၁၄ စက်တင်ဘာ ၂၀၁၄ - ၀၂:၁၉
မလေးရှား နိုင်ငံမှ ဆီးရီးယားသို့ သွားခဲ့သည့် ဒါအေရှ်(ISIS) ထောက်ခံသူ အမျိုးသမီး ၂ဦး အဖမ်းခံရ

အစွန်းရောက်သောင်းကြမ်းသူအဖျက်သမားများ တိုက်ဖျက်ရေး ရဲဌာန ၏ လက်ထောက်တာဝန်ခံ မှ မလေးရှားနိုင်ငံ၏ မြို့ တော် ကွာလာလန်ပူ ရှိ မလေး လေဆိပ်တွင် ဆီးရီးယားနိုင်ငံ မှ စစ်ရေး ပညာရပ်များ သင်ယူပြီး ပြန်လာကြသည့် ဒါအေရှ်(ISIS) ထောက်ခံသူ အမျိုးသမီး ၂ဦး အား ဖမ်းဆီးခဲ့ ကြောင်း အသိပေး ကြေငြာခဲ့ပါသည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

======================== 



 
အလ်အာလာမ် သတင်းဌာန၏ ပြီးခဲ့အပတ် အင်္ဂါနေ့ အစီရင်ခံစာ အရ အယူးဗ်ခါန်မီးဒီး(န) မှ တင်ပြထားသည်မှာ - မလေးရှားနိုင်ငံသားများ ဖြစ်ကြသည့် အဖွဲ့တစ်ဖွဲ့ သည် ((ခေလာဖသ် သေ အစ္စလာမ်မီ)) အစ္စလာမ်ဆိုင်ရာသမ္မတ စနစ်ကို အရှေ့  တောင်အာရှ နိုင်ငံများဖြစ်ကြသည့် မလေးရှား၊အင်းဒိုးနီးရှား၊ထိုင်း၊ဖိလစ်ပိုင်နှင့် စင်ကာပူ တို့တွင် တည်ထောင်ရန် ရည်ရွယ်ချက်ဖြင့် ဆီးရီးယား နိုင်ငံ ရှိ အစွန်းရောက်သောင်းကြမ်းသူအဖျက်သမားများ ဖြစ်ကြသည့် ဒါအေရှ်(ISIS) အဖွဲ့တွင် သွားရောက် စစ်ပညာ သင်ယူခဲ့ကြကြောင်းပြောကြားခဲ့ပါသည်။.
၎င်းအနေဖြင့်ဆက်လက်ပြောကြားသည်မှာ - ၂၀၁၄ ခုနှစ် ဧပြီလမှ ဇွန်လိုင် လအထိ မလေးရှား နိုင်ငံတွင် ဗုံးပေါက်ကွဲရန် စီစဉ်ခဲ့သည့် အစွန်းရောက်သောင်းကြမ်းသူအဖျက်သမား ၁၉ ဦးအား ဖမ်းဆီး မိခဲ့ ကြောင်း ပြောကြားခဲ့ပါသည်။
အယူးဗ်ခါန်မီးဒီး(န) မှဆက်လက်ပြောကြားသည်ကား - အဖမ်းခံရသူ အစွန်း ရောက်သောင်းကြမ်း သူအဖျက်သမားများမှာ အသက် ၂၀ မှ ၅စအထိ ဖြစ်ကြကြောင်း ပြောကြားခဲ့ပါသည်။
၎င်းမှဆက်လက်ပြောကြားသည်မှာ -  မလေးရှားရဲအနေဖြင့် ဆီးရီးယားတွင်တိုက်ပွဲဝင်ဖို့ မလေးရှား အယောက် ၄၀ခန့် ပါဝင်ခဲ့ကြောင်း ယုံကြည်လက်ခံထားသည်ဟုဆိုလေ၏။
အခြားသတင်းဌာနမှ အစီရင်ခံ ထုတ်ပြန် ကြေငြာထားသည်မှာ - မလေးနိုင်ငံသားအလုပ်သမားအဲဟ်မဒ် သာရ်မီးမီ မာလစ်ကီမှ ၂၀၁၄ခုနှစ်မေလတွင်  ဗုံးပါ ကားအား ဆင်းနင်း၍ အသေခံဗုံးခွဲတိုက်ခိုက်ခဲ့မှုကြောင့် အီရတ် နိုင်ငံ၏ အထူးစစ်သား ၂၅ ယောက်သေဆုံးခဲ့ကြောင်း  ထုတ်ပြန် ဖော်ပြ ခဲ့ပါသည်။