အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ဗီယက်နမ် တွင် အီရန် နိုင်ငံဆိုင်ရာနျူးကလီးယား ကိစ္စ သဘောတူ စာချုပ်အတွက် စာသားများ ညှိနှိုင်းဆွေးနွေး ပွဲကို သုံးရက်တာ ကျင်းပခဲ့ပါတယ်။ ညှိနှိုင်းဆွေးနွေး ပြီးနောက် အီရန် ညှိနှိုင်းဆွေးနွေးရေး အဖွဲ့ ဝင်များ တီဟီရန် သို့ ပြန်လည် ထွက်ခွာ သွားကြပြီး ဖြစ်ပါတယ် ။
ရှေ့ ဆက် နျူးကလီးယာစေ့စပ် ညှိနှိုင်း ဆွေးနွေး နောက်ဆုံး အဆင့် ဆွေးနွေးပွဲကို နယူးယောက်မြို့ တွင် ကျင်းပမည် ဖြစ်ပြီး mpt ၏ သဘောတူချက်များ အပေါ် နောက်တဖန် ပြန်လည် စိစစ်မှုများ ပြုလုပ်သွားဖို့ သဘောတူညီမှု ကို လုပ်ခဲ့ကြ ပါတယ်။
Lausanne မြို့ တွင် ကျင်းပခဲ့သည့် နျူးကလီးယာစေ့စပ် ညှိနှိုင်း ဆွေးနွေးပွဲ ပြီးနောက် ၊ စီးပွားရေး ပိတ်ဆို့ မှုများ ကိစ္စ နှင့် ပတ်သက်ပြီး ပြင်ဆင် ညှိနှိုင်းမှု ဆိုင်ရာ ဆွေးနွေးပွဲကို ပြီးခဲ့တဲ့ အပတ် ဗုဒ္ဓဟူးနေ့ က စတင်ဆွေးနွေး ခဲ့ကြခြင်း ဖြစ်ပါတယ်။
ပြည်ထောင်စု အစ္စလာမ်မစ်အီရန် နိုင်ငံ ၊ အမေရိကန်ပြည်ထောင်စု နှင့် ဥရောပ သမ္မဂ နိုင်ငံများ အကြား သဘောတူညီမှု စာချုပ်စာတမ်း နှင့် စပ်လျဉ်းပြီး မနေ့က သောကြာနေ့တွင် အစည်းအဝေးပွဲ ကို ၂ ကြိမ် တိုင် ကျင်းပ ခဲ့ကြပါ တယ်။ ဆွေးနွေးပွဲ ၏ ရလာဒ် ကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန် လာမည့်အပတ်တွင် နယူးယောက်မြို့ တွင် ဆက်လက်ဆွေးနွေး စေ့စပ် ညှိနှိုင်းသွားကြမည် ဖြစ်ပါတယ်။
ဤအတွက်ကြောင့် အီရန်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ မိုဟမ္မဒ် ဂျဝါဒ် ဇရီးဖ် နှင့် အဖွဲ့ ဝင်များ မနက်ဖန် တနင်္ဂနွေနေ့ မနက်ပိုင်းတွင် အီရန်နိုင်ငံ တီဟီရန် မြို့ မှ နယူးယောက် မြို့ သို့ ထွက်ခွာ မည် ဖြစ် ကြောင်း သိရပါတယ် ။
နယူးယောက်မြို့တွင် p5+1 နိုင်ငံများ ၏ နိုင်ငံခြားရေး ဝန်ကြီးများ နှင့် ပြည်ထောင်စု အစ္စလာမ်မစ်အီရန် နိုင်ငံ ခြားရေး ဝန်ကြီးတို့ ဖြစ်နိုင်ခြေအတိုင်းအတာ အထိ အပြန်အလှန် နျူးကလီးယားစေ့စပ် ညှိနှိုင်း ဆွေးနွေးမှုများ ကို ပြုလုပ်သွားကြမည် ဖြစ်ပါတယ် ။
လက်ရှိလောလောဆယ် အီရန် သဘောထားနဲ့ အမေရိကန် သဘောထား တို့ဟာ စီးပွားရေး ပိတ်ဆို့ မှုများ နှင့်ပတ်သက်ပြီး မိုးနဲ့မြေ ကွာခြားနေပါတယ် ။ စီးပွားရေး ပိတ်ဆို့ မှုကို အမေရိကန်မှ တဆင့်ခြင်း ရုပ်သိမ်း သွားဖို့ ရှိသော်လည်း ပြည်ထောင်စု အစ္စလာမ်မစ်အီရန် နိုင်ငံ မှ သဘောတူလက်မှတ် စထိုးတဲ့နေ့ ကစပြီး စီးပွားရေး ပိတ်ဆို့ မှုများ အားလုံးကို ရုပ်သိမ်းပေးမှ သာလျှင် သဘောတူ လက်မှတ်ထိုးဖို့ ရှိ ကြောင်း တရားဝင် ထုတ်ပြန်ကြေငြာထားပါတယ် ။
ဖက်မလိုက်တန် ပြောရမည်ဆိုလျင် ပြည်ထောင်စု အမေရိကန် ၏ အကြီးအကဲများ အကြား သဘောထားကွဲလွဲမှုများ ရှိနေပြီး ကတိမတည်မှုများရှိနေသည်ကိုတွေ့မြင်နေရပါတယ်။
Lausanne မြို့ တွင် ကျင်းပခဲ့သည့် နျူးကလီးယားစေ့စပ် ညှိနှိုင်း ဆွေးနွေးပြီးနောက် p5+1 နိုင်ငံများ နှင့် အီရန် သဘောတူ စာချုပ် မူကြမ်းကို ဖတ်ကြားခဲ့စဉ် အီရန်အပေါ် စီးပွားရေး ပိတ်ဆို့ မှုများ ကို ရုပ်သိမ်းပေးဖို့ သဘောတူထားပြီး တစ်ချိန်တည်းမှာပဲ အခြားတဖက်မှ အမေရိကန် သမ္မတနှင့် အိမ်ဖြူတော် ပြောရေးဆိုခွင့် ရှိသူ မှ စီးပွားရေး ပိတ်ဆို့ မှုကို အမေရိကန်မှ တဆင့်ခြင်း ရုပ်သိမ်းသွားမှာဖြစ်ကြောင်း တစ်ကြိမ်တည်း ရုပ်သိမ်း သွားမှာ မဟုတ်ကြောင်း ကလိမ်ကြ ကြေငြာခဲ့ပါတယ်။ အီရန်ကလည်း ချက်ချင်းမိမိသဘောထား ကို တရားဝင် အစိုးရ ရုပ်မြင် သံကြားမှတဆင့်ထုတ်ပြန်ကြေငြာခဲ့ပါတယ်။
----------------------
251 / End