အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန၊အဗ်နာ
“ကျွန်တော်တို့က နွားပေါ်မှ ဈေးထဲမှာရောင်းရမှာ၊ နွားကို စည်ပင်က လေလံပစ်တယ်၊ ဘုန်းကြီးက နွားသတ်လိုင်စင် ဆွဲထားတယ်၊ ၂၀၁၂-၂၀၁၃ တစ်နှစ်လုံးစာ ဆွဲထားတယ်၊ မွတ်စလင်မ်တွေ စားစရာမရှိအောင်၊ နေစရာမရှိအောင်၊ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေတာ၊ ဘုန်းကြီးရဲ့ အလုပ်တွေပေါ့” ဟု ပန်းတနော် ဒေသခံက ပြောသည်။
ပန်းတနော် (မြတောင် – ကျောင်းတိုက်မှ ဆရာတော်) နှင့် အချို့မြို့နယ် အသီးသီးမှ ဆရာတော်များက မွတ်စလင်မ်များ စီးပွားရေး လုပ်လို့ မရအောင် နွားများကို နွားသတ်လိုင်စင် ဆွဲနေကြောင်း ၎င်း ဒေသခံ အမည်မဖော်လိုသူများက မြန်မာမွတ်စလင်မ် မီဒီယာသို့ သတင်းပေးပို့သည်။
“ဒီလိုမျိုး လုပ်လို့မရဘူး၊ ဘုန်းကြီးနဲ့ နွားသတ်လိုင်စင် ဆွဲတာနဲ့ ဘာမှမဆိုင်ဘူး၊ တကယ်လို့ လုပ်ရင်လည်း အာဏာပိုင်တွေက အရေးယူရမယ်၊ ဒီလို အလုပ်တွေ လုပ်နေတာတွေဟာ ဘုန်းကြီးတွေနဲ့ ဘာမှ မသက်ဆိုင်ဘူး” ဟု ရွှေတောင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒ န္တပဏ္ဍဝံသ (ဦးပြည်ကျော်) က နယ်တချို့မှ နွားများ နွားသတ်လိုင်စင် ဆွဲနေသော ဘုန်းကြီးတချို့နှင့် ပတ်သက်ပြီး မြန်မာမွတ်စလင်မ် မီဒီယာသို့ မိန့်ကြားခဲ့သည်။
ပန်းတနော်၊ ကျောင်းကုန်းမြို့မ၊ ညောင်တုန်း၊ ဖျာပုံ၊ မအူပင်၊ ကျိုက်လတ်၊ ဘိုကလေး၊ မော်ကျွန်းတို့တွင် တရားမဝင် ဘာသာရေးသမား (၉၆၉) ဂိုဏ်းနှင့် ဘာသာရေး အစွန်းရောက် (၉၆၉) ဂိုဏ်းသမားများ လူအင်နဲ့ အားနဲ့ လိုက်လံ လေလံဆွဲနေကြောင်း ကိုလည်းပြောသည်။
“မွတ်စလင်မ်တွေအပေါ် ဘာသာရေး ခွဲခြားမှုမရှိဘဲ အရမ်းကောင်းတဲ့ ဘုန်းတော်ကြီးတွေ ရှိသလို၊ ဗုဒ္ဓဘာသာနဲ့ ဘုန်းတော်ကြီးအပေါ် အရမ်းကောင်းနေတဲ့ မွတ်စလင်မ်တွေ အများကြီး၊ အဲ့ဒါကိုဒီ (၉၆၉) အယောင်ဆောင် ဘုန်းတော်ကြီး အတုတွေက မသိတာလား၊ မမြင်ချင်ယောင် ဆောင်နေတာလား” ဟု ပန်းတနော် ဒေသခံက ထပ်မံပြောသည်။
ဈေးအသီးသီးတွင် မွတ်စလင်မ်အများဆုံး အမဲသားများ ရောင်းသလို၊ မွတ်စလင်မ် ဆိုင်မှ ရောင်းသော အမဲသားများကို မွတ်စလင်မ်သာ စားလို့ရသည်၊ တချို့ ဗုဒ္ဓဘာသာဝင် အများစုလည်း ဝယ်ယူ စားသုံးကြောင်း သိရသည်။
“ကျုပ်တို့လည်း အမဲသား ဝယ်စားတာပဲ၊ နောက် အိမ်မှာ အဆင်မပြေရင်လည်း ကျွန်တော်တို့နွားကို ပေါ်တဲ့ သူကို ပြန်ရောင်းရတာပဲ၊ အခု ဆရာတော်တွေက သတ္တဝါတွေ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ နွားသတ်လိုင်စင်ကို လေလံဆွဲတယ်၊ နွားပေါ်တဲ့သူမရှိရင် ကျွန်တော်တို့ အိမ်မှာ ဘာနဲ့စားရမှာလဲ၊ ကျွန်တော်တို့က တစ်ကောင်ကြွက် မဟုတ်ဘူး၊ ကျုပ်တို့က မိသားစုနဲ့ဗျ၊ သတ္တဝါတွေတောင် သနားနေရင် လူတွေကိုလည်း သနားလေ၊ ပိုက်ဆံပေးလေ၊ ထောက်ပံ့လေ၊ တချို့ ဆရာတော်ကြီးတွေ ကိုတော့ ကန်တော့ပါရဲ့ဗျာ” ဟု ကျောင်းကုန်းမြို့မ ဒေသခံ ဗုဒ္ဓဘာသာဝင် တစ်ဦးက ပြောသည်။
“ဘုန်းကြီးက ဘုန်ကြီးအလုပ်ပဲ လုပ်ပါ၊ သတ္တဝါတွေကို ကယ်ချင်ရင်၊ အရင် ဒုက္ခရောက်နေတဲ့ အိုးမဲ့ အိမ်မဲ့ဖြစ်နေတဲ့ မွတ်စလင်မ်တွေရော၊ ဗမာတွေရော၊ ခရစ်ယာန် တွေရော၊ ဟိန္ဒူတွေရော၊ ဆင်းရဲနေတဲ့ သူတွေအများကြီး၊ အရင်ကယ်ပါ၊ ဒီလို ဘုန်းကြီးတွေကိုလည်း ဂါရဝ မထားနိုင်ဘူး၊ တကယ်ကောင်းတဲ့ နိုင်ငံတော် သံဃာ့ မဟာနာယက ဆရာတော်ကြီးများကိုလည်း သိစေချင်တယ်၊ ဒီလို ကိစ္စမျိုးတွေ အောက်ခြေမှာ သောင်းကျန်းနေတာကို ကြည့်မနေပါနဲ့ဗျာ” ဟု အထက်ပါ ဗုဒ္ဓဘာသာဝင်က ထပ်မံပြောသည်။
၎င်းမြို့နယ် အသီးသီးမှ တရားမဝင် ဘာသာရေးသမား (၉၆၉) ဂိုဏ်းနှင့် ဘာသာရေး အစွန်းရောက် (၉၆၉) ဂိုဏ်းသမားများသည် အခြေပြု၍ ယခုချိန်ထိ ရည်ရွယ်ချက်ရှိရှိ မွတ်စလင်မ်များ နေစရာ၊ စားစရာမရှိအောင် ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။
သတင်း-ဇောင်းလေး (MMM)