အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
===============================

ပါကစ္စတန်နိုင်ငံက အမျိုးသမီးတွေ ပညာသင်ကြားခွင့်အတွက် လှုပ်ရှားသူ မာလာလာ ယူဆွတ်ဆိုင်း ကို ၂၀၁၂ ခုနှစ်က လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့တဲ့ တာလီဘန်အကြမ်းဖက် ၁၀ ဦးကို ဖမ်းဆီးရမိပြီလို့ ပါကစ္စတန်စစ်တပ်က စက်တင်ဘာလ ၁၂ ရက်နေ့က ပြောဆိုပါတယ်။
ဖမ်းဆီးခံရတဲ့ တာလီဘန်တိုက်ခိုက်ရေးသမား ၁၀ ဦးဟာ မာလာလာ အပြင် တခြားပစ်ခတ်မှု ၂၂ မှုအတွက်လည်း လိုအပ်နေသူတွေဖြစ်တယ်လို့ ပါကစ္စတန်စစ်တပ်ပြောခွင့်ရ ဗိုလ်မှူးချုပ် အာဆင်း ဆာလမ်း ဘာဂျဝါ Asim Saleem Bajwa က ပြောဆိုပါတယ်။
Pakistani schoolgirl activist Malala Yousafzai poses for pictures during a photo opportunity at the United Nations in the Manhattan borough of New York၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ မာလာလာ အသက် ၁၄ နှစ်အရွယ်မှာ ကျောင်းကားပေါ် အကြမ်းဖက်တွေ တက်လာပြီး မာလာလာ နာမည်ကို ခေါ်ပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။ မာလာလာ ရဲ့ လည်ပင်းနဲ့ ခေါင်းမှာ ကျည်ထိခဲ့ပြီး တခြားကျောင်းသူ ၂ ဦးလည်း ဒဏ်ရရခဲ့ကြပါတယ်။
တာလီဘန်တွေ ပိတ်ပင်ထားတဲ့ အမျိုးသမီးပညာရေးကို ထက်ထက်သန်သန်လုပ်လို့ ပစ်ခတ်ခဲ့တာလို့ တာလီဘန်တွေက တာဝန်ခံခဲ့ကြပါတယ်။ မာလာလာ ကို ဗြိတိန်နိုင်ငံကို အရေးပေါ် ခေါ်ယူဆေးကုသခဲ့ပါတယ်။
မာလာလာ ဟာ ပြီးခဲ့တဲ့နှစ်က အီးယူလူ့အခွင့်အရေးဆုကို ရရှိခဲ့ပြီး နိုဘယ်ငြိမ်းချမ်းရေးဆု အတွက်လည်း အမည်စာရင်းတင်သွင်းခံခဲ့ရပါတယ်။ မာလာလာ ပါကစ္စတန်နိုင်ငံမှာ ပြန်နေရင် အသက်အန္တရာယ်ရှိတာမို့ လက်ရှိအချိန်အထိ ဗြိတိန်နိုင်ငံမှာ ဆက်လက်နေထိုင်နေပါတယ်။