အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန
တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှာ ၁၉၇၀ ကျော် နောင်းပိုင်းကစလို့ ချမှတ် ထားတဲ့ One Child Policy ကို ပယ်ဖျက်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။ ပယ်ဖျက်တယ်ဆိုတာထက် ပြင်ဆင်တယ်ဆိုရင် ပိုမှန်ပါမယ်။
ယခု ချမှတ်လိုက်တဲ့ တိုင်းပြည် လူဦးရေ ထိန်းချုပ်ရေး ပေါ်လစီအရ သားသမီး ၂ ဦးအထိ ယူနိုင်ကြောင်း သိရ ပါတယ်။ ဒီအတွက် နောက်နှစ်ပေါင်းများစွာအထိ သေချာတွက်ချက်ပြီးတော့ ပြန်လည် ပြင်ဆင်လိုက်ခြင်း ဖြစ်ပါတယ်။ One Child Policy အရ Social Problem တွေအများကြီးကို ရင်ဆိုင်ခဲ့ရတာကြောင့် ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မှာတောင် အမျိုးသမီးဦးရေ ၁၀၀ ရှိရင် အမျိုးသားက ၁၁၈ ဦး ရှိပါတယ်။ အမျိုးသား ၁၈ ယောက် လောက်က ၁၀၀ အချိုးမှာ ပိုနေပြီး လူဦးရေ သန်း ၁၅၀၀ နီးပါး ရှိတဲ့ တရုတ်ပြည်မှာ အိမ်ထောင် မကျတဲ့ အမျိုသား ဦးရေက သန်း ရာကျော် ရှိလာစေ ပါတယ်။
One Child Policy ကြောင့်မို့ အမျိုးသားကိုပဲ အများစု လိုချင်တဲ့ တရုတ် မိသားစုတွေဟာ မိန်းကလေး မွေးရင် စွန့်ပစ်တာတို့ ကိုယ်ဝန်ဖြတ်ချ တာတို့ လုပ်ကြပါတယ်။ ဒါကြောင့် လူမှုရေး ပြဿနာတွေ ပိုဖြစ်လာခြင်း ဖြစ် ပါတယ်။ ဒါကြောင့်မို့ ဥပဒေကို ပြန်လည်ပြင်ဆင်ရန် ကြိုးပမ်းခြင်း ဖြစ် ပါတယ်။ သို့ပေမယ့် မိဘ ၂ ပါးက တစ်ဦးတည်းသောတွေ မဟုတ်ရင်တော့ ၂ ယောက်ယူခွင့်မရှိပါဘူး။ အရင်တုန်းက ဥပဒေအရ ပထမ ယူတဲ့ သားသမီးက သမီးဖြစ်နေရင် နောက်တစ်ယောက် ထပ်ယူခွင့်ရှိပါတယ်။ ဒါကလည်း လူတိုင်းမဟုတ်ပဲ စည်းမျဉ်း ဥပဒေ ကြီးပါတယ်။ ယခုတော့ ဘယ်လိုပဲ ဖြစ်ဖြစ် ရတော့မယ့အနေအထားပါ။
တရုတ်ပြည်သူများကရော၊ အစိုးရအဖွဲ့အစည်းများကပါ ယခု အသစ်ချ မှတ်လိုက်တဲ့ ဥပဒေကို ကြိုဆိုထောက်ခံကြကြောင်း သိရပါတယ်။
Knowledge = ကမ္ဘာ့လူဦးရေအများဆုံး ဖြစ်တဲ့ တရုတ်နိုင်ငံမှာ ၉.၅ ရာခိုင်နှုန်းက အလုပ်ရှိပြီး အလုပ်လက်မဲ့ မရှိသလောက် လူတိုင်း အလုပ်လုပ်ကြပါတယ်။.Ref: Xinhua