၁၄ ဧပြီ ၂၀၁၅ - ၁၉:၁၈
အမေရိကန်တွင် ၁ နှစ် ကလေးကို ၃ နှစ် ကလေးက သေနတ်ဖြင့် ပစ်သတ်

အမေရိကန်နိုင်ငံ အိုဟိုင်းအိုးပြည်နယ် ကလိဗ်လန်းမြို့မှာ အသက် ၃ နှစ်သား ကလေးတယောက်က အသက် ၁ နှစ်သား ကလေးကို ဧပြီ ၁၂ ရက်နေ့က သေနတ်နဲ့ အသေ ပစ်သတ်ခဲ့တယ်လို့ ရဲက ပြောပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

အမေရိကန်နိုင်ငံ အိုဟိုင်းအိုးပြည်နယ် ကလိဗ်လန်းမြို့မှာ အသက် ၃ နှစ်သား ကလေးတယောက်က အသက် ၁ နှစ်သား ကလေးကို ဧပြီ ၁၂ ရက်နေ့က သေနတ်နဲ့ အသေ ပစ်သတ်ခဲ့တယ်လို့ ရဲက ပြောပါတယ်။

ဒီအမှုအတွက် ၃ နှစ်သားကို တာဝန်ခံအဖြစ် ဖမ်းဖို့ မဖြစ်နိုင်ဘူး။ အိမ်မှာ သေနတ်ကို ထားခဲ့တဲ့ လူကြီးတွေကို ဖမ်းဆီးဖို့ စီစဉ်နေတယ်လို့ ကလိဗ်လန်းမြို့ ရဲမှူး ကယ်လ်ဗင် ဝီလျံစ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ကလေးအတော်များများ ကစားနေတဲ့အိမ်မှာ သေနတ်ကို ချန်ထားခဲ့တာလို့ ရဲက ပြောပါတယ်။ ဧပြီ ၁၃ ရက်နေ့ မနက်ထိတော့ ဘယ်လို ဖမ်းဆီးမှုကိုမှ မလုပ်ရသေးဘူးလို့ ရဲအရာရှိတယောက်က ပြောပါတယ်။