အဲဟ်လေ့ဘိုက်သ် (အ.စ) သတင်းဌာန ၊ အဗ်နာ
အစိုးရကို စစ်တပ်က ထိန်းချုပ်လိုက် ပြီဖြစ်ကြောင်း ပြောကြားရင်း အာဏာ သိမ်းလိုက်ပြီ ဖြစ်ကြောင်း ထိုင်းစစ်တပ်အကြီး အကဲက ပြောကြားသည်။ နိုင်ငံရေးမငြိမ်သက်မှု လပေါင်းများစွာ ကြာမြင့်ခဲ့ပြီးနောက် စစ်ဘက်က အာဏာသိမ်းလိုက်သည်ဟု ထိုင်းစစ်တပ် အကြီးအကဲက နိုင်ငံတော်သို့ ရုပ်သံမှပြောသော မိန့်ခွန်းတွင် ပြောသည်။
တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိရေး လုပ်ဆောင်ကာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ပြဋ္ဌာန်းသွား မည်ဟု ကြည်းတပ်အကြီးအကဲ ပရာယွတ်ချန်အိုချာက ပြောကြားသည်။ နိုင်ငံရေးပါတီများ ဒုတိယနေ့ ဆွေးနွေးပွဲများ လုပ်ဆောင်နေသော ဘန်ကောက်မြို့ ရှိအဆောက်အအုံကို စစ်တပ်က လုံခြုံရေးရယူလိုက်ပြီး ခေါင်းဆောင်များကို ခေါ်ဆောင်သွားခဲ့သည်။ ထိုင်းနိုင်ငံတွင် စစ်အုပ်ချုပ်ရေးဥပဒေ ချမှတ်လိုက်ကြောင်း စစ်ဘက်က အင်္ဂါနေ့တွင် ကြေညာခဲ့သည်။
နိုင်ငံတော်အား ပုံမှန်အခြေအနေသို့ အမြန်ဆုံးပြန်ရောက်စေရန် ကြည်းတပ်၊ ထိုင်းလက်နက်ကိုင်တပ်ဖွဲ့များ၊ တော်ဝင်လေတပ်နှင့် ရဲတပ်ဖွဲ့တို့ ပါဝင်သော အမျိုးသားငြိမ်းချမ်းရေး ထိန်းသိမ်းမှုကော်မတီက အာဏာသိမ်းရန် လိုအပ်သည်ဟု မေလ ၂၂ ရက် ညနေ ၄ နာရီခွဲတွင် ကြည်းတပ်အကြီးအကဲ ပရာယွတ်ချန်အိုချာက ပြောသည်။ ထိုင်းနိုင်ငံရေး
By 7Day News
၂၂ မေ ၂၀၁၄ - ၁၆:၁၅
News ID: 610602