မီဒီယာသို့ သတင်းပေးပို့သည်။
“အခုအချိန်အထိ လောင်နေတုန်းပဲ ကျောက်ဆိပ်က ဦးခင်မောင်ရီနဲ့ ဦးအုန်းမောင်တို့ အိမ်ကိုရှို့တာပါ။ ဦးသိန်းမြင့် အိမ်လည်း လွတ်မယ်မထင်ဘူး” ပာု ဒေသခံတစ်ဦးက မြန်မာမွတ်စ်လင်မ် မီဒီယာသို့ သတင်းပေးပို့သည်။
သံတွဲမြို့နှင့် ၆ မိုင်အကွာရှိ ကျောက်ဆိပ်ရွာတွင် အစ္စလာမ် ဘာသာဝင်ပိုင် အိမ် ၃ လုံးသာ ရှိကြောင်းလည်း သိရသည်။
အထက်ပါ မီးရှို့မှု မဖြစ်ပွားမှီ အောက်တိုဘာလ ၃ ရက် နေ့လည် ၃ နာရီဝန်းကျင် အချိန်တွင် ဦးသိန်းမြင့်အား ရာအိမ်မှုး သန်းရွှေက နေအိမ်မှ ထွက်ပေးရန် ခြိမ်းခြောက် အသိပေးမှု ရှိခဲ့ကြောင်းလည်း သိရသည်။
“ဘာဖြစ်လို့ ထွက်ပေးရမှာလဲလို့ ပြန်မေးတော့ ညရောက်မှ အကြောင်းသိမယ်ပာု ရခိုင်လူမျိုး ရာအိမ်မှုး သန်းရွှေက ပြန်ပြောကြောင်း ဦးသိန်းမြင့်နှင့် နီးစပ်သူ တစ်ဦးက မြန်မာမွတ်စ်လင်မ် မီဒီယာ သို့ပြောသည်။
ကျောက်ဆိပ်ရွာ ရှိအစ္စလာမ် ဘာသာဝင်များ အကြမ်းဖက် တိုက်ခိုက်ခံနေရမှုနှင့် ပတ်သက်ပြီး သံတွဲ မီးသတ်သို့ ည ၁၂ နာရီ အချိန်တွင် ဖုန်းဆက် အကြောင်းကြားရာ မီးလောင်မှု ဖြစ်စဉ်အား မိမိတို့ သိရှိခြင်း မရှိသေးကြောင်း ပြန်လည် ဖြေကြားပြီး၊ အကြမ်းဖက် မီးရှို့မှုဖြစ်စဉ်အား ခရိုင် ရဲတပ်ဖွဲ့မှုး ဦးကျော်တင့်ထံသို့ ဖုန်းဆက် အကြောင်း ကြားရာတွင်လည်း ဖြစ်စဉ်အား သိရှိခြင်း မရှိသေးကြောင်း ဖြေကြားသည်ပာု ဒေသခံ တစ်ဦးက မြန်မာမွတ်စ်လင်မ် မီဒီယာ သို့ပြောသည်။

ရခိုင်ပြည်နယ် သံတွဲမြို့ ရခိုင် အကြမ်းဖက်အဖွဲ့ အဓိက ခေါင်းဆောင်များ(ဝဲမှ => ရဲအောင်လံ – ကျော်ကျော် (ခ) ထွန်းသန့်ကျော်၊ ဌေးအောင်၊ ဝင်းကိုလေး)
သံတွဲ မွတ်စ်လင်မ်တို့အား ရခိုင် အကြမ်းဖက်များက အကြမ်းဖက် တိုက်ခိုက်မှုများ စက်တင်ဘာလ ၃၀ မှ စတင်ကာ နေ့စဉ် လုပ်ဆောင်လာကြသဖြင့် RNDP ဥက္ကဌ မောင်ပု၊ ဘာသာရေး အစွန်းရောက် ဂိုဏ်းဝင် သိန်းဝင်းနှင့် သိန်းဇံ ပါ ၆ ဦးကို အာဏာပိုင်များက အောက်တိုဘာလ ၃ရက်နေ့တွင် ဖမ်းဆီးလိုက်ကြောင်း BBC သတင်း တစ်ရပ်တွင် ဖေါ်ပြထားသည်။
သတင်း – SK (MMM)