” မိုဟရမ် “လ” မြင်ပြီးဆိုလိုက်တာနဲ့ ကျွန်ုပ်တို့ရှီအာတွေရဲ့ ရင်ထဲနှလုံးသားထဲမှာ ငိုကြွေးသံအဆက်အဆက် ပူဆွေးသောကအဆက်မပြတ် ယိုစီးဖိတ်စင်လာကြတယ် …။ထို့ကြောင့် အေမာမ်ဟုစိုင်း(န်).(အ.စ)၏ကရ်ဘလာစစ်မြေပြင်တွင် ရပ်တည်ခဲ့သည့်အဓိကရည်ရွယ်ချက်ကိုတင်ပြလိုပါတယ် …..။ အေမာမ်.(အ.စ)၏ရပ်တည်ခဲ့တဲ့ အဓိကရည်ရွယ်ချက်သည်က တမန်တော်မြတ်ကြီး(ဆွ)နှင့်အေမာမ်အလီ.(အ.စ)တို့၏လမ်းစဉ်အရ မှန်ကန်ဖြောင့်မတ်သည့် အစ္စလာမ်အုပ်ချူပ်မှုထူထောင်ရန်အတွက်ဖြစ်ပြီး ထိုအုပ်ချူပ်မှုတွင် အလ္လာဟိုအရှင်မြတ် သတ်မှတ်တော်မူထားသည့်ဥပဒေသများအား ထမ်းဆောင်ရန်၊သာသနာ၏အထိမ်းအမှတ်များအား ဖော်ထုတ်ရန်၊မြို့ ရွာများတည်ငြိမ်းအေးချမ်းစေရန်၊မကောင်းသောအလုပ်များမှ ရှောင်ကြဉ်ရန်နှင့်ကောင်းမွန်သော အလုပ်များကိုလုပ်ဆောင်ကာ အွမ္မ်သ်များအား ပြုပြင်ပြောင်းလဲပေးရန်တို့ဖြစ်သည် ..။ အေမာမ်ဟုစိုင်း(န်).(အ.စ)မိန့်တော်မှုသည်မှာ ကျွန်ုပ်တို့ ပြုလုပ်သမျှအလုပ်များသည် ပြိုင်ဆိုင်ရန်နှင့်လောက၏ ပစ္စည်းဥစ္စာများအားလက်ဝယ်ရရှိရန်အတွက်မဟုတ်သည်ကို အလ္လာဟ်ဟိုအရှင်မြတ်သိပါသည်။သို့သော်ကျွန်ုပ်တို့ရပ်တည်ရခြင်းရည်ရွယ်ချက်မှာ အရှင်မြတ်၏ သာသနာအတွင်းရှိနေသောအရာများအား သူ့နေရာနှင့်သူထားရှိချင်သောကြောင့်၊၄င်းညှင်းပန်းနှိပ်စက်ခံနေရသောသူများစိတ်ချစွာနေထိုင်ရန်၊အရှင်မြတ်၏သာသနာအတွင်းအမိန့်ပေးထားသော ဝါဂျစ်ဗ်၊မွစ်သဟ(ဗ်)၊စွန္န်သ် အလုပ်များကိုအေးချမ်းသာယာစွာပြုလုပ်နိုင်စေရန်နှင့်နိုင်ငံကျေးရွာများအားပြုပြင်ပြောင်းလဲခြင်းတို့ဖြစ်သည် ..။ အေမာမ်ဟုစိုင်း(န်).(အ.စ)၏ကရ်ဘာလာစစ်မြေပြင်တွင်ရပ်တည်ပေးခဲ့ခြင်း၏ရလဒ်များမှာ ကျွန်ုပ်တို့အတွက်ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရာတွင်ဖြစ်ပေါ်နေသည့် စိတ်ပိုင်းဆိုင်ရာ၊လူမှုရေးဆိုင်ရာအတားအဆီးများကိုဖယ်ရှားပစ်နိုင်ခဲ့သည် ..။လူအဖွဲ့စည်းတွင်လူသားအချင်းချင်းအား လွယ်လွယ်နှင့်အရူံးမပေးခြင်း၊မိမိတို့၏ လူပီသသည့်စိတ်ဓါတ်များအား ဘယ်အရာနဲ့မှ မရောင်းချစေခြင်း၊မကောင်းသောအုပ်ချုပ်သူများနှင့်ဆန့်ကျင်တိုက်ခိုက်စေခြင်း၊ရှိရှိသမျှသောအရာများအား အစ္စလာမ်သာသနာ၏ရည်မှန်းချက်များအတွက်အသက်ပါမနှမြောပဲ စတေးကြရန် သင်ကြားပေးခဲ့လေသည် …။ “ ပြီပြည့်စုံသော ဦးနှောက်ဥာဏ်တရားရှိသူသည် (ဟက္က်)တည်းဟူသောအမှန်တရားကို ခြေဖဝါးထပ်လိုက်နာခြင်းရှိသူပင်ဖြစ်သည် ” ( အေမာမ်ဟုစိုင်း(န်).(အ.စ) )
၂၉ အောက်တိုဘာ ၂၀၁၃ - ၂၀:၃၀
News ID: 476700