အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နှစ်ပေါင်း (၆၀) ကျော်လောင်ကျွမ်းခဲ့တဲ့ ပြည်တွင်းစစ်မီးကို မကြာမီကာလအတွင်း ငြိမ်းစေရမယ်ဆိုတဲ့ မျှော်လင့်ချက်ရှင်သန်စေရုံသာမက အကောင်အထည်ပေါ်လာစေဖို့အတွက် ဇွဲ၊ လုံ့လ၊ ၀ီရိယတို့နဲ့ တိုင်းရင်းသားများ အားလုံးအကြား အပြန်အလှန် နားလည်မှု၊ ယုံကြည်မှု၊ လေးစားမှုတွေနဲ့ ပြုစုပျိုးထောင်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။

(၂၇၅၆) ခုနှစ်၊ သလေးထိုင်ခုတ်ဖို ပြာသိုလဆန်း(၁) ရက်နေ့ ဒီကနေ့မှာ ကျရောက်တဲ့ ကရင်အမျိုးသား နှစ်သစ်ကူးနေ့မှာ ပေးပို့တဲ့သ၀ဏ်လွှာမှာ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုခဲ့တာပါ။

===================
251 / End