အဲဟ်လေ့ဘိုက်(သ)(အ.စ)သတင်းဌာန။ ။အဗ်နာ
မန္တလေးပဋိပက္ခ အတွင်း လူသတ်မှုတွင်ပါဝင်သူ ၁၄ ဦးကို ဖမ်းမမိသေး
မန္တလေးမြို့အတွင်း ယခုလ ဆန်းပိုင်းက ဖြစ်ပွားခဲ့ သည့် လူသတ် မှုနှစ်ခုတွင် အဓိက ကျူးလွန်ခဲ့ သူများနှင့် ပူးပေါင်း ပါဝင်ခဲ့သူ စုစုပေါင်း ၁၄ ဦးခန့်ကို ယနေ့အချိန်ထိ လိုက်လံရှာဖွေနေ ဆဲဖြစ်ကြောင်း သတင်းရရှိ သည်။
ဇူလိုင် ၂ ရက် ည ၁၂ နာရီ ခွဲခန့်က (၃၄)လမ်းနှင့် (၃၅)လမ်းကြား၊ (၈၃)လမ်းပေါ်တွင် ဖြစ် ပွားခဲ့သည့် ဗုဒ္ဓဘာသာဝင် ကိုထွန်းထွန်းသေဆုံး မှုဖြစ်စဉ်၌ ပါဝင်ခဲ့ သူစုစုပေါင်း ခြောက်ဦးရှိရာမှ လက်ရှိအချိန်တွင် နှစ်ဦးကိုသာ ဖမ်းမိပြီး စစ်ဆေးမှုများပြုလုပ် နေကြောင်း၊ ယင်းသေဆုံးမှုဖြစ် စဉ်ဖြစ်ပွားပြီး နာရီပိုင်းအကြာ ဇူလိုင် ၃ရက် နံနက် ၅ နာရီခန့်က(၈၃)လမ်း၊ (၃၀)လမ်းအနီး ဖြစ်ပွားခဲ့သည့် အစ္စလာမ်ဘာသာ ဝင် ကိုစိုးမင်း သေဆုံးမှုဖြစ်စဉ် တွင်လည်း ကျူးလွန်သူအပါအ ဝင် ပူးပေါင်းပါဝင်ခဲ့သူ ၁၆ ဦးခန့်ရှိခဲ့ကြောင်း ယင်းတို့အနက် ခြောက်ဦးခန့်ကို ရဲတပ်ဖွဲ့က စစ်ဆေးနေပြီဖြစ်သော်လည်း ကျန် ၁၀ ဦးခန့်ကို ဖော်ထုတ်နိုင်ရန် ဆောင်ရွက်နေ ဆဲဖြစ်ကြောင်း မန္တလေး ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယ ရဲမှူးကြီးစိန်ထွန်း ကပြောသည်။
‘‘ဝိုင်းဝန်းပါတဲ့ သူတွေရော၊ အဓိကတရားခံ တချို့ရော မိဖို့လို သေးတယ်။ လက်ရှိစစ်ဆေးချက် တွေအရ ပြစ်မှုကျူးလွန်တဲ့ သူတစ် ယောက်စ၊ နှစ်ယောက် စတော့ ပါတာပေါ့။ တိမ်းရှောင် နေတာ တွေလည်းရှိနေ သေးတယ်’’ဟု ဒုတိယ ရဲမှူးကြီး စိန်ထွန်းက ပြော သည်။ လူသတ် မှုနှစ်ခုနှင့် ပတ် သက်သည့် တရားခံများ ကျန်ရှိ နေသေးသောကြောင့် ယင်းဖြစ် စဉ်များတွင် ပါဝင်သည် ဟူသော စွဲချက်ဖြင့် ဖမ်းဆီးစစ်ဆေး မှုများ ခံထားရသည့် လူရှစ်ဦးကိုမူ ယနေ့အချိန်ထိ တရားစွဲဆို မှုမပြု လုပ်နိုင်သေးကြောင်း၊ တရားစွဲဆို မှုများပြု လုပ်နိုင်ရန် အမှုများကို တည်ဆောက်နေ ဆဲဖြစ်ပြီး ကျန် ကွင်းဆက် တရားခံများကို ဆက် လက်ဖမ်းမိနိုင် ရေးဆောင်ရွက်နေ ရဆဲဖြစ်ကြောင်း ၎င်းကပင် ဆက် လက်ပြောသည်။
ဇူလိုင် ၁ ရက်မှ ၄ ရက်အထိ မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သည့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ များအတွင်း အမျိုးသားနှစ်ဦး သေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦး အပါအဝင် လူ ၂၀ ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ ယင်းပဋိပက္ခဖြစ်စဉ်မှ လူ သတ်မှု၊ နာကျင်စေမှု၊ မီးရှို့မှု၊ ဘာသာရေးအဆောက်အအုံများ ဖျက်ဆီးမှု၊ ရုန်းရင်းဆန်ခတ်မှု၊ သွေးထိုးလှုံ့ဆော်မှု၊ လက်နက်မှု၊ ရဲအက်မှုများဖြင့် စုစုပေါင်း ၁၉ မှု အရေးယူထားပြီး ၄၉ ဦးကို ဖမ်းဆီးထားကြောင်း ယခုလ ၂၀ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာနကထုတ်ပြန်ကြေညာထားသည်။
REF;ရိုးရာလေး