၂၅ အောက်တိုဘာ ၂၀၁၄ - ၀၄:၁၈
အာယာသွလ္လာဟ် မဲဟ်ဒဝီကနီ ၏ အလ္လာဟ်အမိန့်ခံယူတော်မူခြင်း အတွက် မရ်ဂျာယေသက္က်လီးဒ် တော်များ၏ ဝမ်းနည်းကြောင်း ရင်ဖွင့်စကား

အာယာသွလ္လာဟ် မဲဟ်ဒဝီကနီ ၏ အလ္လာဟ်အမိန့်ခံယူတော်မူခြင်း အတွက် မရ်ဂျာယေသက္က်လီးဒ် တော်များမှ တစ်ပါးခြင်း ကိုယ်စီကိုယ်စီ ဝမ်းနည်းကြောင်း ရင်ဖွင့်စကားကိုပြောကြားခဲ့ကြပါသည်။


အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
မဂျလစ်စေ ခိုဗ်ရဂန်၏ အကြီးအကဲ ဥက္ကဋ္ဌ ဟဇရသ် အာယာသွလ္လာဟ် မဲဟ်ဒဝီကနီ ၏ အလ္လာဟ်အမိန့်ခံယူတော်မူခြင်း အတွက် မရ်ဂျာယေသက္က်လီးဒ် တော်များမှ တစ်ပါးခြင်း ကိုယ်စီကိုယ်စီ  ဝမ်းနည်းကြောင်း ရင်ဖွင့်စကားအား ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ၏ ပြည်သူ ၊ပြည်သားများကိုပြောကြားခဲ့ကြပါသည်။                                                                                                                                                                                                                                                                                                                                                                                                                                                                                                         
ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ စာဖီ ဂိုလ်ဗိုင်ဂါနီ
ဟဇရသ် အာယာသွလ္လာဟ်  မဲဟ်ဒဝီကနီ ၏ အလ္လာဟ်အမိန့်ခံယူတော်မူခြင်း နှင့်ပတ်သက်ပြီး  မိမိဝမ်းနည်း ကြေ ကွဲကြောင်း သတင်းစကားများပြောကြားရင်း မရ်ဟွမ် ဟဇရသ် အာယာသွလ္လာဟ်   ရှိက်္ခ မိုဟမ္မဒ် ရေဇာ မဲဟ်ဒဝီကနီသည် အာလင်မ် ၊ မိုဂျာဟစ်ဒ် ၊ အစ္စလာမ်မစ်တော်လှန် ရေး၏ (အရေး ကြီး) အကြီးအကဲအဖွဲ့ဝင် တစ်ဦး ဖြစ်ကြောင်း ၊ ပညာ၊ ဘာသာရေး ဆိုင်ရာ  ကျောင်းများတွင် လူငယ်လူရွယ်တို့၏ အတွေးအခေါ် ကို မြှင့်တင်ပေးခဲ့သည့် ၎င်း၏ ခေသမသ်များသည် ဂုဏ်ပြုထိုက်    ကြောင်း မိန့် ကြားခဲ့ပါသည်။
ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ စာဖီ ဂိုလ်ဗိုင်ဂါန မှ ဟဇရသ် အာယာသွလ္လာဟ်  မဲဟ်ဒဝီကနီ ၏ အလ္လာဟ်အမိန့်ခံယူတော်မူခြင်း အတွက် ဟောင်ဇေ အေလ်မီယေ များ ၊ ၎င်း၏ တပည့်များ ၊ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းများ  နှင့် ၎င်း၏ အိမ်သူအိမ်သား မိသားစုဝင်များ ကို ဝမ်းနည်း ကြေကွဲ ကြောင်း မိန့်ကြားရင်း မရ်ဟွမ် အတွက်  ဒိုအာယေ ရဲဟ်မသ်အေလာဟီ  တောင်းဆို ခဲ့ပါသည်။


ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ မကာရေမ် မို ရှီးရာဇီး
ဟဇရသ် အာယာသွလ္လာဟ်  မဲဟ်ဒဝီကနီသည် အစ္စလာမ် နှင့် မက်သဗ်အဲဟ်လေ့ဘိုက်(သ) (အ.စ) ကိုခုခံ ကာကွယ်မှု ပြုရတွင် ထိပ်ဆုံး တန်းမှ ပါဝင် ဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်ပြီး ၎င်း ၏ အလ္လာဟ်  ဟိုအရှင်မြတ် အမိန့်တော်ခံယူတော်မူခြင်း အဖို့ ဝမ်းနည်း ကြေကွဲ ကြောင်း မိန့်ကြားရင်း အာလင်မ် ၊ မိုဂျာဟစ်ဒ် ၏ ကွယ်လွန် ခြင်းသည် (အလွန်တရာ )နောက်ဆုံး အတိုင်းအတာ အထိ ဝမ်းနည်း ပက်လက် ဖြစ်ရ ကြောင်း မိန့် ကြားခဲ့ပါသည်။

ဆက်လက်ပြီး ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ မကာရေမ် မို ရှီးရာဇီး မှ မိန့်ကြား တော် မူသည်မှာ - ဤ အာလင်မ်ရဗ်ဗာနီ ( အဟောနှင့်အလုပ် ညီမျှသည့် အာလင်မ်) သည်မိမိ၏ ကျက်သရေ မင်္ဂလာ ရှိသည့် ဘဝ သက်တမ်း ကို အမြဲတမ်း အစ္စလာမ် နှင့် မက်သဗ် အဲဟ်လေ့ဘိုက်(သ) (အ.စ) ကိုခုခံ ကာကွယ်မှု ပြုရတွင် ထိပ်ဆုံး တန်းမှ ပါဝင် ဆောင် ရွက်ခဲ့ကြောင်း မိန့်ချွေခဲ့ပါသည်။ ပြီးနောက် မရ်ဟွမ်သည် အစ္စလာမ်မစ်တော်လှန်ရေး ၏ အနှိမ့် အမြှင့်ခရီး စဉ်တွင်လည်း မည်သည့်အခါ မှ လမ်းကြောင်း မလွဲ ဘဲ (မားမားမှတ်မှတ်) ရပ်တည်ခဲ့သူများတွင် ပါဝင် ခဲ့ပြီး အေမာမ်ခိုမေနီ (ရ.ဟ) နှင့် အစ္စလာမ်မစ်တော်လှန်ရေးကို အမြဲ ထောက်ခံ ခဲ့ပြီး သစ္စာ ရှိခဲ့သူ ဖြစ်ကြောင်း မိန့်တော် မူခဲ့ပါသည်။
ဆက်လက်ပြီး ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ မကာရေမ် မို ရှီးရာဇီး မှ ဟဇရသ် အာယာသွလ္လာဟ်  မဲဟ်ဒဝီကနီသည် တက္ကသိုလ်တွင် အဖိုးတန် တပည့် အမြောက်အများ ကို ပြုစု ပျိုးထောင်ခဲ့ ကြောင်းကိုလည်း  မိန့်ကြားခဲ့ပါသည်။
ဟဇရသ် အာယာသွလ္လာဟ်  မဲဟ်ဒဝီကနီ ၏ အလ္လာဟ်အမိန့်ခံယူတော်မူခြင်း အတွက် ဟောင်ဇေ အေလ်မီယေ များ နှင့် ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ၏ ပြည်သူ ၊ပြည်သားများ အားလုံး ကို ဝမ်းနည်း ကြေကွဲ ဖြစ်ရ ကြောင်း ကိုပါ မိန့် ကြားခဲ့ပါသည်။


ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ နူးရ်ရီ ဟမ်ဒါနီ နှင့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက် အလဝီးဂိုရ်ဂါနီ ၊ဟဇရသ် အာယာသွလ္လာဟ်အလ်အွဇ်မာဂျအ်ဖရ်ဆိုဗဟာနီ ၊ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဂျဝဒ်အာမိုလီ တို့မှလည်း အသီးသီး  ဟဇရသ် အာယာသွလ္လာဟ်  မဲဟ်ဒဝီကနီ ၏ အလ္လာဟ်အမိန့်ခံယူတော်မူခြင်း အတွက် နှင့် ၎င်း ပတ်သက်ပြီး မိန့်ကြားခဲ့ ကြပါသည်။


ဟဇရသ် အာယာသွလ္လာဟ်  မဲဟ်ဒဝီကနီ သည် ပြီးခဲ့သည့် အောက်တိုဘာလ ၂၁ရက် အင်္ဂါနေ့ ၏ မနက်အချိန် တွင် တီဟီရန် မြို့ ရှိ ရှဟီးဒ်ရေဂျာအီး ၏ ဆေးရုံး တွင်ဆေးကုသမှုခံယူတော်မူရင်း သက်တော် ၈၃ နှစ် တွင် အလ္လာဟ် ဟို အရှင်မြတ်၏ အမိန့်တော် ကို ခံယူ ခဲ့ပါသည်။ကြာသပတေးနေ့တွင် တီဟီရန် တက္ကသိုလ် ၌ ရဲဟ်ဗရ်ရေ အင်ကေလာဗ် ဟဇရသ် အာယာသွလ္လာဟ်  အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ မှ ၎င်း ၏ နမာဇ်စေဂျနာဇာ ကို ရှေ့ ဆောင်ဖတ်ရွတ် ပေးခဲ့ပါသည်။ဟဇရသ် အဗ်ဒွလ်အဇီးမ် ဟစန်နီ  ၏ ရောင်ဇာတော်တွင် ဒဖ်နာ ခဲ့ပါသည်။

မရ်ဟွမ် ဟဇရသ် အာယာသွလ္လာဟ် မဲဟ်ဒဝီကနီ (ရ.ဟ)