၂၅ နိုဝင်ဘာ ၂၀၁၄ - ၁၈:၂၀
သက်္ကဖီးရီ နှင့် အကြမ်းဖက် အစွန်းရောက် မဇ်ဟဗ်ဘီများနှင့် ရင်ဆိုင်ရန် အေလ်မီဆိုင်ရာ စဉ်းစားလက်ခံရန် ကမ်းလှမ်းချက် ၆ ချက် /

((အစွန်းရောက် နှင့် သက္က်ဖီးရီ တို့၏ မူလ အရင်းအမြစ် များ ဆိုင်ရာ အစ္စလာမ်မီ အိုလမာ အမြင် ညီလာခံ )) ပိတ်ပွဲ ၏နောက်ဆုံး တရားဟောကြားမှု အလှည့်ကြသူမှာ ဟဇရသ် အာယာသွလ္လာဟ် အလ် အွဇ်မာ ဂျအ်ဖရ် စိုဗဟာနီ ဖြစ်ပါသည်။


အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
((အစွန်းရောက် နှင့် သက္က်ဖီးရီ တို့၏ မူလ အရင်းအမြစ် များ ဆိုင်ရာ   အစ္စလာမ်မီ အိုလမာ အမြင်  ညီလာခံ )) ပိတ်ပွဲ ၏နောက်ဆုံး တရားဟောကြားမှု အလှည့်ကြသူမှာ ဟဇရသ် အာယာသွလ္လာဟ် အလ် အွဇ်မာ ဂျအ်ဖရ် စိုဗဟာနီ ဖြစ်ပါသည်။
အာယာသွလ္လာဟ်ကြီး အနေဖြင့် ညီလာခံ၏ အေလ်မီဆိုင်ရာတာဝန် ကိုယူထားသည့် တာဝန်ခံ တစ်ဦးလည်း ဖြစ်ပါသည်။ပထမဆုံး မိမိ၏ မိန့်ခွန်းတွင် ညီလာခံသို့ တက်ရောက်နေရာ ယူပေးကြသည့် သူများကို ကျေးဇူးတင် စကားဆိုခဲ့ပါသည်။
ဆက်လက်ပြီး ဟောကြားသည်မှာ - ပညာရှင်များ ၊အိုလမာတို့ အနေဖြင့် ကျွန်ုပ်တို့ ၏ မေတ္တာရပ်ခံ ဖိတ်ခေါ် မှု ကို သဘောတူခဲ့ကြပြီး  ဆောင်းပါး ကောင်းများကို ဤ ညီလာခံ အတွက် ပေးပို့ခဲ့ကြပါတယ် ...

ကမ္ဘာအတွက် အကျိုး အနိသင်ရှိမည့် ဆောင်းပါးများဖြစ်ရာ ဘာသာစကား အသီးသီး နှင့် ပုံနှိပ် ထုတ်ဝေသွားမှာ ဖြစ်ပါတယ် ... ထိုနည်းတူစွာ အိုလမာ ၏ ဖသ်ဝါများသည်လည်း ဤကိစ္စနှင့် ဆက်စပ်ပြီး  အကျိုး သက်ရောက်မှု ကို ဖြစ်စေမှာ ဖြစ်ပါတယ် ...အလ္လာဟ် ဟို အရှင်မြတ် သခင် လူကြီးမင်းတို့၏ အပင်ပန်းခံ မှု များ အစား ဆုလာဒ် ကို ချီးမြှင့်ပါစေ...

အာယာသွလ္လာဟ် စိုဗဟာနီ မှ ဆက်လက်ပြီး မိန့်တော်မူသည်မှာ - တချို့   ဆောင်းပါးများတွင် သက်္ကဖီးရီတို့ နှင့် မည်သို့ ရင်ဆိုင် ဆက်ဆံရမည် ဆိုသည့် လမ်းညွန်မှု များ ပါရှိပါတယ် ... အားကျ ကျေနပ်ဖွယ် ဟောပြောမှုများ ကိုလည်း နားတောင်းရပြီးပါပီ ..... ဤအရာများအားလုံး (ဆောင်းပါးများ ၊ဟောပြောမှုများ) ကို ရှေ့   ရှု့  ခြင်းဖြစ် ညီလာခံ သို့ တက်ရောက်လာသည့် ပုဂ္ဂိုလ် များ ဟာ သက္က်ဖီးရီတို့၏ ရာဇဝတ်မှု များ အားလုံးကို ကန့်ကွက် ရှုံ့  ချ ကြောင်း ဆိုလိုနေပါတယ် ... ပြီးနောက် အလ္လာဟ် ဟို အရှင်မြတ် သည်  ၎င်းတို့၏ လုပ်ရပ်များ (ရာဇဝတ်မှုများ)ကို လက်ခံသဘော မတူကြောင်းကို ခံယူ ထားကြ ပါတယ် ... အစ္စလာမ်မီ ဓမ္မသတ် ပညာရှင်များ ၏ အမြင်မှာလည်းဤ အဆင့်ရှိ သည် အမြင်သာ ဖြစ်ပါ တယ် ...
... အစ္စလာမ်မီ ဓမ္မသတ် ပညာရှင်များ ၏လက်ခံယုံကြည် အတည်ပြုထားသည်မှာ ရှရီအီဓမ္မသတ်အမိန့် ဖြင့်သာတစ်ဦး တစ်ယောက် ကို ((ကာဖေရ်)) ဖြစ်ကြောင်း အတည်ပြုခြင်း သာ ဖြစ်ပါ တယ် ...
ဆက်လက်ပြီး အာယာသွလ္လာဟ် ကြီး အနေဖြင့် မိမိ၏ ဟောပြောမှု ကို အရဘီ ဘာသာဖြင့် မိန့်ဆို ခဲ့လေ သည်။ ပြီးနောက် သက္က်ဖီးရီ ကိစ္စ ကို (( အဖက်ဖက်မှာ ရှုံ့ ချ ပြစ်တင် )) ပြီး (( အစ္စလာမ်မီ ဥပဒေ နှင့် မကိုက်ညီ )) ကြောင်း မိန့် ကြားခဲ့ပါသည်။
ဆက်လက်မိန့်ကြားသည်မှာ - သက္က်ဖီးရီ ဟာ ဒုက္ခတစ်ခု ဖြစ်ပါတယ် ... သောကနှင့် ရောဂါ  ဖြစ်ပါတယ် ... မွတ်စလင်မ် အသိုင်းအဝန်းမှာ ပေါ်ပေါက်နေပါပြီး .... ဤရောဂါကို ကုသဖို့ ဆေးနည်းက ဘာလဲ ?
သက္က်ဖီးရီရောဂါ ကို ကုသဖို့ ဆောင်းပါးများ ဖသ်ဝါများ ဖြင့်သာ မလုံလောက် ကြောင်းဆို သည့် အချက်ကို တင်ပြပြီး အာယာသွလ္လာဟ် ကြီး မှ မိန့်ကြားသည်မှာ - ဤအဖွဲ့၏ ဇစ်မြစ်များကို ဖော်ထုတ်မည့် အရေးကြီး အစီအစဉ်များကို တင်ပြ ပါမယ် …. ဤအတွက်ကြောင့် ကျွန်တော် အနေဖြင့် သက္က်ဖီးရီတို့၏ ဇစ်မြစ်များ နှင့်ရင်ဆိုင်နိုင်ဖို့  စဉ်းစားလက်ခံရန် ကမ်းလှမ်းချက်များ ကိုတင်ပြ မည် ဖြစ်ပါတယ် ...
ဟဇရသ် အာယာသွလ္လာဟ် အလ် အွဇ်မာ ဂျအ်ဖရ် စိုဗဟာနီ ၏ အေလ်မီ စဉ်းစားလက်ခံရန် ကမ်းလှမ်းချက် ၆ချက် ကို အကျဉ်းအား ဖြင့် အောက်ပါအတိုင်း တင်ပြအပ်ပါသည်။
အာယာသွလ္လာဟ် အနေဖြင့် သက္က်ဖီးရီတို့ နှင့်ရင်ဆိုင်နိုင်ဖို့  ပထမဆုံး အေလ်မီ စဉ်းစားလက်ခံရန် ကမ်းလှမ်းချက် အဖြင့် အစ္စလာမ် နိုင်ငံများ ရှိ ပြည်သူလူထု အား  သက်္ကဖီးရိ ဟာ  အန္တရာယ်ရှိ ကြောင်း နှင့် ပတ်သက်ပြီး အသိပေးရန် ရုပ်မြင်သံကြားများ၊သတင်းဌာနများ အုပ်စု နှင့် ဗလီများ ရှိ မင်ဘဲရ် (တရား ပလ္လင်) များ တွင် တရားဟောကြားနေသူများ မှ တာဝန်ရှိကြောင်း ဆိုထားပါသည်။
သက္က်ဖီးရီတို့ နှင့်ရင်ဆိုင်နိုင်ဖို့  ဒုတိယ အေလ်မီ စဉ်းစားလက်ခံရန် ကမ်းလှမ်းချက် အဖြင့် စစ်မှန်သည့် အစ္စလာမ်မီ ယဉ်ကျေးမှုများ တိုးတက်ပြန့်ပွား ဖို့ ကို မိန့်ဆိုထားပါသည်။
သက္က်ဖီးရီတို့ နှင့်ရင်ဆိုင်နိုင်ဖို့  တတိယ အေလ်မီ စဉ်းစားလက်ခံရန် ကမ်းလှမ်းချက် အဖြင့် အိုလမာညီလာခံများ ကျင်းပ ရန် ဖြစ်ကြောင်း ဆိုလိုထားပါသည်။
သက္က်ဖီးရီတို့ နှင့်ရင်ဆိုင်နိုင်ဖို့  စတုတ္တ အေလ်မီ စဉ်းစားလက်ခံရန် ကမ်းလှမ်းချက် အဖြင့် မဇ်ဟဗ်များ၏ ကျမ်းစာ အစစ်များ ကို လေ့လာ ဖတ်ရှု ရန် ဖြစ် သည်ဟု မိန့် ထားပါသည်။
သက္က်ဖီးရီတို့ နှင့်ရင်ဆိုင်နိုင်ဖို့  ပဉ္စမ အေလ်မီ စဉ်းစားလက်ခံရန် ကမ်းလှမ်းချက် အဖြင့် ကျောင်းသင်ခန်းစာများတွင် ပြဿနာကို ဖြစ်စေမည့် စာသားများ နှင့် သက္က်ဖီးရီ သဘောတရား ဆောင်နေသည့် စာသားများ ကို ပြုပြင် ပြောင်းလဲ ပေးခြင်း ဖြစ်သည်ဟု ဆိုထားလေသည်။
နောက်ဆုံး သက္က်ဖီးရီတို့ နှင့်ရင်ဆိုင်နိုင်ဖို့  ဆဌမ အေလ်မီ စဉ်းစားလက်ခံရန် ကမ်းလှမ်းချက် အဖြင့် အီမာန် ၊ကိုဖ်ရ်၊သောင်ဟီးဒ် ၊ရှေးရ်က် နှင့် ဗေဒ်အသ် တို့၏ ဆိုလိုချက် အဓိပ္ပာယ် ကို ဖွင့်ဆိုပေးသည့် ညီလာခံများ ကျင်းပ ခြင်းဟု၍ မိန့်ထားလေသည်။



========================================================