၂၃ ဇန်နဝါရီ ၂၀၁၄ - ၂၀:၃၀
မောင်တောမှ အကြမ်းဖက်မှု ရိုဟင်ဂျာ မွတ်စလင် ၄၀ ကျော် သေဆုံးခဲ့ဟု ကုလ သတင်းထုတ်ပြန်

 အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ

ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ မွတ်စလင်အမျိုးသမီး ၂ ဦး Photo- [Reuters]

- ရခိုင်ပြည်နယ် မောင်တောမြို့ ဒူချီရာတန်း (အလယ်တန်းရွာ)မှ ရိုဟင်ဂျာများအား ရခိုင်-ဗုဒ္ဓဘာသာ လူအုပ်စုကြီးက ဓားရှည်များ၊ တောခုတ်ဓားများဖြင့် အကြမ်းဖက်တိုက်ခိုက်ခဲ့မှုကြောင့် လူ ၄၀ ကျော်သေဆုံးခဲ့သည်ဟု ကုလသမဂ္ဂမှ ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Navi Pillay က ပြောကြားခဲ့ရာတွင် မောင်တော်မြို့ ဒူချီရာတန်း (အလယ်တန်းရွာ) ရွာတွင် ဇန်န၀ါရီ ၉ ရက်နေ့က ရိုဟင်ဂျာအမျိုးသား ၈ ဦးမှာ တိုက်ခိုက်သတ်ဖြတ်ခြင်းခံခဲ့ရသည်ဟု သတင်းများ ရရှိခဲ့ပြီးနောက်ပိုင်း သီတင်းပတ် တစ်ပါတ်ကြာတွင် အဆိုပါရွာ၌ပင် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားခဲ့ကာ အမျိုးသမီးနှင့် ကလေးငယ်များအပါအ၀င် အနည်းဆုံး ရိုဟင်ဂျာ ၄၈ ဦးသေဆုံးခဲ့သည့် သတင်းကိုလည်း ခိုင်လုံသော သတင်းရင်းမြစ်များမှ ရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။

 

” ဒူချီရာတန်း ရွာမှာ ဖြစ်ပွားခဲ့တဲ့ အသက်ဆုံးရှုံးမှုတွေအတွက် ၀မ်းနည်းမိပါတယ်။ ပြီးတော့ အာဏာပိုင်တွေအနေနဲ့ သမာသမတ်ကျပြီး၊ ထိရောက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပေးဖို့နဲ့၊ သေဆုံးသွားသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေအပေါ် တရားမျှတမှုတွေ ဆောင်ကျဉ်းပေးဖို့ ကျွန်မ တိုက်တွန်းပါတယ်” ဟု ပီလေးက ပြောကြားခဲ့သည်။

 

အဆိုပါရွာရှိ ရိုဟင်ဂျာများက ရဲတပ်ကြပ်တစ်ဦးအား ပြန်ပေးဆွဲခဲ့ပြီး သတ်ဖြတ်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် ဇန်န၀ါရီ ၁၃ ရက်နေ့တွင် ဒုတိယအကြိမ် အကြမ်းဖက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်သက်သေများနှင့် လူ့အခွင့်အရေး အဖွဲ့များက ပြောကြားခဲ့သည်။

 

သို့သော်လည်း ရခိုင်ပြည်နယ် အစိုးရနှင့် မြန်မာအစိုးရကမူ ထိုကဲ့သို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု သတင်းအား ငြင်းဆန်ခဲ့ပြီး၊ ကုလ၏ သတင်းထုတ်ပြန်မှုမှာ လုံးဝ မှားယွင်းသည်ဟု ပြည်ထောင်စု အစိုးရ၏ ပြန်ကြားရေး-ဒုဝန်ကြီး သမ္မတ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောကြားခဲ့သည်။

 

 

 

Source: AP