၂၀ နိုဝင်ဘာ ၂၀၁၆ - ၁၇:၂၈
မုံရွာတွင် ဘယ်လ်ဂျီယံဇနီးမောင်နှံ မေ့ကျန်ခဲ့သော ခရီးဆောင်အိတ်ကို သုံးဘီးယာဉ်ပိုင်ရှင် ပြန်လည်ပေးအပ်

မုံရွာမြို့တွင် ဘယ်လ်ဂျီယံ နိုင်ငံသား ဇနီးမောင်နှံမေ့ကျန်ခဲ့ သော ခရီးဆောင်အိတ်ကို သုံးဘီးယာဉ်ပိုင်ရှင် သားအဖက နိုဝင်ဘာ ၁၈ ရက်၌ မုံရွာမြို့ အမှတ် (၁၇) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးတွင် ပြန်လည်ပေးအပ်ခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မုံရွာမြို့တွင် ဘယ်လ်ဂျီယံ နိုင်ငံသား ဇနီးမောင်နှံမေ့ကျန်ခဲ့ သော ခရီးဆောင်အိတ်ကို သုံးဘီးယာဉ်ပိုင်ရှင် သားအဖက နိုဝင်ဘာ ၁၈ ရက်၌ မုံရွာမြို့ အမှတ် (၁၇) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးတွင် ပြန်လည်ပေးအပ်ခဲ့သည်။

မုံရွာမြို့ စက်မှုဇုန်ရပ်ကွက် နယ်မြေ (၆)၊ မြကန်သာရပ်တွင် နေထိုင်သော သုံးဘီးယာဉ်ပိုင်ရှင် ဦးခင်မောင်အေးနှင့် သမီးမဟန်နီထွန်းသည် ဘယ်လ်ဂျီယံနိုင်ငံသား ဇနီးမောင်နှံ နိုဝင်ဘာ ၁၇ ရက်က သုံးဘီးယာဉ်ပေါ်တွင် မေ့ကျန်ခဲ့သော ခရီးဆောင်အိတ်ကို ပြန်လည်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

‘‘သုံးဘီးယာဉ်  ပိုင်ရှင်က လည်း ခရီးဆောင်အိတ်ကို ပြန် ပေးဖို့ ပိုင်ရှင်တွေ လိုက်ရှာနေ တယ်။ ယာဉ်ထိန်း ရဲတပ်ဖွဲ့က လည်း သုံးဘီးယာဉ်ပေါ် မေ့ကျန် ခဲ့တယ်ဆိုလို့ လိုက်ရှာကြတယ်။ ဒီ နေ့ (နိုဝင်ဘာ ၁၈ ရက်) နံနက်မှာ မုံရွာဘိုးဘွားရိပ်သာရှေ့မှာ တာဝန်ထမ်းဆောင်နေတဲ့ ယာဉ်ထိန်းရဲတပ်ကြပ် အောင်ကိုလတ်ထံ သုံး ဘီးယာဉ်ပိုင်ရှင်သားအဖက နိုင်ငံ ခြားသားမေ့ကျန်နေတဲ့ ခရီး ဆောင်အိတ်ကို ပြန်လည်ပေးအပ် ခဲ့တာပါ’’ဟု အမှတ် (၁၇) ယာဉ် ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးခင်ဇော် မြင့်က ပြောသည်။

ဘယ်လ်ဂျီယံနိုင်ငံသား Mr. Jad Despallied နှင့် ဇနီး Mrs. Anm Cdeckelbenox တို့ နှစ်ဦး သုံးဘီးယာဉ်ပေါ်တွင် မေ့ကျန်ခဲ့သော ခရီးဆောင်အိတ်အတွင်း မြန်မာငွေ ဆယ်သိန်းသုံးသောင်းကျပ်၊ ယူရို ဒေါ်လာ ၁၀၊ ဆမ်ဆောင်းစမတ်ဖုန်းတစ်လုံး၊ အမျိုးသမီး ပတ်စ်ပို့စာအုပ် တစ်အုပ်၊ မျက်မှန်အိတ်တစ်ခု၊ ARGENTA အပြည်ပြည်ဆိုင်ရာ နိုင်ငံတကာငွေထုတ်ကတ်တစ်ခု၊ အိတ်အနက်တစ်လုံးတို့ကို သက်ဆိုင်ရာတာဝန်ရှိသူများရှေ့တွင် ပြန်လည်ပေးအပ်ခဲ့သည်။

 ‘‘သုံးဘီးယာဉ်ပိုင်ရှင်က လည်း ကားလေးကွင်းသွားချင်တဲ့  နိုင်ငံခြားသားဆိုလို့ လမ်းကြုံတင် သွားတာ။ အခကြေးငွေမယူဘူး လို့ ပြောပါတယ်။ သုံးဘီးယာဉ် ပေါ် မေ့ကျန်ခဲ့တဲ့ နိုင်ငံခြားသားရဲ့ ခရီးဆောင်အိတ်ကို ပြန်ပေးဖို့ ရှာနေကြတယ်။ ယာဉ်ထိန်းရဲက လည်း သုံးဘီးယာဉ်ကိုရှာနေတုန်း သုံးဘီးယာဉ်ပိုင်ရှင်က ရိုးရိုးသား သားနဲ့ လာပြီးပြန်အပ်တယ်။ အခု သုံးဘီးပိုင်ရှင် သားအဖက နိုင်ငံ ခြားသား  ဇနီးမောင်နှံကို ခရီး ဆောင်အိတ်ပြန်ပေးတော့ သူတို့ ပျော်နေကြရှာတယ်။  ၀မ်းသာ လွန်းလို့ မျက်ရည်တွေတောင် ကျ နေတယ်’’ဟု မုံရွာမြို့ မြို့မရဲတပ် ဖွဲ့စခန်းမှူး ဒုရဲမှူး သိန်းဆွေမြင့် က ပြောသည်။

===================    
251 / End