ရှီအာအတု
ဟဒီးစ်တော် (၂၈)
قال الصّادق ع : كَذَبَ مَنْ زَعَمَ أَنَّهُ مِنْ شِيعَتِنَا وَ هُوَ مُتَمَسِّكٌ بِعُرْوَةِ غَيْرِنَا.
بحارالاتوار جلد 2
စကားပြေအဓိပ္ပာယ်
အေမာမ်ဂျအ်ဖရ်ဆွာဒစ် (အ.စ)မိန့်တော်မူလေသည်။
အကြင် မည်သူမဆို ကျွန်ုပ်တို့ (အဟ်လေ့ဘိုက်(သ) (အ.စ) ) မှ အပ အခြား သူများကိုမြဲမြံစွာ ဆုပ်ကိုင်ထားမည်။ ပြီးနောက်လည်း ရှီအာ ဟု ထင်နေ မည်ဆိုလျှင် အမှန်တကယ်သည် လူလိမ် ၊လူညာ ၊မုသားဆို သူပင် တည်း။
ညွှန်း - ဘေဟာ(ရ) ရွလ်အန်န၀ါရ်ကျမ်း အတွဲ ၂
သင်ခန်းစာများ
(၁) အဟ်လေ့ဘိုက်(သ)(အ.စ) မည်မျှ အရေးကြီးကြောင်း သိနိုင်ပေ သည်။
(၂) အဟ်လေ့ဘိုက်(သ)(အ.စ) မှအပ အခြားသူများကိုမြဲမြံစွာ ဆုပ်ကိုင် ပြီး ရှီအာ ဟုအော်နေသူများရှိနေသည့်အတွက်ကြောင့်ပင်တည်း။ ဟဒီးစ် တော် ဤ သို့လာခြင်းဖြစ်လေသည်။
________________________________________
ရှီအာများနှင့်အချစ်ထားခြင်းနှင့် အမုန်းထားခြင်း
ဟဒီးစ်တော် (၂၉)
عن ابن أبی نجران قال سمعت ابا الحسن ع یقول : مَنْ عَادَى شِيعَتَنَا فَقَدْ عَادَانَا وَ مَنْ وَالاهُمْ فَقَدْ وَالانَا لِأَنَّهُمْ مِنَّا خُلِقُوا مِنْ طِينَتِنَا مَنْ أَحَبَّهُمْ فَهُوَ مِنَّا وَ مَنْ أَبْغَضَهُمْ فَلَيْسَ مِنَّا
بحارالانوار جلد 65
စကားပြေအဓိပ္ပာယ်
အေဗ်နေအဘီနဂ်ျရာန်မှတဆင့်ရီဝါယသ်တော်လာရှိလေသည်။ အေမာမ်ရေဇာ (အ.စ) မိန့်တော်မူလေသည်။
အကြင်မည်သူမဆို ကျွန်ုပ်တို့၏ ရှီအာများနှင့်ရန်ငြိုးထားမည်ဆိုလျှင် ထိုသူသည် ကျွန်ုပ်နှင့်ရန်ငြိုးထားခြင်း မည်လေ၏။ အကြင်မည်သူမဆို ကျွန်ုပ် ၏ ရှီအာများ နှင့်အချစ်မေတ္တာထားမည်ဆိုလျှင် ၎င်းအနေဖြင့်ကျွန်ုပ်တို့နှင့် အချစ်မေတ္တာထားခြင်းမည်လေ၏။ အကြောင်းမှာ ၎င်းတို့သည် ကျွန်ုပ် တို့မှဖြစ်လေ၏။ ကျွန်ုပ်တို့အား ဖန်ဆင်းထားသည့် မြေသန့်မှ အဖန်ဆင်းခံရ သူများဖြစ်လေသည်။ မည်သူမဆို၎င်းတို့နှင့် အချစ်မေတ္တာထားလျှင်၎င်းသည် ကျွန်ုပ်တို့မှ ဖြစ်ပြီး မည်သူမဆို၎င်းတို့အား မုန်းတီးမည်ဆို လျှင်၎င်းသည် ကျွန်ုပ်တို့မှ မဟုတ်ချေ။
ညွှန်း ဘေဟာ(ရ)ရွလ်အန်န၀ါရ်ကျမ်း အတွဲ၆၅
သင်ခန်းစာများ
(၁) ရှီအာတွေဆိုင်မှာ မ၀ယ်ရဘူး၊ ရှီအာတွေနှင့်မဆက်ဆံရဘူး၊ အလုပ် မခန့်ရဘူး၊ အလုပ်မလုပ်ရဘူး။ စသည်ဖြင့် အသံကောင်းဟစ်နေသည့် မော်လ၀ီအတုအယောင်များ၊ ၀ဟာဘီ၊စလ်ဖီ၊ အမေရိကန်၊ အစ္စရေး၊ အစွန်းရောက် ×××ထုတ်မော်လ၀ီများနှင့် ၎င်းတို့နောက်လိုက်များ သတိ၊ အထူးအထူးပြုသင့်ပေသည်။ အမှန်တကယ်ရှီအာကို ပြောခြင်းမမည်ပေ၊ ကိုယ်တော်မြတ် ၏အနွယ်တော်မွန်များကို ပြောနေခြင်းမည်လေ၏။
(၂) ရှီအာများကို သတ်ဖြတ်နှိပ်စက်ခြင်းသည်လည်း အမှန်တကယ် အဟ်လေ့ဘိုက်(သ) (အ.စ) ကို သတ်ဖြတ်နှိပ်စက်ခြင်းမည်လေ၏။
(၃) ရှီအာအချင်းချင်းဖြစ်ပြီး ရန်ငြိုးထားနေသူများ၊ အကောက်ကြံနေသူများ၊ မနာလိုစိတ်ထားသူများလည်း ဂရုပြုစရာပင်။
(၄) ရှီအာ၏အဆင့်အတန်းသည် မည်မျှမြင့်မားကြောင်း အထင်အရှားတွေ့ နိုင်ပေသည်။
________________________________________
ကောင်းမှု၏ရလဒ်
ဟဒီးစ်တော် (၃၀)
قال الصّادق ع : شِيعَتُنَا مَنْ قَدَّمَ مَا اسْتَحْسَنَ وَ أَمْسَكَ مَا اسْتَقْبَحَ وَ أَظْهَرَ الْجَمِيلَ وَ سَارَعَ بِالْأَمْرِ الْجَلِيلِ رَغْبَةً إِلَى رَحْمَةِ الْجَلِيلِ فَذَاكَ مِنَّا وَ إِلَيْنَا وَ مَعَنَا حَيْثُ مَا كُنَّا.
بحارانوار جلد 68
စကားပြေအဓိပ္ပာယ်
အေမာမ်ဂျအ်ဖရ်ဆွာဒစ်(အ.စ) မိန့်တော်မူလေသည်။
ကျွန်ုပ်တို့၏ ရှီအာဆိုသည်မှာ ကောင်းမှုကုသိုလ်ဟု နားလည် သဘောပေါက်ထားသည် အလုပ်ကိုသာလုပ်ဆောင်ပြီး မကောင်းမှုဒုစရိုက် အလုပ်များ ဟုနားလည်သဘောပေါက်ထားသည့် အလုပ်များကို ရှောင်ကြဉ် လေ၏။ ကောင်းမှုများကို ထုတ်လုပ်နိုင်ပေသည်။ ကြီးကျယ်မြင့်မြတ်တော် မူသော် မြတ်အလ္လာဟ်ဟိုအရှင်မြတ်ရဟ်မသ်တော်ကို လိုလားတောင့်တပြီး ကြီးကျယ် မြင့်မြတ်သည့်အလုပ်များတွင် သူတစ်ပါးထက် ဦးအောင်လုပ်လေ ၏။ ဤအတွက်ကြောင့်ဤရှီအာသည် ကျွန်ုပ်တို့မှ ဖြစ်လေသည်။ ၎င်း၏ မျက်နှာမူရာ အရပ် ဦးထိပ်ထားမှု၊ ဂရုပြုမှုသည် ကျွန်ုပ်တို့ဖက်ဖြစ်လေသည်။ မည်သည်နေရာတွင်ရှိပါစေ ကျွန်ုပ်တို့နှင့်အတူ ရှိလေ၏။
ညွှန်း ဘေဟာ(ရ)ရွလ်အန်န၀ါရ်ကျမ်း ၆၈
သင်ခန်းစာများ
(၁) ကုသိုလ်တိုင်း၊ ကောင်းမှုတိုင်း၌ လက်မနှေးမှသာလျှင်မကောင်းမှု၊ ဒုစရိုက် များမှန်သမျှမှ ရှောင်ကြဉ်မှသာလျှင် ရှီအာစစ်မည်လေမည်။
(၂) ကောင်းသည့်နေရာမှပဲ သူတစ်ပါးထက်အရင်ဦးရမည်မှာ ရှီအာ ၏ သမိုင်း ပေးတာဝန်ပင်တည်း။ ထိုပြင့် ရဟ်မသ်သေ ခိုဒါကိုလည်း မေ့ထားရ၍ မရ ချေ။ ဤအတွက်ကြောင့် ကုသိုလ်လုပ်နေသည်ဟုသိရပေမည်။
(၃) အဟ်လေ့ဘိုက်(သ) (အ.စ) ကိုသာလျှင် အဓိကထားပြီး ဆင်းရဲရဲ၊ ချမ်းသာသာ အေးအေးပူပူရှီအာဖြစ်နေဖို့လိုပေသည်။ ငွေအသပြာ ကြောင့် မိန်းမကြောင့်၊ ရာထူးဂုဏ်များကြောင့် ရှီအာမလုပ်သူမဖြစ်စေရ။ ဤကဲ့သို့ ပြုခဲ့လျှင် မတော်တဆကံကောင်းခဲ့ လျှင်လည်း ဤဘ၀၌ခရီးတာဖြစ်ပြီး နောက် အာခေရသ်တွင် စပါယ်ရှယ်ခံရမည်ဆိုတာမမေ့သင့်ချေ။
၁ စက်တင်ဘာ ၂၀၁၄ - ၂၁:၁၃
News ID: 635051
အေမာမ်ဂျအ်ဖရ်ဆွာဒစ် (အ.စ)မိန့်တော်မူလေသည်။ အကြင် မည်သူမဆို ကျွန်ုပ်တို့ (အဟ်လေ့ဘိုက်(သ) (အ.စ) ) မှ အပ အခြား သူများကိုမြဲမြံစွာ ဆုပ်ကိုင်ထားမည်။ ပြီးနောက်လည်း ရှီအာ ဟု ထင်နေ မည်ဆိုလျှင် အမှန်တကယ်သည် လူလိမ် ၊လူညာ ၊မုသားဆို သူပင် တည်း။