၁၇ အောက်တိုဘာ ၂၀၁၆ - ၁၆:၀၄
လက်ရှိ အကျော် အမော် ရှီအာ အာလင်မ် ပညာရှင်  အာယာသွလ္လာဟ် မကာရေမ် မို ရှီး ရာဇီး ရေးသားထားသည့် ဆွဟာဗာ အကြောင်း အပိုင်း (၁)

လက်ရှိ အကျော် အမော် ရှီအာ အာလင်မ် ပညာရှင် အာယာသွလ္လာဟ် မကာရေမ် မို ရှီး ရာဇီး ရေးသားထားသည့် ဆွဟာဗာ အကြောင်း အောက်ပါအတိုင်း လေ့လာ နိုင်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

သာဝက တော်ကြီးများ၏ တရားမျှတမှု (အကျင့်စာရိတ္တ)။

တမန်တော်မြတ်(ဆွ)၏ တပည့်သာဝကကြီးများသည် အထူးသီးသန့် ဂုဏ်ပုဒ်ပိုင်ရှင်များ ဖြစ်ခဲ့ကြောင်း သံသယမရှိချေ။ ဝဟီဗျာဒိတ်တော်နှင့် အာယတ် တော်များကို တမန်တော်မြတ်ကြီး၏ မွန်မြတ်သော နှုတ်တော်မှ တိုက်ရိုက်နားဆင် ခဲ့ကြသူများဖြစ်ပေသည်။ တမန်တော်မြတ်ကြီး(ဆွ)၏ ဘုန်းတန်ခိုးတော်များကို ရှုစားခဲ့သူများဖြစ်ကြပါသည်။ တမန်တော်မြတ်ကြီး (ဆွ)၏ နက်နဲ တန်ဖိုးကြီးမား သော ဩဝါဒတော်များနှင့် တမန်တော်မြတ်ကြီး (ဆွ)၏ အတုယူ ထိုက်သော ကိုယ်ကျင့်တရားများမှ အကျိုးအမြတ်ရယူခဲ့ကြသူများ ဖြစ်ကြ ပေသည်။
    သို့ဖြစ်ပါ၍ ၎င်းတို့အကြား၌ အစ္စလာမ်အတွက် ဂုဏ်ရောင်ထွန်းလင်း တောက်ပစေခဲ့သော ထူးချွန်းထက်မြက်သော ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်များလည်း ထွန်းကားခဲ့ပေသည်။ သို့သော် အရေးကြီးသော မေးခွန်း တစ်ခုသည်ကား အားလုံးသော သာဝကတော်များသည် ကြားနာမှုမရှိဘဲ၊ အယောက်တိုင်းသည် မိုအ်မင်၊ သူတော်စင်သူတော်ကောင်း၊ သစ္စာရှင်၊ ဖြောင့်မတ်မှန်ကန်သူ၊ တရား မျှတသူများ ဖြစ်ကြပါသလား? သို့မဟုတ်ပါက ၎င်းတို့အကြားတွင် မသူတော်များ လည်း ရှိခဲ့ပါသလား?

၁။ဆန်ကျင့်ဘက် သက်ဝင်ယုံကြည်မှုနှစ်ခု
ဆွာဟာဗာ သာဝကတော်ကြီးများနှင့် ပတ်သက်၍ မတူညီသော ခံယူ၊ ယုံကြည်မှု အုပ်စုနှစ်ခုရှိပါသည်။ ပထမတစ်အုပ်စုမှာ သာဝကတိုင်းသည် ခြားနားမှုမရှိဘဲ ဆွဟာဗာတိုင်းသည် သူတော်စင်၊ သူတော်ကောင်း၊ မှန်ကန်သူ၊ သီလ သမာဓိရှိသူ၊ တရားမျှတသူများဖြစ်ကြပေသည်။ ဒီခံယူမှုကို အထောက် အထားပြုကာ တမန်တော်မြတ်ကြီး(ဆွ)ထံမှ ရီဝါယတ်တော်အား မည်သည့် သာဝကပင်ဖြစ်ပါစေ မှန်ကန်ကြောင်းလက်ခံကြပေသည်။ အနည်းငယ်မျှပင် စောဒကတက်၍ မရချေ။ အကယ်၍ ၎င်းတို့အထဲမှ မမှန်မကန်သော လုပ်ရပ်များကို ပြုလုပ်ကျူးလွန်သွားပါက မလွဲမသွေရှင်းပြဖို့ (မမှားကြောင်း) တာဝန်မှ ကျွန်ုပ်တို့၏ တာဝန်ဖြစ်ပေသည်ဟု ခံယူထားပေသည်။ ဤကဲ့သို့သော အကီးသာသည် စွန္နီညီနောင်အများစု၏ ခံယူချက်ဖြစ်ပေသည်။
    ဒုတိယ အကီးသာသည်ကား သာဝကြီးများအကြား၌ ဂုဏ်သရေရှိ ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်၊ စတေးခံသူ၊ သန့်ရှင်းသန့်ပြန့်ပြီး သီလသမာဓိရှိသူများ ရှိကြပြီး တစ်ဖက်၌လည်း အရေခြုံမိုနာဖေက်၊ မသူတော်များ ရှိကြပေသည်။ ၎င်းတို့အား ကျမ်းတော်မြတ်ကုရ်အာန်နှင့် တမန်တော်မြတ်ကြီး(ဆွ)တို့ အနေဖြင့် မုန်းတီး စက်ဆုပ်ကြောင်း တွေ့ရပေသည်။
တစ်နည်းဆိုရလျှင် ဤနည်းစနစ်ဖြင့် နေရာတိုင်း၌ လူအများအကြား လူကောင်း၊ လူဆိုးရွေးချယ်သိရှိနိုင်သော စနစ်ဖြစ်ပေသည်။ သာဝကတော်ကြီး များ အတွက်လည်း ဤနည်းကို သုံးစွဲရပေမည်။ အဆုံး၌တမန်တော်မြတ်ကြီး(ဆွ)၏ သာဝကတော်ကြီးများဖြစ်နေသဖြင့် ၎င်းတို့ လုပ်ရပ်များကို ကောင်းမှုများဖြစ်ကြောင်း သတ်မှတ်ပေရမည်။ သို့သော်ဆိုလိုချက်သည် လုံးဝဧကန် မုချဖြစ်ရပ်မှန်များကို မမြင်ချင်ယောင် ဆောင်ရန်နှင့်တရားမျှတမှု၊ မှန်ကန် ဖြောင့်မတ်မှု နှင့် အမှန်တရားကို ဆန်ကျင်သူများကို အရေးမယူရန်မဟုတ်ပေ။
အကယ်၍ ဤလုပ်ရပ်အား လစ်လျူရှုမည် ဆိုပါက အစ္စလာမ်နှင့် မွတ်စလင် အတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်စေ ကာမိုနာဖေက်များ အတွက် အစ္စလာမ် အသိုင်းအဝိုင်း အတွင်း ခိုလုံဖို့ဖြစ်သွားပေမည်။
ဤအကီးသာသည် ရှီအာများနှင့် အတွေးအခေါ်ရှိသော စွန်နီညီနောင်များ၏ အကီးသာ ဖြစ်ပေသည်။
၂။ အယူသည်းအစွန်းရောက် တဇွတ်ထိုးသမားများ
အယူသည်း အစွန်းရောက် တဇွတ်ထိုး အုပ်စုတစ်စုသည် သာဝကများနှင့် ပတ်သက်၍ အပြစ်အနာအဆာ အပြောမခံပေ။ ပြောခဲ့ပါက ပြောသူမည်သူ မဆိုအား ဖောက်ပြန်သူ၊ မိုလ်ဟေက်(ကာဇေရ်)၊ မိုနာဖေက်ဟု သတ်မှတ်ကာ ၎င်းတို့အား သတ်ဖြတ်ရန်ဝင်မလေးပေ။
    အဘူရ်ဇရ်အေရဇီး၏ စာအုပ် الاصابة တွင်ဤကဲ့သို့လာရှိပေသည်။ နေရာတိုင်းတွင် တမန်တော်မြတ်ကြီး(ဆွ)၏ သာဝကတော်တစ်ပါးပါးအား မကောင်းပြောကြောင်း တွေ့ရပါက ထိုပြောသူသည် မိုနာဖေက်ဖြစ်ချေ၏။ အကြောင်းသည်ကား အလ္လာဟ်တမန်တော်မြတ်(ဆွ)၊ ကုရ်အာန်ကျမ်းတော်မြတ် သည်ဟက် (အမှန်တရား) ဖြစ်ပေသည်။ တမန်တော်မြတ်(ဆွ)ယူဆောင် လာသည် အရာရာတိုင်းသည်ဟတ်က်ဖြစ်ပေသည်။ ဤအရာများ အားလုံးကို သာဝကတော်ကြီးများသည် ကျွန်ုပ်တို့အတွက် ယူဆောင်လာခဲ့သည်။
ကျွန်ုပ်တို့ ဆန်ကျင့်ဘက်အုပ်စုသည် ကျွန်ုပ်တို့၏ သက်သေ အထောက် အထား များကို အလကားဖြစ်အောင် လုပ်ကာ ကုရ်အာန်နှင့် စွန္နတ်ကို ဖျက်သိမ်းလို ကြသည်။
    အဘ်သွလ်လ္လာဟ် မောင်ဆူလီ၏စာအုပ် حتّى لا ننخدع ၌်ပြောကြားသည်မှာ အလ္လာဟ်ဟိုအရှင်မြတ် သခင်သည် တမန်တော်မြတ်ကြီး(ဆွ)၏ အတူ ပေါင်းသင်း နေထိုင်သူများကို ဒီး(န)သာသနာကို ထိန်းသိမ်းသူများ၊ ဖြန့်ဖြူးသူများ အဖြစ် ရွေးချယ်ထားပေသည်။ ၎င်းတို့အား တမန်တော်မြတ်ကြီး(ဆွ)၏ ဝန်ကြီးများ အဖြစ် သတ်မှတ်ထားပါသည်။ ၎င်းတို့အား အချစ်ထားခြင်းကို အီမာန်နှင့် အမုန်းထားခြင်းကို ဖောက်ပြန်မှုအဖြစ် သတ်မှတ်ထားပေသည်။ အွန်မာသ်နောက်လိုက်များအတွက် ၎င်းတို့အား အချစ်ထားရန် ဝါဂျစ်ပ် ဖြစ်ပြီး၊ ကောင်းမွန်၊ မြင့်မြတ်ကြောင်းပြောဆိုနေရပေမည်။ ၎င်းတို့အကြား၌ စစ်မက်၊ ရန်ဖြစ်ပြဿနာများ ရှိခဲ့သော်လည်း တိတ်ဆိတ်စွာ နေရပေမည်။
    အမှန်တကယ် ဤပြောဆိုမှု(များ)သည် ကျမ်းတော်မြတ် ကုရ်အာန်နှင့် တမန်တော်မြတ်ကြီး၏ စွန္နတ်တော်နှင့်ဆန့်ကျင်ဘက် ဖြစ်နေကြာင်း တွေ့ရပေ လိမ့်မည်။

=========================
251/End