၄ ဇန်နဝါရီ ၂၀၁၇ - ၁၈:၀၀
နှစ်သစ်မှာ အစိုးရရင်ဆိုင်ရဦးမယ့် ပြဿနာဟောင်းများ

ကိုးလသား ရွေးကောက်ခံအစိုးရ ၏ နှစ်သစ်ကူးကို ပြဿနာဟောင်း များကပင်ကြိုဆိုနေသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ကိုးလသား ရွေးကောက်ခံအစိုးရ ၏ နှစ်သစ်ကူးကို ပြဿနာဟောင်း များကပင်ကြိုဆိုနေသည်။
ကမ္ဘာ့အရှည်ကြာဆုံး ပြည် တွင်းစစ်အဆုံးသတ်နိုင်ရေး၊ ပြည် သူများ၏ လူနေမှုဘ၀များ တိုး တက်မြင့်မားရေးနှင့် အဂတိကင်း ပြီး စွမ်းဆောင်ရည်ကောင်းသည့် အစိုးရယန္တရားလည်ပတ်ရေး စ သည့် ပြဿနာဟောင်းများပင်ဖြစ် သည်။

မိန့်ခွန်းပြောခဲလှသော နိုင်ငံ တော်သမ္မတ ဦးထင်ကျော်၏ နှစ် သစ်ကူး နှုတ်ခွန်းဆက်အမှာစကား တွင် ၂၀၁၇ ခုနှစ်အတွင်း အစိုးရ ကြိုးပမ်းဆောင်ရွက်မည့် မူဝါဒ များကို ချပြခဲ့သည်။

ပြည်တွင်း ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင် စုဖြစ်ပေါ်ရေးနှင့် ပြည်သူတို့၏ လူ နေမှုဘ၀များ တိုးတက်မြင့်မားရေး တို့ကို ပီပြင်စွာ အကောင်အထည်ဖော်ရန် ကြိုးပမ်းမည်ဟု ပြော ကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေး စောင့်ကြည့်လေ့ လာသုံးသပ်သူများကလည်း ယင်း အချက်များကိုပင် ၂၀၁၇ အတွက် စိန်ခေါ်မှုများအဖြစ် ရှုမြင်ခဲ့ကြရာ အစိုးရဖြေရှင်းရမည့်ပြဿနာမှာ မြင်သာလွန်းလှသည်။

အထက်ပါမူဝါဒများ အောင် မြင်ရေးအတွက် အခြေခံအနေအ ထားများကိုပျိုးထောင် တည် ဆောက်နိုင်ခဲ့ပြီဟု သမ္မတက နှုတ် ခွန်းဆက်တွင် ထည့်သွင်းပြော ကြားသည်။

‘‘တကယ်တော့ အဲဒီလေး ချက်စလုံးကို ဆောင်ရွက်နိုင်မှု အ ပိုင်းမှာ အားရကျေနပ်စရာ နည်း တယ်လို့တောင် မြင်ပါတယ်’’ဟု နိုင်ငံရေးဆောင်းပါးရှင် ဒေါက် တာရန်မျိုးသိမ်းက ၎င်း၏အမြင်ကို ပြောသည်။

ပြီးခဲ့သည့်နှစ်က လုပ်ဆောင် ချက်များကို စနစ်တကျချဉ်းကပ် ပြီး အားနည်းချက်များတွေ့ရှိပါက မူရောလူပါ အပြောင်းအလဲ လုပ် ဆောင်သင့်ကြောင်း ဒေါက်တာ ရန်မျိုးသိမ်းကအကြံပြုသည်။

ငြိမ်းချမ်းရေးနှင့်ပတ်သက် လျှင် ၂၀၁၆ သည် အစကောင်း သော်လည်း အနှောင်းမသေချာခဲ့ သည့်နှစ်ဟု မြန်မာ့နိုင်ငံရေး လေ့ လာစောင့်ကြည့်သူ ဦးသန်းစိုးနိုင် ကပြောသည်။

၂၁ ရာစု ပင်လုံညီလာခံကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သော် လည်း ညီလာခံပြီးနောက် ရှမ်း မြောက်နှင့် ကချင်ပြည်နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းကို ၎င်း က ရည်ညွှန်းသည်။

‘‘ဒီအခြေအနေကို ကျော် လွှားဖို့ ကြိုးစားရတာပေါ့’’ဟု ၂၀၁၇ တွင် ကြုံတွေ့ရမည့် စိန် ခေါ်မှုကို ၎င်းကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အ နေဖြင့် အမျိုးသားပြန်လည်သင့် မြတ်ရေးစိတ်ဓာတ်ဖြင့် တပ်မ တော်နှင့် ပူးပေါင်းဆောင်ရွက်မှု အခင်းအကျင်းမှာ မူသဘောအရ ကောင်းမွန်ကြောင်း ဦးသန်းစိုးနိုင် ကပြောသည်။

‘‘ဒါပေမဲ့ လက်တွေ့အဓိပ္ပာယ် အရပြောရရင် အမျိုးသားပြန် လည်သင့်မြတ်ရေးသဘော မ ဟုတ်ဘဲနဲ့ အမျိုးသားလိုက်လျော ရေးသဘောဖြစ်နေတယ်’’ဟု ၎င်း ကသုံးသပ်သည်။

NCA လက်မှတ်ရေးထိုးပြီးမှ သာ ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ဆက်လက်ပါဝင်ခွင့်ရမည်ဟူ သည့် တပ်မတော်၏ သဘောတ ရားကို ပြင်ဆင်ကျော်လွှားနိုင် အောင် ဒီချုပ်အစိုးရက လုပ် ဆောင်နိုင်ခြင်းရှိသည်ကို မတွေ့ရကြောင်း ဦးသန်းစိုးနိုင်ကပြော သည်။

မြောက်ပိုင်းတိုက်ပွဲများနှင့် ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင် ခံရုံး၏ သတင်းထုတ်ပြန်ချက် အ ချို့တွင် တပ်မတော်ဘက်ကိုဘက် လိုက်ဖော်ပြထားသည့် ထုတ်ပြန် ချက်အချို့ကို ကြည့်ခြင်းအားဖြင့် အစိုးရအနေဖြင့် တပ်မတော်
အလို ကျ လုပ်ဆောင်နေသည်ကို တွေ့ ရကြောင်း ၎င်းကပြောသည်။

အငြိမ်းစားတပ်မတော်အရာ ရှိတစ်ဦးဖြစ်သည့် ပြန်ကြားရေးဝန် ကြီးဟောင်းဦးရဲထွဋ်ကမူ အစိုးရ က စစ်တပ်ကို အလိုလိုက်ခြင်းမ ဟုတ်ဘဲ အခြေခံဥပဒေကပေးထား သည့် တပ်မတော်၏ အခန်းကဏ္ဍ ကို အခြေခံဥပဒေ
မပြင်နိုင်သရွေ့ အသိအမှတ်ပြု ဆက်ဆံမည်ဟူ သည့်သဘောဟု သုံးသပ်ပြော ကြားသည်။

‘‘အရပ်ဘက်-စစ်ဘက်ဆက် ဆံရေးမှာ တပ်ကို လုပ်ဖော်ကိုင် ဖက်အဖြစ်မြင်ရင်၊ ၂၅ ရာခိုင်နှုန်း အနိုင်ရထားတဲ့ပါတီကို ၀န်ကြီး သုံးနေရာပေးပြီး ညွန့်ပေါင်းအစိုးရ အဖွဲ့ ဖွဲ့ထားတယ်လို့မြင်ရင် လုပ် ရတာပိုအဆင်ပြေမယ်။ ယုံကြည် မှုတည်ဆောက်နိုင်မယ်။ အရပ် ဘက်-စစ်ဘက် ဆက်ဆံရေးက တော့ ကောင်းမွန်တဲ့ အလုပ်သ ဘော ဆက်ဆံရေးပဲဖြစ်မှာပါ။ အ ခြေခံဥပဒေဘောင်ထဲကပဲ ဆက် သွားမယ့်သဘောရှိပါတယ်’’ဟု ဦးရဲထွဋ်
ကပြောသည်။

၂၀၁၇ တွင် ဒေါ်အောင်ဆန်း စုကြည်၏ ပုဂ္ဂိုလ်ရေးအရှိန်အ၀ါ ကြောင့် NLD အစိုးရအနေဖြင့် ပြည်သူအများစု၏ ထောက်ခံမှုကို ဆက်လက်ရရှိနေဦးမည်ဟု ၎င်း ကဆိုသည်။

‘‘ဒါပေမဲ့ စီးပွားရေးအခြေအ နေ တိုးတက်မှုမရှိရင်တော့ ခေါင်း ဆောင်ကို အပြစ်မမြင်ပေမယ့် အ စိုးရအဖွဲ့နဲ့ပါတီကို ဝေဖန်ထောက် ပြမှုတွေ ပိုများလာနိုင်တယ်’’ဟု ကြုံတွေ့ဖွယ်ရှိသည့် အကျပ်အ တည်းကိုထောက်ပြသည်။

၂၀၁၇ ကြားဖြတ်ရွေးကောက် ပွဲတွင် တိုင်းရင်းသားဒေသ မဲဆန္ဒ နယ်များ၏ရလဒ်က NLD အပေါ် တိုင်းရင်းသားများ၏ သဘော ထားကို တစ်စိတ်တစ်ပိုင်းထင် ဟပ်နိုင်လိမ့်မည်ဟု ၎င်းကပြော သည်။ ဒီမိုကရေစီစနစ်ခိုင်မာရန် ပါတီများအနေဖြင့် ခေါင်းဆောင် များ၏ ပုဂ္ဂိုလ်ရေးကိုမှီပြီး ရပ်တည် နေရာမှ အဖွဲ့အစည်းနှင့်မူဝါဒကို အခြေခံသည့် ပါတီဖြစ်အောင်လုပ်ဆောင်ရန် ဦးရဲထွဋ်က အကြံပြုသည်။

‘‘၁၉၄၈ ကတည်းက အခုအ ထိ အဲဒီအခြေအနေမရောက်သေး ပါဘူး’’ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံသည် အကျင့် ပျက် ခြစားမှုအများဆုံးနိုင်ငံများ စာရင်းတွင် ထိပ်ဆုံးနား၌နှစ်ပေါင်း များစွာနေရာယူခဲ့ခြင်းကြောင့် အ စိုးရသစ်၏ ၂၀၁၇ စိန်ခေါ်မှုတွင် ခြစားမှုကို လေ့လာစောင့်ကြည့် သူများက ထည့်သွင်းထားသည်။

ထို့အပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ပညာပေးကာ လ၊ စည်းရုံးသည့်ကာလ၊ အရေး ယူအပြစ်ပေးသည့်ကာလအဖြစ် ပိုင်းခြားကာ စီမံချက်ချဆောင်ရွက် သင့်ကြောင်း ဒေါက်တာရန်မျိုး သိမ်းကပြောသည်။

‘‘အဂတိလိုက်စားမှု တိုက် ဖျက်ရေးကို အားသွန်ခွန်စိုက် မ လုပ်နိုင်ရင် ဒီမိုကရေစီပြောင်းလဲ ရေးမှာ အကျိုးရှိသင့်သလောက် မရှိနိုင်ဘူးလို့မြင်တယ်’’ဟု ၎င်း က ပြောသည်။

ဝန်ကြီးခရီးစဉ်များကို လေ ယာဉ်ဖြင့်လိုက်ပါကြသော အရာ ရှိကြီးများအကြောင်းကို ဆိပ်ကြီး ခနောင်တို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က ဥပမာပေးသည်။ ပြည်ထောင်စု ၀န်ကြီးတစ်ဦး၏ မန္တလေးခရီးစဉ် ကို ရန်ကုန်မြို့မှ ဌာနဆိုင်ရာအရာ ရှိကြီးများက လေယာဉ်ဖြင့် လိုက် ပါသွားသည့်ကိစ္စကို ၎င်းက ထောက်ပြသည်။ ၀န်ကြီးရှမ်းပြည် နယ်သွားလျှင် ရှမ်းပြည်နယ်အထိ လေယာဉ်ဖြင့်လိုက်ကြောင်းပြော သည်။

‘‘၀န်ကြီးခရီးစဉ်ကို အိပ် ထောင်ထဲကနေ လေယာဉ်စီးပြီး လိုက်ရအောင် သူတို့လခဘယ် လောက်ရလို့လဲ။ ဒါက ရှင်းရှင်း လေးပဲ’’ဟု ၎င်းကထောက်ပြ သည်။

ဝန်ကြီးဌာနများ တောင်းဆို သော ဘတ်ဂျက်ကို လွှတ်တော်က ဖြတ်တောက်နေသည့်ကိစ္စမှာ ယုံ ကြည်မှုပြန်လည်တည်ဆောက်ရ မည့်ကိစ္စဖြစ်ကြောင်း ၎င်းက ပြော သည်။ အမှန်တကယ်လိုအပ်သည့် ၀န်ကြီးဌာနများကို
ဖြတ်တောက်မိပါက အလုပ်မဖြစ်တော့သည့် အခြေအနေများ ကြုံတွေ့ရနိုင် ကြောင်း ထောက်ပြသည်။

‘‘အိမ်သာဆောက်ဖို့တင်လာ တဲ့ဘတ်ဂျက်ကို ဖြတ်လိုက်တော့ အိမ်သာက အမိုးတော့ပါတယ်။ အကာမပါဘူးဖြစ်သွားတယ်’’ဟု ၎င်းက ဥပမာအနေဖြင့်တင်စား သည်။

ဝန်ကြီးဌာနများကလည်း တကယ်လိုအပ်သည့်ဘတ်ဂျက် ကို တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် တောင်းပြီး အလုပ်ဖြင့်သက်သေ ပြရမည်ဖြစ်ကြောင်း ဦးတင်ထွန်း နိုင်ကပြောသည်။

မြန်မာသည်ပြဿနာဟောင်း များကို အဖြေရှာရင်း ခရီးရှည် တစ်ခုကို လျှောက်ရဦးမည်ဖြစ် သည်။မြန်မာသည် မျှော်လင့်သည့် အရာကို အကြာကြီးနေမှ ရတတ် သည့် မှတ်တမ်းဆိုးရှိနေသည်။

အင်္ဂလိပ်တို့၏ ကျွန်အဖြစ် နှစ်ပေါင်းတစ်ရာကျော် နေခဲ့ရပြီး မှ လိုလားတောင့်တသော လွတ် လပ်ရေးကိုရခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီလှုပ်ရှားသူများသည် ဆယ်စုနှစ် သုံးခုနီးပါး ခရီးကြမ်း ဖြတ်ခဲ့ပြီးမှ မြန်မာလူထုကို ဒီမိုက ရေစီပြန်ရစေခဲ့သည်။

လွတ်လပ်ရေးရပြီးချိန်က စ တင်သော ပြည်တွင်းငြိမ်းချမ်းရေး မှာ ယနေ့အထိ မရသေးပေ။

ဒေါ်အောင်ဆန်းစုကြည် သည် နှစ်သစ်၏ ပထမဆုံးနေ့မှာ ပင် လူငယ်များနှင့် ငြိမ်းချမ်းရေး စကားဝိုင်းကိုစတင်ခဲ့သည်။

၂၀၁၇ ကို ငြိမ်းချမ်းရေးနှစ် အဖြစ် ညွှန်းဆိုပြောကြားခဲ့သည် အထိ ငြိမ်းချမ်းရေးအပေါ် မွတ် သိပ်ဆာလောင်မှုကို ပြသခဲ့သည်။

‘‘အစုအဖွဲ့တိုင်းသာ ကိုယ့် ဘက်ကပဲ ကိုယ်ကြည့်မယ်ဆို ငြိမ်းချမ်းရေးရဖို့က ခက်ပါတယ်’’ ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၇ အတွက် အကြီးမားဆုံးစိန်ခေါ်မှုကို ပြောကြားခဲ့သည်။

===================
251 / End