အဲဟ်လေ့ဘိုက်(သ) (အ.) သတင်းဌာန ၊ အဗ်နာ
အလ်အာလန်မ်သတင်းဌာန၏ ထုတ်ပြန်ချက်အရ အီရန် ကြက်ခြေနီ လေယာဉ်အား ဆော်ဒီ တိုက် လေယာဉ် များမှ ယီမင် လေပိုင်နက်အတွင်း မဝင်နိုင်အောင် တားဆီးပိတ်ပင်မှုများ ပြုခဲ့ကြောင်း သိရှိခဲ့ရပါတယ်။
အီရန်ကြက်ခြေနီ လောယာဉ် ဟာ လူသားချင်း စာနာထောက်ထားသည့် အနေဖြင့် အဖိနှိပ်ခံ ယီမင်ပြည် သူလူထု အတွက် စားသုံးရန် ကုန်ပစ္စည်းများနှင့် ကုသရန် ဆေးဝါးများ နှင့် လူနများ သာ တင်ဆောင် လာခြင်း ဖြစ်ပါတယ်။
ဆော်ဒီ တိုက် လေယာဉ် များ၏ အတားအဆီးပြုမှုကြောင့် စနအာအ် လေဆိပ်တွင် ဆင်းသက်ရန် မအောင် မြင်ခဲ့ ဘဲ အီရန်သို့ ပြန်လှည့် လာရကြောင်း သိရပါတယ်။
မိုဟမ္မဒ် ရွဟယဗြဒ္ဒီး(န) မိုဟမၼဒ္ဒီအီရတ္ကီ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားရေးနှင့် ကြက်ခြေနီ အဖွဲ့ ဆိုင်ရာတာဝန်ခံ မှ ပြည်သူလူထု အတွက် စားသုံးရန် ကုန်ပစ္စည်းများနှင့် ကုသရန် ဆေးဝါးများပို့ပေးရန် အီရန် ကြက်ခြေနီ အဖွဲ့မှ အသင့်ရှိနေပါတယ် ။ ဒါပေမဲ့ ဝမ်းနည်းစွာဖြင့် ဆော်ဒီ အာရေဗျ ပမှ ယီမင်ကိုပို့ဖို့ ခွင့်မပေးဘဲ ပိတ်ပင်ထားကြောင်း ပြောကြားခဲ့ပါတယ်။
မိုဟမ္မဒ် အီရတ်ကီ မှ ဆက်လက်ပြောကြားပါတယ်။လေယာဉ်များ ၊ သဘောင်္များ ကို ယီမင နိုင်ငံ သို့ ဆိုက် ရောက် ခွင့်ကို မပေးထားပါ။ဝမ်းနည်းလေစွ … ယခု အချိန် ထိ ဆော်ဒီ အစိုးရမှ စစ်ဒဏ် ထိ ဒုက္ခသည်များ ကို အကူအညီအထောက်အပံ့ ပစ္စည်းများ ဆေးဝါးများ ပို့ရန်ခွင့်မပြုသေးကြောင်း ပြောကြားခဲ့ပါတယ်။
၎င်းမှဆက်လက်ပြီး အပြည်ပြည်ဆိုင်ရာ ကမ္ဘာ ကြက်ခြေနီ အသင်းမှ လည်း ၂ကြိမ် သာ ယီမင် အားဆော်ဒီ တိုက် ခိုက်မှုပြုပြီး နောက် စားသုံးရန် ကုန်ပစ္စည်းများနှင့် ကုသရန် ဆေးဝါးများ ယီမင် သို့ ပေး ပို့နိုင်ခဲ့ကြောင်း ၊ပြီးနောက် ယခု အချိန်တိုင် ဆက်လက် ပို့ခွင့် မရှိကြောင်း ၊ကယ်ဆယ်ရေး ပစ္စည်းများ မပို့ နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
မိုဟမ္မဒ် အီရတ်ကီ မှ ဆက်လက်ပြီး အီရန် ကြက်ခြေနီအသင်းမှ ဆေးဝါးများနှင့် စားသုံးကုန်များ ပါဝင် သည့် ကယ်ဆယ်ရေးပစ္စည်း ၂၄တန် ကို မတ်လ ၂၆ ရက်နေ့က ဆော်ဒီ ဖက်မှ ကျူးကျော်စစ် မတိုက်မီ ယီမင်နိုင်ငံ သို့ ပို့ပေးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
----------------------
251 / End