အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ရဲဟ်ဗရ် အင်ကေလာဗ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ မှ ပြည် ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ ၏ ၁၃၉၄ နှစ်မြောက် နှစ်သစ်ကူး အချိန်အခါတွင် ပြည်သူလူထု အား မိုဘာရတ်ပြောကြားပြီး နှုတ်ခွန်းဆက် မိန့်ခွန်းတွင် ဒီနှစ် ၊ နှစ်သစ်ကူး အစမှဘဲ မဟာတမန် တော်မြတ် ကြီး ဟဇရသ် မိုဟမ္မဒ် (ဆွ) ၏ သမီးတော် ဟဇရသ်ဖွာတွေမာ ဇဲဟ်ရာဟ် (စ.အ) ၏ ရှဟာဒသ် နေ့ကျင်းပသည့်ရက်များနှင့် တိုက်ဆိုက်နေသဖြင့် အဲဟ်လေ့ဘိုက်(သ) (အ.စ) နှင့် ကိုယ်တော်မြတ် (ဆွ) ၏ သမီးတော် ဟဇရသ်ဖွာတွေမာ ဇဲဟ်ရာဟ် (စ.အ)သခင်မ အပေါ် အီရန် လူမျိုးများထားရှိ သည် အချစ်မေတ္တာနဲ့ ယုံကြည်ချက်အရ လုပ်ဆောင်စရာတွေ ကို အပြည့်အဝ လုပ်ဆောင်သွား ဖို့ အရေးကြီးကြောင်း မိန့်ကြားခဲ့ပါတယ်။
ကျတော် အနေဖြင့် ဤနှစ်သစ်ဟာ သခင်မကြီး ဟဇရသ်ဖွာတွေမာ ဇဲဟ်ရာဟ် (စ.အ) ၏ဘရ်ကသ် မင်္ဂလာတော်တွေနဲ့ ပြည့်ဝ နေမည်ဟု မျှော်လင့်ပါတယ်လို့လည်း မိန့်ခဲ့ပါတယ်။
ရဲဟ်ဗရ် အင်ကေလာဗ်အနေဖြင့် ပြီးခဲ့သည့် အီရန်သက္ကရာဇ် ၁၃၉၃ခုနှစ် အားခြုံ၍ သုံးသပ်ပြီး မိမိ ချစ်မြတ် နိုးရတဲ့ တိုင်းပြည် (အီရန်) အတွက် ပြည်တွင်းပြည်ပ၊ ပညာရပ်ဆိုင်ရာအခန်းကဏ္ဍအရ အရေးကြီး ဖြစ်ရပ်မှန်တွေ နဲ့ အတူပြောင်းလဲမှုတွေရှိခဲ့ကြောင်း ၊အခက်အခဲ တွေနဲ့ရင်ဆိုင်ခဲ့ရကြောင်း ဒါပေမဲ့ အခက်အခဲတွေနဲ့ အတူ တိုးတက်ဖွံ့ဖြိုး မှုတွေ ရှိခဲ့ ကြောင်း ပြောကြားခဲ့ပါတယ်။
လက်ရှိ ရင်ဆိုင်နေရသည့် အခက်အခဲ ပြဿနာများ နှင့်ပတ်သက်ပြီး ကျွန်ုပ်တို့လူမျိုးများ အနေဖြင့် သံမဏိ စိတ်ဓာတ် ပိုင်ရှင်တွေ ဖြစ်ကြောင်းကိုပြသ နိုင်ခဲ့ပါတယ်လို့ လည်း ရဲဟ်ဗရ် အင်ကေလာဗ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ မှ မိန့်ကြားခဲ့ပါတယ်။
နှစ်သစ် မှာ အီရန်ပြည်သူလူထု အတွက် ကျွန်ုပ်ရဲ့ အသီသ ဆန္ဒတချို့ ရည်ရွယ်ချက်များ ရှိကြောင်း ၊ဤ ဆန္ဒအသီသ အားလုံး ဟာ ပြည့်ဝနိုင်ကြောင်း ၊ အဲဒီရည်ရွယ်ချက်များထဲ မှာ စီးပွားရေး တိုးတက်မှု ၊အိမ်နီးချင်းနိုင်ငံများ နဲ့ ကမ္ဘာ ပေါ်မှာ အီရန်နီ ဈေးကွက် စီးပွားရေး ရဲ့ သိက္ခာ ရှိမှု ၊ မြံမြဲတည်ငြိမ်နေတဲ့ အခြေအနေ ၊နာမ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ၊ ပညရပ်ဆိုင်ရာ နှင့် သိပ္ပံဆိုင်ရာအခန်းကဏ္ဍတွေမှာ တိုးတက်အောင် မြင်မှု များ ပါဝင်ကြောင်း စသည် ဖြင့် ရဲဟ်ဗရ် အင်ကေလာဗ် မှ မိန့်ကြားခဲ့ပါတယ်။
ရဲဟ်ဗရ် အင်ကေလာဗ် အနေဖြင့် မိမိ၏ မိန့်ခွန်းတွင် အီမာန် နှင့် နာမ်ပိုင်းဆိုင်ရာ ကို ရည်ရွယ်ချက် အားလုံး ၏ အခြေခံ အုတ်မြစ် ဖြစ်ကြောင်း ဟောကြားခဲ့ပါတယ်။
မည်သည့် ရည်ရွယ်ချက်၊ရည်မှန်းချက် ကို မဆို ကျွန်ုပ်တို့ လူမျိုး များ နဲ့ အစ္စလာမ်မီ အစိုးရ အတွက် လက်လှမ်း မမှီနိုင် စရာ အကြောင်း မရှိကြောင်း ရဲဟ်ဗရ် အင်ကေလာဗ် မှ ပြောကြားခဲ့ပါတယ် ။
ရဲဟ်ဗရ် အင်ကေလာဗ်မှ အစိုးရနဲ့ပြည်သူ စည်းလုံးညီညွတ်ဖို့ အရေးကြီး ကြောင်း တိုက်တွန်း ဟောကြား ခဲ့ပါတယ် ။ အစိုးရနဲ့ပြည်သူ အကြား စည်းလုံးမှု ဟန်ချက်ညီမှု ရှိလေလေ အဲ့ဒီ စည်းလုံးမှု ဟန်ချက်ညီမှု နဲ့ အတူ ရှေ့ သို့ လှမ်းနိုင်လေလေ ၊တိုးတက်အောင်မြင်လေလေ ဖြစ်ကြောင်း ၊ အစိုးရနဲ့ ပြည်သူ နှစ်ဦးနှစ်ဖက်မှ ဒီရည်ရွယ်ချက်နဲ့ ညာသံ အတွက် အမှန်အကန် ပူပေါင်းလှုပ်ရှားကြမည်ဟု မျှော်လင့်ထားကြောင်း ၊ အစိုးရ နဲ့ ပြည်သူ အမှန်အကန် ပူပေါင်း ဆောင်ရွက်မှုလုပ်ပါက ၎င်း ဆောင် ရွက် မှု၏ ရလာဒ် များ ကို အလျင်အမြန် တွေ့ရမည် ဖြစ်ကြောင်း ဟောကြားခဲ့ပါတယ်။
ရဲဟ်ဗရ် အင်ကေလာဗ်မှပြီးခဲ့နှစ်တွင် အီရန်ပြည်သူလူထု အနေဖြင့် အစ္စလာမ်မစ်တော်လှန်ရေး အောင်မြင်သည့်နေ့ ဗဲဟ်မန်လ ၂၂ရက်နေ့ နဲ့ ယောင်မေကွတ်စ် ရမ်ဇာန်လမြတ်နောက်ဆုံး အပတ်သောကြာနေ့ တွင် အီရန် ပြည်သူလူထု မှ အပြည့်အဝ ထောက်ခံ တက်ရောက်နေရာယူခဲ့မှုကို တန်ဖိုးထားကြောင်း နှင့် ဈေးကွက် စီးပွားရေး ကဏ္ဍ ကို စနစ်တကျအမြဲတစေ ကြိုးပမ်းဖို့ အရေးကြီးကြောင်း၊ ဂရုပြုရန်လိုကြောင်း မိန့်ကြားခဲ့ပါတယ်။
==============================================