အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
၂၀၁၆ ဇန်န၀ါရီမှ အောက်တိုဘာလကုန်အထိ မန္တ လေးတိုင်းအတွင်းသို့ နိုင်ငံခြား သားခရီးသွားဧည့်သည်နှစ်သိန်း ရှစ်သောင်းကျော် ၀င်ရောက်ခဲ့ပြီး နှစ်ကုန်ပိုင်းတွင် လေးသိန်းခန့်အ ထိ တိုးတက်လာနိုင်ကြောင်း ဟို တယ်နှင့် ခရီးသွားလာရေးညွှန် ကြားမှုဦးစီးဌာန(မန္တလေး)မှ သ တင်းရရှိသည်။
‘‘ဒီနှစ်အောက်တိုဘာအထိ ကို ခရီးသည်အ၀င်က နှစ်သိန်းရှစ် သောင်းကျော်သွားပြီဖြစ်ပါ တယ်။ ကျန်တဲ့နှစ်လကလည်း ခ ရီးသွားရာသီရဲ့ ဧည့်သည်အ၀င် များတဲ့ကာလဖြစ်တဲ့အတွက် အ နည်းဆုံးသုံးသိန်းခွဲကနေ လေး သိန်းအထိကို ဧည့်သည်ဝင် ရောက်မှုရှိနိုင်ပါတယ်’’ဟု ဟိုတယ်နှင့်ခရီးသွားလာရေးညွှန် ကြားမှုဦးစီးဌာန(မန္တလေး)မှ ညွှန် ကြားရေးမှူးဦးစန်းယုက ပြော သည်။
မန္တလေးတိုင်းအတွင်းသို့ နိုင် ငံခြားသားခရီးသွားဧည့်သည်ဝင် ရောက်မှုနှုန်းမှာ ၂၀၁၅တွင် သုံး သိန်းခန့်သာရှိခဲ့ပြီး ၂၀၁၆ လက်ရှိအချိန်ထိ ခရီးသွားဧည့်သည်ဝင်ရောက်မှု သုံးသိန်းခန့်ရှိလာပြီဖြစ်သောကြောင့် ယမန်နှစ်ကထက် ၃၀ရာခိုင်နှုန်းကျော်တိုးတက်မှုရှိနိုင်ကြောင်းဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှသိရသည်။
‘‘ ကျွန်တော်တို့က ခရီးသည် အရေအတွက်တိုးတက်မှုထက် တန်ဖိုးရှိတဲ့ (ပိုက်ဆံများများသုံး တဲ့)ဧည့်သည်တွေလာနိုင်အောင် လည်း ကြိုးစားနေပါတယ်။အခု ကတော့ အရေအတွက်ရော၊ အ ရည်အသွေးပါ တိုးတက်မှုရှိနေ တာကို တွေ့ရပါတယ်’’ဟု ဦးစန်း ယုကပြောသည်။
လက်ရှိတွင်မန္တလေးတိုင်းအ တွင်း၌ ခရီးစဉ်သစ်အနေဖြင့် ဧ ရာဝတီလင်းပိုင်ထိန်းသိမ်းစောင့် ရှောက်ရေးစခန်းနှင့် ပုဂံဒေသရှိ ကျေးရွာနှစ်ခုတို့တွင် ရပ်ရွာလူထု အခြေပြုခရီးသွားလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး နိုင်ငံခြား သားခရီးသွားဧည့်သည်များသွား ရောက်လည်ပတ်နိုင်ရန်ဆောင် ရွက်ပေးလျက်ရှိကြောင်းဟိုတယ် နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦး စီးဌာနမှသိရသည်။
===================
251 / End
၁၃ နိုဝင်ဘာ ၂၀၁၆ - ၁၆:၄၀
News ID: 791718
၂၀၁၆ ဇန်န၀ါရီမှ အောက်တိုဘာလကုန်အထိ မန္တ လေးတိုင်းအတွင်းသို့ နိုင်ငံခြား သားခရီးသွားဧည့်သည်နှစ်သိန်း ရှစ်သောင်းကျော် ၀င်ရောက်ခဲ့ပြီး နှစ်ကုန်ပိုင်းတွင် လေးသိန်းခန့်အ ထိ တိုးတက်လာနိုင်ကြောင်း ဟို တယ်နှင့် ခရီးသွားလာရေးညွှန် ကြားမှုဦးစီးဌာန(မန္တလေး)မှ သ တင်းရရှိသည်။