အဲဟ်လေ့ဘိုက်(သ) သတင်းဌာန ၊အဗ်နာ
ISIL (ခ) သက္က်ဖီးရီး(ခ) ဒါအေရှ် (ခ)အကြမ်းအစ္စလာမ်ခုတုံး စစ်သွေးကြွ အဖွဲ့များက လူမဆန်စွာ ဖြင့် အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်က အီရတ်ရှိ မြို့ တစ်ချို့ တိုက်ခိုက် အနှောက်အယှက်ပြုနေခြင်းကြောင့် ဘဂ္ဂဒတ်မြို့ ရှိ အမေရိ ကန်သံရုံးအား ကာကွယ်ရန် အမေရိ စစ်သားများကို အားဖြည့်ခဲ့ကြောင်း သိရှိခဲ့ရပါသည်။
လူဦးရေ ၂ သန်းခန့် နေ ထိုင်သည့် မူစဲလ်မြို့ က လွန်ခဲ့သည့် ၈ရက်က သိမ်းပိုက်ခဲ့ပြီးနောက် ISIL (ခ) သက္က်ဖီးရီး(ခ) ဒါအေရှ် (ခ)အကြမ်းဖက်၊အစ္စလာမ်ခုတုံး စစ်သွေးကြွ အဖွဲ့ မှာ အခြားသော မြို့ များ ကိုလည်း ဆက်လက်သိမ်းပိုက်နေပြီး အရပ်သားများအပါအ၀င် လက်ရှိမစိုးရဝန်ထမ်း အများအပြား ကို အကြင်အနာကင်းမဲ့စွာ၊အစ္စလာမ့်တရားတော်ကို ပေါ်တင်ဆန်ကျင့်ပြီး သတ်ဖြတ် နေပါသည်။
စွန်နီရှီအာ အရပ်သားများပါဝင်သည့် အီရတ်ပြည်သူပြည်သူများကလည်း ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ်အလီ စစ်သာနီ၏ ဖသ်ဝါကို တသွေးမသိမ်းလိုက်နာပြီး အီရတ်လုံခြုံရေးတပ်များနှငိ့ပူပေါင်းက ရဲရဲတောက် ခုခံတိုက်ခိုက်မှုများပြုလုပ်နေသည်ဖြစ်ရာ ISIL (ခ) သက္က်ဖီးရီး(ခ) ဒါအေရှ် (ခ)အကြမ်းအစ္စလာမ်ခုတုံး စစ်သွေးကြွ အဖွဲ့ဝင်များ မရှုမလှ သေဆုံး နေရပါသည်။
ISIL (ခ) သက္က်ဖီးရီး(ခ) ဒါအေရှ် (ခ)အကြမ်းဖက်၊အစ္စလာမ်ခုတုံး စစ်သွေးကြွ အဖွဲ့သည် အီရတ် သမ္မတ ဟောင်း၊မင်းဆိုးမင်းညစ်ဆဒမ်ဟိုစိန် ၏ သွေးသောက်အကြွင်းအကျန်များ ဖြစ်သည့် အတွက် ၎င်းအဖွဲ့ကို ချေမှူန်းရန် လေယာဉ်တင်သင်္ဘောတစ်စင်းကို အမေရိကန်က ပင်လယ်ကွေ့အတွင်း မကြာသေးမီက ချထားခဲ့ပါသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကမူ ဒရုန်လေယာဉ်ဖြင့် တိုက်ခိုက်မှုများ ပြုလုပ်နိုင်သည်ဟု ယနေ့တွင် ပြောကြားခဲ့သည်။

ISIL (ခ) သက္က်ဖီးရီး(ခ) ဒါအေရှ် (ခ)အကြမ်းဖက် ၊အစ္စလာမ်ခုတုံး စစ်သွေးကြွ အဖွဲ့၏ လူမဆန်သည့် ၊အစ္စလာမ် ဥပဒေမှ ခွင့်မပြုထားသည့် နမူနာ လက်ရာတစ်ခု
ISIL (ခ) သက္က်ဖီးရီး(ခ) ဒါအေရှ် (ခ)အကြမ်းဖက် ၊အစ္စလာမ်ခုတုံး စစ်သွေးကြွ အဖွဲ့ သည် အလ်ကိုဒ်ဒါအဖွဲ့ခွဲလည်း ဖြစ်ပြီး ကမ္ဘာ့ က အစ္စလာမ်ဘာသာအား သောင်ကြမ်းသူ ၊အဖျက်သမား၊လူသတ်သမားဟုထင်အောင် နာမည် ပျက် အောင် လှုပ်ရှားမှုများပြုနေကြပါသည်။
မှတ်ချက် ။ ။ ISIL (ခ) သက္က်ဖီးရီး(ခ) ဒါအေရှ် (ခ)အကြမ်းဖက် ၊အစ္စလာမ်ခုတုံး စစ်သွေးကြွ အဖွဲ့ အား မြန်မာမွတ်စလင်မီဒီယာတစ်ခုမှ ISIL အဖွဲ့ ဟုသာရေးထားသည်မှာ အံ့သြစရာပင်။ ISIL အဖွဲ့ သည် စွန်နီ အဖွဲ့လည်းမဟုတ်ပါ။ အစွန်းရောက် သက္က်ဖီးရီး၊စလ်ဖီး၊ဝဟာဘီ အဖွဲ့ဖြစ်ပြီး ဆော်ဒီ ၊ကာတာ စသည့် အာရပ်နိုင်ငံများ အထူးသဖြင့် ရှီအာ မုန်းသည့်နိုင်ငံများသူများမှ အကူအညီ အထောက်အပံ့ပေးနေပါသည်။