အဲဟ်လေ့ဘိုက်(သ)(အ.စ)သတင်းဌာန။အဗ်နာ
စပိန်နိုင်ငံက နွားရိုင်းနှင့် အပြေးပြိုင်သောပွဲ
စပိန်နိုင်ငံ အရှေ့ပိုင်းက Denia လို့ အမည်ရတဲ့ မြို့ငယ်လေးမှာ နှစ်စဉ် ကျင်းပ တဲ့ ပွဲ တစ်ခု ရှိပါတယ်။ ယင်းကတော့ ထူးထူးခြားခြား နွားရိုင်းတွေနဲ့ အပြေး ပြိုင် တဲ့ Bulls in the Sea ခေါ် နွားရိုင်းနဲ့ လူ အပြေးပြိုင်ပွဲ ဖြစ်ပါတယ်။ နှစ်စဉ် အငြင်းပွား မှုများ ရှိပေမယ့် ကျင်းပနေဆဲ ဖြစ်ပါတယ်။
မြို့ရဲ့ ရပ်ကွက်လမ်းမကြီး တစ်ခုကို အခြေတည်ပြီး မီတာ ၈၅၀ အကွာ လမ်းထဲမှာ ပြေးကြခြင်း ဖြစ်ပါတယ်။ ရွေးချယ်ထားတဲ့ နွားသိုး များကို ဂိတ်ကနေ စလွတ်လိုက်ပြီး လူများက အရှေ့ကနေ ပြေးရ ပါတယ်။ နှစ်စဉ် ပွဲတိုင်းမှာ ထိခိုက် ဒဏ်ရာ ရမှု၊ အသက်အန္တရယ်စိုးရိမ် ရမှု များစွာ ရှိပါတယ်။ ယခုနှစ်ပွဲ များရဲ့ ပုံရိပ် အချို့ကတော့ ပုံမှာ မြင်ရသလို ပါပဲ။
အဓိက အချက်ကို ထိုးနှက် တိုက်ခိုက် ရလောက်အောင် နွားရိုင်း များကို သေချာ သင်ပေးထားသလား အောင့်မေ့ ရပါတယ်။ အများစုဟာ အမျိုးသားတို့ အင်္ဂါနေရာကို အထိများ ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်း မှာလဲ ၃ ဦး ဆေးရုံတင်ရကြောင်း ဆိုပါတယ်။ နိုင်ငံတကာ တိရစ္ဆာန် အခွင့်အရေး ကာကွယ်စောင့်ရှောင့်ရေး ကလည်း တားမြစ် ထားတဲ့ ပွဲ ဖြစ်ပေမယ့် စပိန်မှာ နွားရိုင်းနဲ့ ပက်သက်လို့ ပွဲပေါင်း မြောက်များစွာ ရှိနေ ပါသေးတယ်။
REF; ရိုးရာလေး