၂၂ ဩဂုတ် ၂၀၁၄ - ၁၀:၀၂
အာယာသွလ္လာဟ် ဝဟီးဒ် ခိုရာစာနီ ဦးဆောင်သည့် မာတမ်ပြု အဖွဲ့ အဇါဒါရီ ပြုလုပ်

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဝဟီးဒ် ခိုရာစာနီ ဦးဆောင်သည့် မာတမ်ပြု အဖွဲ့ သည့် ယနေ့နေမွန်းတည့်ချိန် တနည်းအားဖြင့် အေမာမ်ဂျအ်ဖရ်ဆွာဒစ်(အ.စ) ၏ရှဟာဒသ်နေ့ တွင် ဒေသ စံတော်ချိန် ၁၂နာရီ တိတိ တွင် သခင်မကြီး ဟဇရသ် မာစူမာယေကွမ်း (စ.အ) ၏ရောင်ဇာတော် ဖက်သို့ ထွက်ခွာခဲ့ပါသည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ             
မရ်ဂျာယေသက္က်လီးဒ်တော်များမှ တစ်ပါး ဖြစ်သည့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဟိုစိန်(န) ဝဟီးဒ် ခိုရာစာနီ ယနေ့ သြဂုဏ်လ ၂၂ရက်နေ့ သောကြာနေ့တွင် စစ်မှန်၊မှန်ကန်သည့်(အစ္စလာမ်) ရှီအာတို့၏ ရှေ့  ဆောင်အေမာမ်(အ.စ) ကြီးအေမာမ် ဂျအ်ဖရ်ဆွာဒစ်(အ.စ) ရှဟာဒသ်နေ့ အချိန်အခါ တွင် ဖိနပ်မစီးဘဲခြေလျှင် မာတမ်ပြု အဖွဲ့ နှင့်အတူ သခင်မကြီး ဟဇရသ် မာစူမာယေကွမ်း (စ.အ) ၏ရောင်ဇာတော် ဖက်သို့ ထွက်ခွာခဲ့ပြီး အဇါဒါရီ ပြုခဲ့ ပါသည်။


ဟဇရသ် အာယာသွလ္လာဟ် ကြီးနှင့်မာတမ် ပြု အဖွဲ့သည် ဟဇရသ် အာယာသွလ္လာဟ်၏ရုံးတည်ရှိသည့် ရှိုဟဒါလမ်းမကြီးရှိ လမ်းသွယ်အမှတ် ၂၃မှစတင်ထွက်ခွာလာကြပြီး သခင်မကြီး ဟဇရသ် မာစူမာယေ ကွမ်း (စ.အ) ၏ ရောင်ဇာတော်အထိ အဇါဒါရီ ပြုခဲ့ ကြလေသည်။


မှတ်သားစရာ အချက်တစ်ခုသည်က နှစ်များစွာကပင်    ဓလေ့တစ်ခုပမာ ဖြစ်နေသည်အရာတစ်ခုမှာ -  အချို့   မရ်ဂျယေသက္က်လီးဒ်တော်များသည် ဤကဲ့သို့  အရေးကြီးရက်များ ဟဇရသ်အလီ(အ.စ) ၏ ရှဟာဒသ်နေ့ ၊ ဟဇရသ်ဖွာတွေမာသခင်မ (အ.စ) ၏ ရှဟာဒသ်နေ့ ၊ ဟဇရသ်အေမာမ် ဂျအ်ဖရ်ဆွာဒစ် (အ.စ) ၏ ရှဟာဒသ်နေ့ တို့တွင် ဖိနပ်မစီးဘဲခြေလျှင် မာတမ်ပြု အဖွဲ့ များ နှင့်အတူ အဇါဒါရီပြုလေ့ရှိ ပေသည်။