အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
---------------------------
ဇန်န၀ါရီ ၄ ရက်နေ့မှာ ကျရောက်တဲ့ မဟာ တမန်တော် မြတ်ကြီး ဟဇရသ် မိုဟမ္မဒ်(ဆွ) မွေးနေ့ အထိမ်းအမှတ်အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်မှာ လူထောင်နဲ့ ချီပြီး ချီတက်ခဲ့ကြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအလံကို ဝှေ့ယမ်းရင်း ဘာသာရေးကြွေးကြော်သံတွေကို တိုင်တည်ရင်းနဲ့ ချီတက် ကြပါ တယ်။
ချီတက်ပွဲမှာ ပါဝင်သူတယောက်က မဟာ တမန်တော် မြတ်ကြီး ဟဇရသ် မိုဟမ္မဒ်(ဆွ) မွေးနေ့ အထိမ်းအမှတ် ချီတက်တာ ဖြစ်သလို၊ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်၊ မွတ်စလင်တွေ ငြိမ်းချမ်းဖို့နဲ့ အကြမ်းဖက်မှု ကင်းမဲ့တဲ့ ကမ္ဘာကြီး ဖြစ်ဖို့ ဆုတောင်းပါတယ်လို့ ပြောပါတယ်။
ဒါကာမြို့တော်မှာ သာမက တခြားမြို့တွေမှာလည်း ငြိမ်းချမ်းစွာ ချီတက်ပွဲတွေ ပြုလုပ်ခဲ့ ကြတယ်လို့ ဘင်္ဂလား ဒေ့ရှ် မီဒီယာတွေမှာ ဖော်ပြပါတယ်။
မဟာ တမန်တော် မြတ်ကြီး ဟဇရသ် မိုဟမ္မဒ်(ဆွ) မွေးနေ့ ကျင်းပခြင်းဟာ IS (ခ) ဒါအေရှ် အကြမ်း ဖက် အစ္စလာမ် ခုတုံးလုပ်အဖွဲ့ အတွက် အကောင်းဆုံး အဖြေတစ်ခုဖြစ် ပြီး၊ IS (ခ) ဒါအေရှ်ကို အစ္စလာမ် ဟုသတ်မှတ်သူ များ အတွက် အကောင်းဆုံး အဖြေ ဖြစ်ပါသသည်။